Digital Marketing

Personal Brandingကောင်း ရှိဖို့အတွက် ဘာတွေမလုပ်သင့်ဘူးလဲ?

Read 1489 times
Personal Brandingကောင်း ရှိဖို့အတွက် ဘာတွေမလုပ်သင့်ဘူးလဲ?

 

Unprofessional ဖြစ်သော အကြောင်းအရာ များကို social media များတွင်တင်ခြင်း

Social media များပေါ်မှာ ခံစားချက်ဆန်လွန်းသောအကြောင်းအရာများ၊ မယဉ်ကျေးသောအသုံးအနှုန်းများပါသည့် အကြောင်းအရာများကို Social Media များတွင် တင်ခြင်းဟာ မိမိရဲ့ Personal Branding ကို မှေးမှိန်စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

 

Online တွင်ဖြစ်သော ကိစ္စရပ်များတွင် တယူသန်စွဲ ပါဝင်ငြင်းခုံခြင်း

Online ပေါ်မှာ အပြောများနေတဲ့ ကိစ္စ္စတွေမှာ ပါဝင်ငြင်းခုံရင်း သူတစ်ပါးကို ပုတ်ခတ်ပြောဆိုသော အရေးအသားများ၊ မယဉ်ကျေးသော comment များပေးမိပါက မိမိရဲ့ Personal Brand ကိုထိခိုက်နိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။

 

မိမိ၏ အလုပ်အကြောင်း၊ ဖောက်သည်အကြောင်းများကို ဝေဖန်ခြင်း

မိမိရဲ့ အရင် အလုပ်အကြောင်း၊ ဖောက်သည်အကြောင်း လက်ရှိအလုပ်အကြောင်း၊ ဖောက်သည်အကြောင်းများကို ဝေဖန်တဲ့ အရာတွေကို Social Media ပေါ်မှာတင်တဲ့အခါ နာမည်တပ်ပြီးရေးတာ မဟုတ်သော်လည်း

ဘယ်သူ ဘယ်ဝါကို ရည်ညွှန်းတယ်ဆိုတာ သိသာနေတဲ့အတွက် အဲ့ဒီလိုမျိုးအကြောင်းအရာတွေကို မရေးသားသင့်ပါဘူး။

ဒီအကြောင်းအရာလေးကို ဖတ်ခြင်းအားဖြင့် Personal Branding အကြောင်းကို ပိုပြီးတော့ သိရှိသွား လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Recommended for you-စတော့ဈေးကွက်မှာ ကဝေလို့တင်စားခံရတဲ့ ၀ါရင့်ဘန့်ဖတ်(Warren Buffett)ရဲ့ လမ်းညွှန်ချက်

Source; Personal Branding

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directoryစာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1