Marketing

Dunkin’ Donuts ကို နာမည်ကျော်စေတဲ့ Marketing ဗျူဟာ

Read 3072 times
Dunkin’ Donuts ကို နာမည်ကျော်စေတဲ့  Marketing ဗျူဟာ

 

ဆိုလ်းမြို့ရဲ့ Dunkin’ Donuts ဆိုင်တွေရှိတဲ့ လမ်းကြောင်းပေါ်က ဘတ်စ်ကား တစ်ချိှု့မှာ

ကော်ဖီနံ့ အလိုလျောက် ဖြန်းပေးတဲ့ spray ဘူးလေးတွေ တပ်ထားလိုက်ပြီး Dunkin’ Donut ရဲ့ ကြော်ငြာ ကားပေါ်မှာဖွင့်လိုက်တိုင်း ကော်ဖီနံ့ကို ဖြန်းစေပါတယ်။

ကားပေါ်က လူတွေက ကော်ဖီနံ့လေးနဲ့ ကားစီးပေါ့။

ဘတ်စ်ကား စီးပြီး ကားပေါ်ကဆင်းတာနဲ့ မလှမ်းမကမ်းမှာ Dunkin’ Donuts ဆိုင်ကိုတွေ့တော့ စားဖို့ စိတ်ကူးပေါက်တဲ့လူတွေကဝင်စားကြပါတယ်။

ဧပြီလလောက်မှာ campaign ကို အဆုံးသတ်ပြီး ရလဒ်ကို ပြန်တွက်ကြည့်တဲ့အခါ အံသြစရာရလဒ်ကိုတွေ့ရပါတယ်။

campaign လုပ်နေတဲ့ကာလအတွင်းမှာ ဘတ်စ်ကားဂိတ်တွေနဲ့ မလှမ်းမကမ်းက ဆိုင်တွေရဲ့ရောင်းအား ၁၆ရာခိုင်နှုန်း တက်လာပြီးတော့

Dunkin’ Donuts ရဲ့တစ်မြို့လုံးရောင်းအား ၂၉ ရာခိုင်းနှုန်းထောင်တက်သွားတာကို တွေ့ရပါတယ်။

Dunkin’ Donuts အဆိုအရတော့ campaign ကာလမှာ ကားပေါ်ကလူပေါင်း သုံးသိန်းခွဲလောက်ကို ကော်ဖီရနံ့ရအောင် ဖြန်းခဲ့တယ်ဆိုပါတယ်။

ဒါလေးကတော့ Dunkin Donut ကစမ်းသပ်ခဲ့တဲ့ရနံ့ကိုအသုံးပြုပြီး စားသုံးသူတွေကိုဆွဲဆောင်တဲ့ နာမည်ကျော် marketing ဗျူဟာတစ်ခုဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း ဖတ်ပြီးတော့ အကြံညဏ်သစ်တွေ တိုးပွားပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်...။

Recommended for you-customer ကို ထပ်ခါတလဲလဲ ၀ယ်အောင်ဘယ်လိုလုပ်မှာလဲ???

Source; NAO