Global

COVID-19ကာလအတွင်း Face Maskဟာ ကြော်ငြာကိရိယာအသစ်တစ်ခုအဖြစ် ရပ်တည်

Read 2070 times
COVID-19ကာလအတွင်း Face Maskဟာ ကြော်ငြာကိရိယာအသစ်တစ်ခုအဖြစ် ရပ်တည်

 

Coronavirusကူးစက်မှုကို တားဆီးရန်အတွက် လူအများရှေ့ထွက်ရတဲ့အခါ Face Maskတွေ၀တ်ဆင်ဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့်Brandတွေဟာ သူတို့ထုတ်ကုန်တွေနဲ့အတူ face maskတွေပါ ထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။

 

Kiano Kiddies မှJacob Amaguluက Face Maskတွေက သူတို့ရဲ့နောက်ဆုံးပေါ် ကြော်ငြာနည်းတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Amaguluက စီးပွားရေးလုပ်ငန်းတွေအတွက် Face Maskတွေကြော်ငြာခြင်းက သူတို့အမှတ်တံဆိပ်တွေအတွက် ထုတ်ကုန်အသစ်တစ်ခု သာမက Face Maskပေါ်မှာ အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားခြင်းက Brandကို ကြော်ငြာပြီးသားလည်း ဖြစ်ပါတယ်။

 

"အမှတ်တံဆိပ်ဆိုတာက မည်သည့် စီးပွားရေးလုပ်ငန်းအတွက်မဆို အမည်တစ်ခုဖြစ်ပြီး ကြော်ငြာဆိုင်းဘုတ်တစ်ခုဖြစ်ပါတယ်။ ဖောက်သည်တွေနဲ့ ၀န်ထမ်းတွေက Face Maskကို သွားရင်းလာရင်း နေရာတိုင်းလိုလိုမှာ ၀တ်ဆင်ခြင်းက သင့်အမှတ်တံဆိပ်ကို ကြော်ငြာပေးရာလည်း ကျပါတယ်"

 

"Face Maskများဖန်တီးခြင်းက ကုမ္ပဏီတွေအတွက် အလွန်ကောင်းမွန်တဲ့ တီထွင်ဖန်တီးနိုင်မှုတစ်ခုဖြစ်တယ်"

 

"COVID-19 ကူးစက်ရောဂါကြောင့် ကုမ္ပဏီတော်တော်များများဟာ အကြီးအကျယ်ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လူများစွာဟာ စိတ်ဓာတ်ကျလာပြီး သူတို့ရဲ့ဖန်တီးမှုအတွေးအမြင်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ ကုမ္ပဏီတွေက တစ်ဦးနဲ့တစ်ဦးဆွဲဆောင်မှုရှိစေမယ့် အမှတ်တံဆိပ်Face Maskတွေကို ဖန်တီးဖို့ တစ်ယောက်ကိုတစ်ယောက်စိန်ခေါ်နေကြတာကို တွေ့ရတော့ ပျော်မိပါတယ်"လို့ Amaguluက ပြောကြားခဲ့ပါတယ်။

 

"COVID-19 ကူးစက်ပျံ့နှံ့နေတဲ့ ဒီခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး စကားပြောဖို့အတွက် Face Maskတွေကို သုံးနေကြရပါတယ် " လို့ အနုပညာရှင် BenKamatiကဆိုပါတယ်။

 

Kamatiက ပတ်၀န်းကျင်အတွက် အကျိုးဖြစ်စေပြီး ကုန်ကျစရိတ်သက်သာတဲ့ ပြန်သုံးနိုင်တဲ့ Face Maskတွေကိုသာ ထုတ်လုပ်တဲ့သူဖြစ်ပြီး ၎င်းFace Maskတွေက အသုံးပြုပြီးတိုင်း ဆေးကြောပြီး ပြန်သုံးနိုင်လို့ရမှာ ဖြစ်ပါတယ်။

 

Mike Angulaက အမှတ်တံဆိပ်ရဲ့Face Maskတွေ ၀ယ်လိုအားမြင့်တက်လာတာက ကောင်းပါတယ်။သို့သော် Face Maskတွေက ဘေးကင်းဖို့လိုအပ်ကြောင်း ကုမ္ပဏီတွေကိုပြောကြားခဲ့ပါတယ်။

 

"တံဆိပ်တပ်ထားတဲ့ Face Maskတွေက ဆွဲဆောင်မှုရှိပါတယ်။ ဒါကFace Maskတွေ ၀တ်ဆင်ရတာ ပိုပျော်ဖို့ကောင်းစေတဲ့အချက်တစ်ခုပါပဲ။ သင်ကြိုက်နှစ်သက်တဲ့ အမှတ်တံဆိပ်တွေကို သင်ရဲ့Face Maskတွေပေါ်မှာ ရိုက်နှိပ်ထားခြင်းက အလွန်ကောင်းပါတယ်။ သင်အကြိုက်ဆုံးအမှတ်တံဆိပ်တွေကို တစ်ဖက်တစ်လမ်းက ကြော်ငြာပေးတာနဲ့အတူတူပါပဲ။ အမှတ်တံဆိပ်Face Maskတွေက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖောက်သည်တွေအတွက် အလွန်ကောင်းတဲ့ ဖန်တီးမှု တစ်ခုပါ"

 

"နမီးဘီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များစွာက ဖောက်သည်တွေကို ၎င်းတို့ရဲ့ Face Maskတွေကို မှန်ကန်စွာနှင့်ဘေးကင်းစွာ ဝတ်ဆင်ဖို့ တိုက်တွန်းနေကြပါတယ်"လို့ Mike Angulaက ပြောကြားခဲ့ပါတယ်။

 

Resource:XinhuaNet