Life Hacks

သုညကနေ စဖို့မလိုတော့ဘူး

Read 7811 times
သုညကနေ စဖို့မလိုတော့ဘူး

နေ့လည်စာစားချိန်တွေမှာ စမူဆာလာဝယ်စားလေ့ရှိကြပါတယ်။

တစ်နေ့ကျတော့ ကုမ္ပဏီရဲ့ မန်နေဂျာကလည်း စမူဆာဝယ်ဖို့အတွက် ဆိုင်ကို ရောက်လာပါတယ်။

သူဟာ စမူဆာကို တစ်ကိုက်နှစ်ကိုက်လောက် ၀ါးပြီးတဲ့နောက် စမူဆာတွေကြော်နေတဲ့ ဆိုင်ရှင်ကို မေးလိုက်ပါတယ်။

ခင်ဗျားက ခင်ဗျားဆိုင်ကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်တယ်။ စီမံခန့်ခွဲမှုလည်းအရမ်းကောင်းတယ်။

ခင်ဗျားရဲ့ ပါရမီနဲ့ အချိန်တွေကို စမူဆာရောင်းရင်း ဖြုန်းပစ်နေတယ်လို့ မထင်ဘူးလား။

ခင်ဗျားသာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်မယ်ဆို ကျွန်တော့်လို မန်နေဂျာတစ်ယောက် ဖြစ်နေပြီလို့ မထင်ဘူးလား။

ဒီတော့စမူဆာသည်ကြီးက ပြုံးရင်းနဲ့ ပြန်ပြောတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကို ပြန်စဉ်းစားကြည့်လိုက်!အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခြင်းလေးနဲ့ စမူဆာလိုက်ရောင်းတယ်။

အဲ့ဒီအချိန်လောက်တုန်းကပဲ မိတ်ဆွေအလုပ်စ၀င်မယ်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်က တစ်လကို ရူပီး 1000 လောက်ရပေမဲ့ မိတ်ဆွေကတော့ ရူပီး 10000 လောက်ရမယ်။

ခုကျွန်တော်တို့တွေ ဖြတ်သန်းလာတဲ့ ၁၀ နှစ်အတွင်းမှာ ပြောင်းလဲမှုတွေဖြစ်လာတယ်။

ကျွန်တော်က နာမည်ရတဲ့ ဆိုင်တစ်ဆိုင်ပိုင်နေပြီး မိတ်ဆွေကတော့ မန်နေဂျာကြီး ဖြစ်နေပြီ။

ဒါပေမယ့် မိတ်ဆွေက ရူပီး ၁ သိန်းဝင်တယ်ဆို၊ ကျွန်တော်ကလည်း အဲ့လောက်ဝင်ငွေရှိတာပဲ။

ဒါကြောင့်ကျွန်တော့်အလုပ်က ပိုကောင်းတယ်လို့ ပြောလို့ရတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂတ်ကြောင့်ပဲ။

ကျွန်တော်က ကျွန်တော့် အလုပ်ကို အနည်းဆုံးသောဝင်ငွေကနေ စခဲ့ပေမယ့် ကျွန်တော့်သား၊သမီးတွေကတော့ အဲ့လို သုညကနေ စဖို့မလိုတော့ဘူး

သူ့ကိုခိုင်မာတဲ့ စီးပွားရေးတစ်ရပ် ကျွန်တော်ပေးနိုင်ပြီ။

ဒါပေမယ့် မိတ်ဆွေရဲ့ ကလေးတွေကတော့ ဒီလိုမဟုတ်ဘူး။ မိတ်ဆွေဖြတ်သန်းလာခဲ့သလိုပဲ။ သူတို့လဲ အစကနေ ပြန်လည်ဖြတ်သန်းရဦးမယ်။

မိတ်ဆွေရဲ့ သားသမီးတွေက မန်နေဂျာတွေဖြစ်လောက်တဲ့ အချိန်မှာ ကျွန်တော့်သားသမီးတွေက ဒီလုပ်ငန်းကို တိုးချဲ့နေပြီး သူဌေးလေးတွေတောင် ဖြစ်နေလောက်ပြီ။

ဒီတော့ ပြောစမ်းပါဦး။ ဘယ်သူက အချိန်နဲ့ ပါရမီတွေကို အလကားဖြုန်းပစ်နေလဲဆိုတာ။

ဒီတော့မှ မန်နေဂျာကြီးဟာလည်း နှုတ်ဆိတ်လို့ ပြန်ထွက်သွားပါတယ်။

ဒီဇာတ်လမ်းလေးဟာ စွန့်ဦးတီထွင်ချင်သူတွေ၊ ကိုယ်ပိုင်စီးပွားရေးနဲ့ ဘ၀ကို ရပ်တည်လိုသူတွေအတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခုဖြစ်ပြီး ၀န်ထမ်းဘ၀နဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ကို နှိုင်းယှဉ်သုံးသပ်ပြသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်တာနဲ့ လစာကောင်းကောင်းနဲ့ ၀န်ထမ်းလုပ်တာ ၂ ခုရွေးရမယ်ဆို သင်ဘာကိုရွေးမလဲ?

ကိုယ်ပိုင်လုပ်ငန်းဆိုတာ တည်ထောင်ခါစမှာသာ သုညကစ၊ အမှားတွေနဲ့ တော်တော်ရုန်းကန်ရပေမယ့် ကိုယ့်ရဲ့ နောက်မျိုးဆက်တွေကတော့ ဘယ်တော့မှကိုယ့်လိုမျိုး သုညက စဖို့မလိုတော့ပါဘူး

Read-အောင်မြင်ခြင်း ခရီးစဉ်စဖို့ ရင်ထဲက အသံကို အရင်နားထောင်ပါ

Credit; Momolay