Life Hacks

အလုပ်မလုပ်ရတိုင်း သက်တာတယ်လို့မထင်လိုက်ပါနဲ့!

Read 490 times
အလုပ်မလုပ်ရတိုင်း သက်တာတယ်လို့မထင်လိုက်ပါနဲ့!

ကိုယ်သက်သာတယ် ဆိုတဲ့ အတွေးနဲ့ နေတဲ့ သူတွေရှိပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် သက်သာရင်ပြီးရော ဆိုတဲ့ လူတွေ လောကမှာ အများကြီးပါ။

သူတို့တွေးနေသလို သက်သာတာတော့ ဟုတ်ပါတယ်။ သို့သော် ကိုယ်မှာ များစွာ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ကိုယ်တိုင်မသိလိုက်တာတွေ ရှိပါတယ်။

အလုပ်တစ်ခုကို တကယ်လုပ်ကြည့်တော့မှ အခက်အခဲတွေ တွေ့ရတာတွေ ပြဿနာတွေ လက်တွေ့ ကိုင်တွယ်ခိုင်းတော့မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားပြီး ဖြေရှင်းရင်းနဲ့ အလုပ်တစ်ခုကို လုပ်တတ်တဲ့ အကျင့်တစ်ခု ဖြစ်လာတာပါ။

မလုပ်ရင်မတတ်ဘူး။ လုပ်မှ တတ်မှာပါ။

ရှောင်ဖယ် ရှောင်ဖယ်လုပ်နေရင် အထက်လူကြီးက သတိထားမိလာတယ်။

သူခိုင်းလို့သာ လုပ်နေရတယ်၊ စိတ်က အလုပ်မှာ သိပ်မရှိဘူး ဆိုတာ သိလာတယ်။

ဒီလို သိလာတဲ့ အတွက် ကိစ္စတစ်ခုကို ခိုင်းတော့မယ် ဆိုရင် အဲ့ဒီလိုလူမျိုးကို သိပ်မစဉ်းစားတော့ပါဘူး။

သူကိုယ်တိုင်တောင် မသိလိုက်ပဲ နစ်နာသွားတာပါ။

လူကြီးတစ်ယောက်ရဲ့ ယုံကြည်မှု မရတာဟာ ၀န်ထမ်းတစ်ယောက် အတွက် အနစ်နာဆုံးအရာလို့ ဆိုရပါလိမ့်မယ်။

ဒီလိုနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေကိုသာ အထက်လူကြီးက ခိုင်းနေတဲ့အတွက် မသိမသာ ဘေးကို တဖြည်းဖြည်း ရောက်သွားတတ်ပါတယ်။

လူကြီးက လုပ်ချင်တဲ့သူကိုသာ ခိုင်းလိုတယ်။

ခိုင်းမှ လုပ်မယ်၊ မခိုင်းရင် သက်သာတယ်လို့ ထင်နေတဲ့ ၀န်ထမ်းကို ခန့်ထားမိလျှက်သား ဖြစ်နေလို့ စာနာထောက်ထားပြီး ဆက်လက်ခန့်ထားခြင်းဖြစ်ပါတယ်။

သူ့ကိုတော့ အားမကိုးရသူတစ်ယောက်အနေနဲ့ စိတ်ထဲမှာ ထင်မှတ်နေမှာပါ။

ဒီလို အထင်ခံရတာ ၀န်ထမ်းတစ်ယောက် အနေနဲ့ များစွာ နစ်နာပါတယ်။

ဘ၀ရှေ့ရေး အာမခံချက်လည်း နည်းသွားတယ်။

ဘယ်နေရာ ရောက်သွားသွား ဒီပုံနဲ့ဆို ကြာရှည်ခံဖို့ မလွယ်ကူပါဘူး။

ကိုယ်ကျိုးကိုပဲ စဉ်းစားနေမယ်၊ သက်သာရင်ပြီးရော၊ လုပ်ပေးဖို့ ၀န်လေးနေမယ်ဆိုရင် အလုပ်က သင်သွားတယ် ဆိုတဲ့ အရာကို လုံးဝခံစား လိုက်ရမှာ မဟုတ်ပါဘူး။

အထက်လူကြီးဆိုတာ အမြဲတစေ့တစောင်းကြည့်နေတတ်ပါတယ်။

ကြိုးစားချင်စိတ် မရှိသူ၊ ကူညီလိုစိတ်မရှိသူ၊ ကိုယ့်အကျိုးလောက်ပဲ ကြည့်နေတဲ့ သူတွေကို ဘယ်လူကြီးမှ အားကိုးမှာ မဟုတ်ပါဘူး။

သွက်သွက်လတ်လတ်နဲ့ အလုပ်ချိန်မှာ မခိုမကပ်ပဲ တက်ကြွစွာ မိမိလုပ်ဖော်ကိုင်ဖက်အချင်းချင်းကို ကူညီသင့်တယ်ဆိုတာလည်း ယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်။

အမြဲ ကောင်းဖို့ ကြိုးစားပါ။

ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေကြတာဟာ ကျွန်တော်တို့ ဘ၀တွေအတွက် အလုပ်လုပ်ကြတာပါ။

ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်ရတယ်၊ အများကြီး ခိုင်းတာ ခံရတာတွေက နောင်တစ်ချိန် ကျွန်တော်တို့ကို လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားမှု အရင်းအနှီးတွေပါ။

Read-ဘယ်အသက်အရွယ်မှာ အလုပ်လုပ်ရတာ ပင်ပန်း ငြီးငွေ့လာတာလဲ???

Credit; Novel Htay