Business Marketing

ဘ၀မှာသူငယ်ချင်းကောင်းတွေ လိုအပ်လား?

Read 3035 times
ဘ၀မှာသူငယ်ချင်းကောင်းတွေ လိုအပ်လား?

လေ့လာဆန်းစစ်သူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရခြင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးဟုဆိုထားပါတယ်။လူလိမ်တွေပေါများလာတဲ့ ခေတ်မှာ အစစ်အမှန်နဲ့ အတုအယောင်ကို ခွဲခြားဖို့ခက်လာပါပြီ။

ဒါဆိုဘယ်လိုအရာမျိုးကို “သူငယ်ချင်းအစစ်အမှန်”လို့ခေါ်နိုင်ပါသလဲ။

အမေရိကန်စာရေးဆရာ Tom Rathရဲ့ လူတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ သူငယ်ချင်းများကို ဖော်ပြပေးထားပါတယ်။

၁။လမ်းပြသူ သူသယ်ချင်း                                      

သင်အခက်အခဲ စိတ်ရှုပ်စရာ၊စိတ်ဓါကျစရာများနဲ့ ရင်ဆိုင်ရတဲ့ အခါသင့်ရဲ့စိတ်တွေကို ကြည်လင်မှု ရရှိစေပြီးမှန်ကန်သော လမ်းကိုလျှောက်နိုင်အောင် ညွှန်ပြပေးတဲ့ သူငယ်ချင်းပါ။

၂။ဆရာနဲ့တူတဲ့သူငယ်ချင်း

ဒီသူငယ်ချင်း အမျိုးအစားတွေကတော့ ဗဟုသုတအတွေ့အကြုံများနဲ့ ပြည့်စုံပြီး သင့်ကိုအကြံဥာဏ်တွေများစွာ ပေးနိုင်ပါတယ်။ သင့်ရဲ့ဆရာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

သို့သော် သင့်ရဲ့အနားမှာ အမြဲနေပြီး သင်အားကိုး အတုယူထိုက်တဲ့ သူလည်းဖြစ်ပါတယ်။

၃။ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူအများရှေ့မှာ သင့်ကိုချီးကျူးစကားဆိုတဲ့ သူငယ်ချင်းပါ။ဒီလိုသူငယ်ချင်းမျိုးက “နင်ငါ့ကိုကူ……၊ငါနင့်ကိုကူ” ဆိုတဲ့သူငယ်ချင်းတွေပါ။

သင့်ရဲ့အခက်အခဲတွေ၊ဖိအားတွေကို လျော့ချပေးတဲ့အပြင် သူတို့ရဲ့ယုံကြည်မှုတွေက သင့်ကိုအားဖြစ်စေပါတယ်။

၎။စိတ်တူကိုယ်တူသူငယ်ချင်း

ဒီလိုသူငယ်ချင်းမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာမဟာကံထူးရှင်ပါ။ တစ်ဦးနဲ့တစ်ဦးနားလည်မှု ရရှိစေသည့်အပြင် ၀ါသနာ၊ရည်မှန်းချက်တွေကို မျှဝေခံစားနိုင်ပါတယ်။

စိတ်ကူများကိုလည်း အကောင်အထည်ဖော်နိုင်ပြီး ဘ၀ကိုပျာ်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။

၅။သင့်ကို အဖော်ပြုတဲ့သူငယ်ချင်း

ဒီသူငယ်ချင်းတွေကတော့ ကောင်းကင်ကြီးလို ကျယ်ပြန်တဲ့ ရင်ခွင်ရှိပြီး ဧ၀ရတ်တောင်လို မြင့်မားတဲ့စိတ်ထားတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။သင်လိုအပ်နေတဲ့အချိန်တိုင်းမှာ ကြိုဆိုဖို့အသင့်ရှိနေသူပါ။

သင်ရောဘယ်သူငယ်ချင်းမျိုးတွေကို ရရှိပိုင်ဆိုင်ထားပြီလဲ။

Source;Myanmar Network