ကိုယ်ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ ကိုယ်တိုင် မေးခွန်းပြန်ထုတ်တတ်မှ တိုးတက်မှာပေါ့။
ဘယ်အလုပ်မှာဘဲ သွားလုပ်လုပ် မင်းဘာလုပ်နိုင်သလဲဆိုတာ စတွေ့ ရလိမ့်မယ်။ ဒီအမေးအတွက် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းမျိုးကို အစကတည်းက မိမိကိုယ်ကို ပြန်မမေးထားဘူးဆိုရင်တော့ နောင်တပဲ အဖက်တင်သွားမယ်။
ပြီးတော့ အဲ့ဒီနောင်တကလည်း မိမိရဲ့တန်ဖိုးဖြစ်သွားပါလိမ့်မယ်။
ကိုယ်ဘာမှ ရေရေရာရာမလုပ်နိုင်ရင်တော့ နေရာကောင်းဆိုတာလည်း ရှိလာမယ်မထင်ပါနဲ့ ။ လူတွေကို အလုပ်ထဲမှာ နေရာချတဲ့အခါ မင်းဘာလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းမေးပြီးမှ နေရာချတာ အကောင်းဆုံးပဲ။
ဒီလိုမလုပ်ရင် အဲ့ဒီအလုပ်ဘယ်တော့မှ မအောင်မြင်ဘူး။
လူငယ်တစ်ယောက်ဟာ တိုင်းပြည်အတွက် ငါဘယ်နေရာကတာဝန်ယူရမယ်ဆိုတဲ့ ခံယူချက်မရှိသေးသမျှ ဒီလူငယ်အလကား ဆန်ကုန်မြေလေးဘဲ။ ဒီလိုမဖြစ်ရအောင် ငါဘာလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းကို ယုံယုံကြည်ကြည်နဲ့ အဖြေတစ်ခု ပြန်ပေးနိုင်ဖို့ လိုတယ်။
အခွင့်အရေးကို စောင့်ပြီးအလုပ်မလုပ်နဲ့ ။ ကိုယ်လုပ်နိုင်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ပြီး အခွင့်အရေးကို ဖန်တီး ယူတာမှ ကောင်းတာပါ။ မိမိကိုယ်ကို ဝေဖန်ရမှာ မကြောက်စမ်းပါနဲ့ ။
အားမနာတမ်း ဝေဖန်ပြစ်လိုက်မှ လူဆိုတာ နည်းလမ်းရှာတတ်လာတာပါ။
ဒါကြောင့် မိမိကိုယ်ကို ပြန်ပြီးဝေဖန်ဖို့ ၊ မေးခွန်းပြန်ထုတ်ဖို့  အခွင့်အရေးဖန်တီးတာဟာ လူငယ်တွေအတွက် တိုးတက်ဖို့ နည်းလမ်းရှာတဲ့ အကြောင်းအရာတစ်ခုဘဲဆိုတာ သိထားရမယ်။
Read-တစိုက်မတ်မတ်ကြိုးစားခြင်းက သင့်ကိုယ်သင် အကြီးမားဆုံး သစ္စာရှိခြင်းပါ
Credit; Trueman