Andrew ကတော့ Facebook ရဲ့ကြော်ငြာရေးရာ ကိစ္စရပ်များတွင် လတ်တလော ခေါင်းခံ ဖြေရှင်းနေသူဖြစ်ပြီး သူဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်သော ကြော်ငြာများကို အကောင်းမြင်စိတ်နဲ့သာ ကြည့်ရှုသူတစ်ဦး ဖြစ်ပါတယ်။Andrew က သူ့ရဲ့ Facebook စာမျက်နှာပေါ်တွင် နိုင်ငံရေးကြော်ငြာများနဲ့သက်ဆိုင်သော စာလုံးရေ ၂၅၀၀ ပါ စာစဉ်တစ်စောင်ကို ရေးသားခဲ့ပါတယ်။
ထိုစာစဉ်ထဲတွင် Andrew ရေးသားခဲ့တာကတော့ Donald Trump နဲ့ပတ်သက်သောကိစ္စများ ၊ ရုရှားဝင်ရောက်စွက်ဖက်ခြင်းကိစ္စရပ်များ ၊ ထို့အပြင် Cambridge စစ်တမ်းဆိုင်ရာများ ၊ Facebook အသုံးပြုသူ သန်းပေါင်း ၈၇ မီလီယံရဲ့အချက်အလက် အကြမ်းဖျဉ်း အကြောင်းအရာများ နှင့် ကြော်ငြာ Target နဲ့ ပတ်သက်ပြီး ၂၀၁၆ တွင် Donald Trump လုပ်ဆောင်ခဲ့ပုံများကို အသေးစိတ်ရေးသားထားတာလည်းဖြစ်ပါတယ်။
Andrew အဓိကရည်ရွယ်ပြီးပြောခဲ့တာကတော့ ၂၀၁၆ နိုင်ငံရေးကြော်ငြာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ခြင်းအားဖြင့် Facebook ရဲ့advertising tools ကို Donald Trump လောက် မည်သူကမှ ကောင်းမွန်စွာ အသုံးပြုနိုင်တာ မတွေ့တာကြောင့်ပဲဖြစ်ပါတယ်။
Andew ထပ်မံရေးသားတာကတော့ Trump က မယုံနိုင်စရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်သွားတာပါ။Trump အဖွဲ့သားတွေက သတင်း အတုအယောင်တွေ တင်ကာ ဆွဲဆောင်ခြင်း မဟုတ်ပါဘူး ။ သူတို့တွေက ကြော်ငြာ Target ကို ခပ်နိမ့်နိမ့် မျှော်မှန်းထားသူတွေလည်းမဟုတ်ပါဘူး။အခုတစ်မျိုး တော်ကြာတစ်မျိုး လူအမျိူးမျိုးကို မျိူးစုံပြေအာနေသူတွေလည်းမဟုတ်ပါဘူး သူတို့တွေက Facebook ရဲ့advertising tools ကို ကောင်းစွာ အသုံးပြု အသုံးချ တတ်သူတွေဖြစ်ပြီး ဖန်တီးမှုပိုင်းဆိုင်ရာကို လူအများ အကြိုက် အလိုက် ချ ပြ နိုင်သူတွေ ဖြစ်ပါတယ်။
Andew က သူ့ရဲ့စာစဉ်မှာ Cambridge Analytica က လှည့်ကွက်တစ်ချို့ရှိပေမဲ့ ကျွန်တော်တို့သိထားပါတယ်ဒီအချိန်မှာကျွန်တော်တို့သိထားတာက ၎င်းတို့တွေက သူုတို့ကိုယ်သူတို့ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ် သူတို့အနေနဲ့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုရင်တော့ါ သူတို့ကိုလက်ခံသူ Client လျော့နည်းသွားမှာဖြစ်တယ် လို့ ရေးသားခဲ့ပါတယ်။
ကျွန်တော်တို့လည်းသိပ်တော့မပြောနိုင်ပါဘူး ဘာလို့ဆို သူတို့အနေနဲ့က Facebook ရဲ့ အရင် Data-Set ဖြင့် အလုပ်လုပ်နေသောသူများ ဖြစ်လို့ပါပဲ ဆိုကာ စာစဉ်ထဲတွင် အဆုံးသတ် ရေးသားထားတာ တွေ့ရပါတယ်။