လုပ်ငန်းအများစုက လုပ်ငန်းအသစ်တိုးချဲ့လုပ်ကိုင်ဖို့ကို ခက်ခဲနေကြသော်လည်း လုပ်ငန်းတိုးချဲ့ကာ ထူးထူးခြားခြား အောင်မြင်နေတဲ့လုပ်ငန်းများအနက်မှ လုပ်ငန်းလေးခုကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
၁။ Grab နည်းပညာသုံး အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း

စင်ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဆော့ဖ်ဝဲအသုံးပြု တက္ကစီအငှားဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါတယ်။ လမ်းပေါ်တွင် လက်တားပြီး ကားငှားသည့်စနစ်နဲ့ ယဉ်ပါးနေတဲ့ ရန်ကုန်သားများအတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် တက္ကစီငှားခြင်းကို Grab က ယူဆောာင်လာခြင်းဖြစ်သည်။ သွားမည့်ခရီးစဉ် လမ်းကြောင်းအလိုက် ကျသင့်ငွေတစ်ပါတည်း မြင်ရကာ Grab ဆော့ဖ်ဝဲကို မိုဘိုင်းဖုန်းတွင်ထည့်ကာ ငှားလိုသည့် ခရီးလမ်းကြောင်းကို ညွှန်ပြခြင်း၊ ကျသင့်ငွေနဲ့ ယာဉ်မောင်းအချက်အလက်များ မိုဘိုင်းဖုန်းတွင် ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် မိနစ်ပိုင်းအတွင်း အိမ်ရှေ့ရောက်လာမယ့် Grab အငှားယာဉ်ပေါ် တက်ထိုင်ကာ ကျသင့်ငွေပေးချေပြီး စကားတစ်ခွန်းမျှ ပြောစရာမလိုဘဲလိုရာ ခရီးရောက်နိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။
၂။ Genius ကော်ဖီ

ကော်ဖီသောက်သုံးတဲ့ ဓလေ့များထွန်းကားခြင်းမရှိတဲ့ နိုင်ငံတစ်ခုမှာ ကော်ဖီဈေးကွက် အကောင်အထည်ဖော်ခြင်းဟာ စိတ်ကူးတစ်ခုသာဖြစ်ပါတယ်။ Instant Coffee လို့ခေါ်တဲ့ အသင့်သောက်ကော်ဖီမစ် ထုတ်များကလည်း ဈေးသက်သက်သာသာနဲ့ ဈေးကွက်အသာ စီးရထားချိန်တွင် ရှမ်းပြည်နယ်ရွာငံအရပ်ဒေသမှ ကော်ဖီများကို ပြည်တွင်းနှင့် ပြည်ပသို့ ထိုးဖောက်နေတဲ့ လုပ်ငန်းတစ်ခုရှိနေပါတယ်။ ဒီကော်ဖီကတော့ ဉာဏ်ကြီးရှင်ကော်ဖီလို့ခေါ်တဲ့ Genius ကော်ဖီဖြစ်ပါတယ်။
Online ကနေ ငွေချေးနိုင်တော့မယ့် ဒီဂျစ်တယ်အသေးစားချေးငွေ Smart Credits Plus
၃။ Amara Digital Marketing Agency ဒစ်ဂျစ်တယ်အွန်လိုင်း ကြော်ငြာလုပ်ငန်း

Digital Marketing လို့ခေါ်တဲ့ အွန်လိုင်းကြော်ငြာလုပ်ငန်းဟာ ခေတ်နှင့်အညီပြောင်းလဲလာသော လူနေမှုပုံစံအရ ပေါ်ပေါက်လာတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အွန်လိုင်းကြော်ငြာလုပ်ငန်းဟာ မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း အောင်မြင်လာပါတယ်။ စင်ကာပူတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေမှာ ပါဝင်နိုင်ရန် မချမ်းမြေ့ခိုင်က အမရာဒစ်ဂျစ်တယ် အွန်လိုင်းကြော်ငြာလုပ်ငန်းကို ၂၀၁၅ နှစ်ကုန်ပိုင်းတွင် စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။
၎။ Yangoods မြန်မာလက်မှု ဒီဇိုင်း အရောင်းဆိုင်

Yangoods ကတော့ ဖက်ရှင်ပစ္စည်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို မြန်မာမှုပုံရိပ်များနဲ့ အဓိကထုတ်လုပ်ထားတဲ့ ဖက်ရှင်ဆိုင်ဖြစ်ပါတယ်။ အမျိုးသမီး လက်ကိုင်အိတ်များအပါအ၀င် အမှတ်တရ လက်ဆောင်ပစ္စည်းအမျိုး ၁,၀၀၀ ကျော် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုလက်ရာများကို ကမ္ဘာကသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ Yangoods မှ တာဝန်ရှိသူတစ်ဦီးကပြောပါတယ်။
Myanmar Advertising Directory