Outdoor Advertising

ကားပါကင်ခပေးချေစက်များတွင်ငွေကြေးအစား ပလက်စတစ် ပုလင်း တောင်းခံ

Read 2463 times
ကားပါကင်ခပေးချေစက်များတွင်ငွေကြေးအစား ပလက်စတစ် ပုလင်း တောင်းခံ

 

ဘာကြောင့် အခုလိုပေးချေ ရတာလဲ။အခုလို ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက် တွေကတော့ -

တကယ်တမ်းမှာ အဆိုပါ လုပ်ငန်းစုတွေဟာ သဘာ၀ပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားတာခြင်း၊လူအများအတွက် အသိပညာတိုးပွားစေရုံသာမကလူ့အဖွဲ့အစည်းအပေါ်ကောင်းကျိုးသက်ရောက်စေသည့်ကြိုးပမ်းမှုတစ်ဖြစ်စေရန်၊ Hyundai Kona ကားအသစ်ကို လူတွေ သိစေရန် စက်များတွင်စတေကာကပ်ကာ မိတ်ဆက်ခြင်း တို့ ဖြစ်ပါတယ်။

 

နည်းလမ်းဗျူဟာများ 
========

 

စပိန်မှာဆို ပြန်လည် အသုံးပြုခြင်း Recycling ကို လက်ဝါးကြီးအုပ်ထားတယ်။ နိုင်ငံသားတိုင်းအတွက် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိန်းဖို့ တာဝန်တွေရှိနေကျတာမို့နိုင်ငံသားတိုင်းက ပြန်လည်အသုံးပြုခြင်း Recycling ကိုလုပ်ကိုင်ကြတယ်။

 

Hyundai မှ လည်း အခုဆို သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး စနစ်တကျကို ပိုပြီး တိုးတက်စေချင်တယ်။ ပြီးနောက် နိုင်ငံခြားသားတွေအသုံးပြုတဲ့ အများသုံး ကားပါကင်တွေဖြစ်တဲ့ Sanxenxo နဲ့ Pontevedra တို့တွင် ငွေကြေးအစား ပလက်စတစ်ပေးချေတဲ့ စက်များအသုံးပြုသည်။ အဆိုပါကားပါကင်များသည် နွေရာသီတွင်လူထူထပ်များပြားသဖြင့် ပလက်စတစ်ဖောင်းကြွမှု မရှိစေရန် ထိုသို့ ပြုလုပ်ကြောင်းလဲသိရပါသည်။

 

ကားပါကင် အခ ပေးချေ စက်ထဲကို ပလက်စတစ်ပုလင်းတွေကို လက်ခံနိုင်တဲ့ ကိရိယာကို တပ်ဆင်ခဲ့တယ် ၊ ကားလာရပ်သူတွေ အနေနဲ့ ကမ်းခြေ နားမှာရှိတဲ့ ကားပါကင်မှာ ကားရပ်ချင်ရင် ပလက်စတစ်ဘူး ပေးဆောင်ရမည် ပလက်စတစ်ဘူး အရေအတွက်နဲ့ လိုက်ကာ ကားရပ်သူရဲ့ ကားရပ်နားခွင့်ရမည့် အချိန်ကို သတ်မှတ်ပေးသည်။ဒါဟာ သဘာ၀ပတ်ဝန်းကျင် အကျိုးပြုရာလည်း ရောက်သလို ၎င်းတို့ရဲ့ Brand ကို လူသိအောင်ကြော်ငြာ ရာလည်း ရောက်တယ်လို့ သိရပါသည်။

 

 

Myanmar Advertising Guide