Digital Marketing

သင့်ရဲ့ Website အတွက် ဆွဲဆောင်မှုရှိတဲ့ Domain Name ရရှိဖို့ဆိုရင်

Read 1783 times
သင့်ရဲ့ Website အတွက် ဆွဲဆောင်မှုရှိတဲ့ Domain Name ရရှိဖို့ဆိုရင်

Domain name တစ်ခုရဖို့ ဘယ်လိုရွေးချယ်ရမလဲ၊ သင့်ရဲ့ Web Identity အတွက် ဘယ်လို Key အချက်အလက်တွေကို ထည့်သွင်းစဉ်းစားသင့်လဲ၊ စတဲ့မေးခွန်းတွေအတွက် Domain Hunter Gatherer အဖွဲ့ရဲ့ Key Tips တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ Domain name ကို အရှည်ကြီးမပေးပါနဲ့

Character အရေအတွက်နည်းလေ Typing ရိုက်ရတာလွယ်လေဖြစ်လို့ မိမိရဲ့ Domain Name ဟာ တိုတိုနဲ့ထိရောက်တဲ့ နာမည်ဖြစ်ဖို့လိုပါတယ်။ အကယ်၍မိမိရဲ့ Domain Name ဟာ စကားလုံးသုံးလုံးထက် ပိုနေရင်တော့ လူတွေအတွက်မှတ်မိဖို့ခဲယဉ်းပါလိမ့်မယ်။


၂။ မှတ်ရလွယ်ကူပါစေ

မိမိရဲ့ Domain Name ဟာ လွယ်လွယ်ကူကူ ရေးလို့မှတ်လို့လွယ်တဲ့ နာမည်ဖြစ်ဖို့လဲ အရေးကြီးပါတယ်။ မှတ်မိလွယ်တဲ့ Domain name တစ်ခုဟာလဲ Online မှာ မိမိရဲ့ Product or service တည်ရှိနေဖို့လွယ်ကူပါတယ်။


၃။ Local-Themed Domain

အကယ်၍ သင့်ရဲ့ Business ဟာ ဒေသတစ်ခုခုကို အစွဲပြုထားရင်တော့ အဲ့နေရာဒေသအမည်ကို သင့်ရဲ့ Domain မှာထည့်သွင်းရေးသားသင့်ပါတယ်။ Local-Themed Domain တွေဟာလဲ ကိုယ့်ရဲ့ Brand အတွက် ထိရောက်တဲ့အကြံကောင်းတစ်ခု ဖြစ်ပါတယ်။


၎။ ခေတ်စားတဲ့ စကားလုံးတွေထည့်ပါ

နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ Domain Name ဟာ Social Media တွေဖြစ်တဲ့ Facebook, Instagram, Twitter မှာရှိတဲ့ Name တွေနဲ့ ဆက်နွယ်မှုရှိရပါမယ်။ ဒါမှသာကိုယ့်ရဲ့ Brand ကို လူသိများစေတဲ့ အခွင့်အလမ်းပိုမိုရရှိမှာဖြစ်ပါတယ်။


၅။ .com site ဆိုတာမျိုးထည့်ပေးပါ

90% အထက်ရှိတဲ့ User တွေဟာ .com site တွေကို ပိုပြီး ယုံကြည်စိတ်ချကြပါတယ်။ မိမိ brand ရဲ့ အရည်အသွေးလဲတက်စေပါတယ်။ ဘာလို့လဲဆိုတော့ .com site တွေဟာ ပိုပီးယုံကြည်စိတ်ချရတဲ့ပုံပေါ်လို့ပါ။


၆။ Keywords တွေကို အသုံးချပါ

သင့်ရဲ့ Domain Name မှာပါတဲ့ Keyword တွေဟာလဲ SEO Ranking အတွက်အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့ Domain မှာပါရှိတဲ့ Keyword တွေဟာ ကိုယ့်ရဲ့ Brand ကို ရုံစူးစိုက်မှု ပိုမိုရရှိပြီး အလားအလာကောင်းစေပါတယ်။

Source; SEO Myanmar
Myanmar Advertising Directory