Digital Marketing

မိမိရဲ့ကုန်ပစ္စည်းတွေကို Facebook Carousel သုံးပြီးကြော်ငြာချင်ပါသလား?

Read 2239 times
မိမိရဲ့ကုန်ပစ္စည်းတွေကို Facebook Carousel သုံးပြီးကြော်ငြာချင်ပါသလား?

ရောင်းချတဲ့ပစ္စည်းများကို အမြင်ရှင်းလင်းတဲ့ ကြော်ငြာမှု Design အသစ်နဲ့ အလွယ်တကူ ကြော်ငြာနိုင်မှာဖြစ်ပါတယ်။ ရောင်းချလိုတဲ့ ပစ္စည်းရဲ့ဓါတ်ပုံများ၊ အကြောင်းအရာများ၊ Link များ၊ ဆက်စပ်ပစ္စည်းများ အားလုံးကို Post Area တစ်ကွက်တည်းတွင် Slider များနဲ့လည်း ဖော်ပြပေးပါတယ်။

Carousel ရဲ့ အားသာချက်တွေကတော့ သာမန် Post များနဲ့မတူပဲ ပစ္စည်းတစ်ခုခြင်းဆီအတွက် အကြောင်းအရာ၊ ဓါတ်ပုံ၊ Website Link တွေကို အကွက်တစ်ကွက်ချင်းစီ ဖော်ပြပေးထားမှာဖြစ်ပါတယ်။ ထိုအကွက်များကိုလည်း Page တွင် နေရာအများကြီးမယူဘဲ Slider များဖြင့် ဖော်ပြပေးတာကြောင့် အမြင်ရှင်းလင်းကာ ရောင်းချမည့်ပစ္စည်းများအတွက် သင့်ရဲ့ Customer များကို ဆွဲဆောင်မှုပိုမိုရှိစေမှာ ဖြစ်ပါတယ်။

Facebook Carousel Post တစ်ခုတွင် အကွက် (၁၀)ကွက်ထိကို Slider ပုံစံဖော်ပြနိုင်ပါတယ်။ ကုန်ပစ္စည်းအမျိုးအစား (၁၀)မျိုးထည့်သွင်းနိုင်သလို ကြော်ငြာဓါတ်ပုံ (၁)ပုံတည်းကို အပိုင်းဆက်များနဲ့ အထူးအသားပေးပြီး ကြော်ငြာနိုင်ပါသေးတယ်။ ထို့ကြောင့် ကုန်ပစ္စည်းရောင်းချရန်အတွက်သာမက ကုန်ပစ္စည်းများ Advertisement ပြုလုပ်ခြင်းအတွက်လည်း Facebook Carousel ကို အသုံးပြုနိုင်ပါတယ်။

ထို Facebook Carousel Post ကို သာမန် Post များကဲ့သို့ လူသိများစေရန် Boost ပြုလုပ်နိုင်ပါတယ်။ အခြား Facebook ပေါ်မှာ ရောင်းချနေသော Online Shop များနဲ့ ကွဲပြားတဲ့ ကြော်ငြာခြင်းပုံစံအသစ်တစ်မျိုးဖြင့် လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိစေဖို့ Facebook Carousel ကို အသုံးပြုပြီးကြော်ငြာလိုက်ပါ။

Read  More>>> သိထားသင့်တဲ့ Video Marketing Strategy (၁၀)ချက်

Source; T-work