Global

Elon Musk ရောင်းတဲ့ ဒေါ်လာ ၂၅၀ တန် တက်ကီလာ Brand

Read 1477 times
Elon Musk ရောင်းတဲ့ ဒေါ်လာ ၂၅၀ တန် တက်ကီလာ Brand

 

နှစ်နှစ်ကြာပြီးနောက် သူ့ဟာသဟာ တကယ်လက်တွေ့ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်လောက်က Tweet မှာ သူဟာ Teslaquila တံဆိပ်နဲ့ တက်ကီလာအရက် ထုတ်လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်မှာ မိတ်ဆက်ချိန်မှာ Teslaquila နာမည်နဲ့ ထုတ်လုပ်တော့ မရခဲ့ပါဘူး။တက်ကီလာထုတ်လုပ်တဲ့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ မက္ကဆီကိုတစ်နိုင်ငံပဲ ရှိပါတယ်။ မက္ကဆီကို တက်ကီလာစည်းမျဉ်းထိန်းသိမ်းရေးကောင်စီ CRT ဟာ တက်ကီလာအရက်တွေရဲ့ အရည်အသွေးကနေ ထုတ်လုပ်မှုအထိ စည်းကြပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ CRT အနေနဲ့ Teslaquila ဟာ မူလစကား Tequila နဲ့ ထင်ယောင်ထင်မှားဖြစ်စေတယ်ဆိုပြီး အမှတ်တံဆိပ်မှတ်ပုံတင်မှုကို ပယ်ချခဲ့ပါတယ်။

 

CRT ဘက်က ပယ်ချမှုကြောင့် Teslaquila တံဆိပ်ကနေ Tesla Tequila အဖြစ် ပြန်ပြောင်းခဲ့တာပါ။ ပုလင်းပုံစံကတော့ မိုးကြိုးသွားပုံစံ ခပ်ဆန်းဆန်းဒီဇိုင်းနဲ့ လာပါတယ်။ အယ်လ်ကိုဟောပါမှု ၄၀% ရှိတဲ့ Tesla Tequila ၇၅၀ မီလီလီတာ တစ်ပုလင်းကို ဒေါ်လာ ၂၅၀ နှုန်းနဲ့ ရောင်းချခဲ့တာပါ။ စပြီးရောင်းတဲ့ နိုဝင်ဘာပထမအပတ်မှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ Tesla Tequila ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ဒေါ်လာ ၂၅၀ တန် တက်ကီလာကတော့ ဈေးကြီးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း Tesla က ထုတ်ထားလို့ သူ့ပရိသတ်နဲ့သူ ရှိမှာတော့ အမှန်ပါပဲ။

 

Elon Musk Will Fight Back Tequila Industry to Win 'Teslaquila' Name

 

Kwee