Digital Marketing

အကျိုးသက်ရောက်မှု ရှိတဲ့ Facebook Ads Campaign တစ်ခုဖန်တီးမယ်ဆိုရင်

Read 1427 times
အကျိုးသက်ရောက်မှု ရှိတဲ့ Facebook Ads Campaign တစ်ခုဖန်တီးမယ်ဆိုရင်

အားလုံး သိထားကြတဲ့အတိုင်း Facebook မှာ ကြော်ငြာတဲ့အခါ Campaign တစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ Specific Objective တွေအရ လိုအပ်သလို ချိန်ညှိကြော်ငြာနိုင်ပါတယ်။ အထိရောက်ဆုံး Facebook Campaign တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက်၊ Campaign အတွက် အသုံးပြုမယ့် Content ပေါ်မှာများစွာ မှီတည်သလို မိမိ Campaign ရည်ရွယ်ချက်ကို သေချာသိဖို့၊ မှန်ကန်တဲ့ Campaign Objective ရွေးချယ်မှုဖြစ်ဖို့၊ Audience ရွေးချယ်မှုမှန်ကန်ဖို့တွေဟာ အလွန်အရေးကြီးတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ Client တွေအတွက် Effective ဖြစ်တဲ့ Campaign လေးတွေ ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ Facebook Ads Campaign Objective လေးတွေနဲ့ ရွေးချယ်မှုပုံစံလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။


လက်ရှိမှာတော့ Facebook ကနေ Brand awareness, Reach, Traffic, Engagement, App install, Video views, Lead generation, Messages, Conversions, Product catalog sales, Store visits ဆိုပြီး မိမိ Campaign ရဲ့ ရည်ရွယ်ချက်နဲ့ အကိုက်ညီဆုံး ရွေးချယ်ကြော်ငြာနိုင်တဲ့ Objective စုစုပေါင်း (၁၁) ခုကို Offer ပေးထားပါတယ်။ ဒီ (၁၁) ခုထဲမှာ အောက်မှာဖော်ပြထားတဲ့ ၃ခုကတော့ အသုံးပြုလို့ အဆင်ပြေဆုံးပါပဲ။


၁။ Raising Awareness

Awareness အရေအတွက် Reach အရေအတွက် ရချင်တဲ့ Campaign တွေအတွက် အကျုံးဝင်းပြီး Brand Awareness နဲ့ Reach ဆိုတဲ့ Campaign လေးတွေ ပါဝင်ပါတယ်။


၂။ Consideration

Post တွေမှာ Engagement (React, Comment, Share) တွေပိုရပြီး ပရိတ်သတ်ကြီးနဲ့ ချိတ်ဆက်ချင်တယ်၊ Website (သို့) မိမိ Page ကို Traffic များများရစေချင်တယ်၊ App Download အရေအတွက်တွေ မြင့်တက်စေချင်တယ်၊ Video view တွေ များများရချင်တယ်၊ Future Campaign တွေမှာ အသုံးပြုရန် (သို့) Customer တွေနဲ့ အမြဲမပြတ်ဆက်သွယ်နိုင်စေရန် Customer တွေရဲ့ Data တွေ Collect လုပ်ဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပြီး Traffic, Engagement, App Install, Video Views, Lead Generation, Message အစရှိတဲ့ Campaign Objective လေးတွေ ပါဝင်ပါတယ်။


၃။ Conversion

ဒီ Objective ကတော့ မိမိ ရောင်းချင်တဲ့ ကုန်ပစ္စည်းနဲ့ လိုက်လျောညီထွေဆုံး Call to Action တွေနဲ့အတူ Payment Information တွေ၊ ဝယ်ယူခြင်းဆိုင်ရာ အချက်အလက်တွေ ဖော်ပြပြီး မိမိ Website (သို့) App တွေအတွက် အထိရောက်ဆုံး Action တွေ ရယူလိုသော Online Shop တွေ၊ Ecommerce လုပ်ငန်းတွေအတွက် အသင့်တော်ဆုံး ရွေးချယ်စရာဖြစ်ပြီး Conversion, Product Sales, Store Visits အစရှိသော Campaign Objectives လေးတွေ ပါဝင်ပါတယ်။


Source; Digital Minds

Myanmar Advertising Directory