How To

eComReg System အသုံးပြုနည်းသင်တန်း အခမဲ့ ဖွင့်လှစ်ပေးမည်

Read 4285 times
eComReg System အသုံးပြုနည်းသင်တန်း အခမဲ့ ဖွင့်လှစ်ပေးမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ eComReg System အသုံးပြု၍ မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် eComReg System အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပေးမည်

 

 အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (OnlineSales) လုပ်ငန်းဆောင်ရွက်သူများ eComReg System အသုံးပြု၍ Online Sales မှတ်ပုံတင်လျှောက်ထားရာတွင် အချက်အလက် ဖြည့်သွင်းမှုများ မှန်ကန်စွာဖြည့်သွင်းလျှောက်ထားနိုင်ရန်အတွက် “eComReg စနစ်အသုံးပြုနည်းသင်တန်း” ကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည် - 

 

သင်တန်းအစီအစဉ်

 

(၁) သင်တန်းနေ့ရက်

အပတ်စဉ် အင်္ဂါနေ့၊ သောကြာနေ့ (၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ)

 

(၂) သင်တန်းအချိန်

နေ့လည်(၁၃:၀၀) မှ (၁၅:၀၀) နာရီထိ

 

(၃) သင်တန်းနေရာ

Virtual online(Zoom အပလီကေးရှင်း)

 

(၄) သင်တန်းကြေး

အခမဲ့

(၅) လျှောက်လွှာပေးပို့ရန် email

[email protected]

 

(၆) လျှောက်လွှာလက်ခံမည့်ရက်

လျှောက်လွှာကြေငြာသည့်ရက်မှ (၈-၁၂-၂၀၂၃) အထိ

 

စည်းကမ်းချက်များ

 

(၁) လျှောက်ထားသူသည် လျှောက်လွှာတွင် အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းရန်နှင့် အချက်အလက် မှန်ကန်ကြောင်း တာဝန်ယူရမည်။

 

(၂) လက်ရေးဖြင့် ဖြည့်သွင်းပါက ရှင်းလင်းပီသစွာရေးသွင်းရမည်။

 

(၃) သတ်မှတ်ရက် ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများ လက်ခံခြင်း မပြုပါ။

 

(၄) ပေးပို့လျှောက်ထားမည့် email နှင့်လျှောက်လွှာတွင် ဖြည့်သွင်းသည့် email တူညီရမည်။

 

(၅) အချက်အလက်မပြည့်စုံခြင်း၊ ရှင်းလင်းခြင်းမရှိသည့် လျှောက်လွှာများအား လက်ခံ စဉ်းစားမည်မဟုတ်ပဲ email / တယ်လီဖုန်းတို့ဖြင့်လည်း အကြောင်းပြန်ကြားပေးမည် မဟုတ်ပါ။

 

(၆) လျှောက်ထားလာသည့် သင်တန်းသားဦးရေပေါ် မူတည်၍ သင်တန်းတက်ရောက်နိုင်မှု အခြေအနေအား ပေးပို့လျှောက်ထားလာသည့် email သို့ (သင်တန်းတက်ရောက်ရန် Zoom Link နှင့်အတူ) အကြောင်းပြန်ကြားပေးသွားမည်။

 

( ၇) သင်တန်းသားဦးရေ ကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းများတွင်သာ တက်ရောက် ခွင့်ရရှိမည်။ အသေးစိတ်စုံစမ်းလိုပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန


 

 

406972806_754363656735997_6151433544000343710_n.jpg

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL