Digital Marketing

အီးမေးလ်ဈေးကွက်မြှင့်တင်ရေး

Read 1708 times
အီးမေးလ်ဈေးကွက်မြှင့်တင်ရေး

 

သင်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာသင့်စားသုံးသူများအားပြန်ဆွဲဆောင်ဖို့၊ ဒါမှမဟုတ်“ ပုံမှန်” စီးပွားရေးကာလမှာသင့်ရဲ့ဈေးကွက်ကိုချဲ့ထွင်ဖို့ကြိုးစားနေတာမျိုးလား ဆိုတာကို သင်အရင်သိရှိအောင် လုပ်ရပါမယ်ပြီးမှ ၊ သင့်စားသုံးသူတွေက သင်ရဲ့ စတိုးဆိုင်၊ ဝက်ဘ်ဆိုက်၊ စားသောက်ဆိုင်၊ ရုံးခန်းစသည်တို့ကို လာရောက် အားပေးနိုင်ရန် သွေးဆောင်ဖို့ အကောင်းဆုံးနည်းလမ်းက ဘယ်လိုလဲဆိုတာ သင့်အနေနဲ့ အမေးရှိလာနိုင်ပါတယ်။

 

ဒီအဖြေကိုတော့ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ထိုအချင်းအရာကို မားကတ်တင်း လို့ဆိုနိုင်ပါတယ်။ သို့သော် မားကတ်တင်းက လွယ်ကူတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး ။ မားကတ်တင်းရဲ့တစ်စိတ်တစ်ပိုင်းမှာ နည်းလမ်းအသွယ်သွယ်ရှိတာကို တွေ့နိုင်ပါတယ်။သင့်အတွက် ရင်းနှီးမြှပ်နှံမှုကို ထိရောက်စေသော မားကတ်တင်းကတော့ အီးမေလ်း မားကတ်တင်းပဲဖြစ်ပါတယ်။

 

AWeber ရဲ့ တည်ထောင်သူနဲ့ ဖောင်ဒါဖြစ်သူ Tom Kulzer ရဲ့ပြောကြားချက်အရ အီးမေလ်း မားကတ်တင်းရဲ့ အသုံးဝင်မှုမှာ တီထွင်ဆန်းသစ်ရန်နဲ့ လမ်းဖောက်ရန်ဟု ပြောကြားပါတယ်။၆၆ ရာခိုင်းနှုန်းသော မားကတ်တင်းပြုလုပ်တဲ့ သူတွေက သူတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို လူသိစေရန် နဲ့ ပရိသတ်တွေနဲ့ အထိတွေ့ရှိနေစေဖို့မားကတ်တင်းပြုလုပ်နေခြင်းသာဖြစ်ပါတယ်။

 

Aweber မှ စစ်တမ်းကောက်ချက် အရ စစ်တမ်းဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက အီးမေးမားကတ်တင်းမှသူတို့၏စီးပွားရေးလုပ်ငန်းများအတွက်“ အရေးကြီးသည်” သို့ “ အလွန်အရေးကြီးသည်” ဟုစစ်တမ်းဖြေဆိုသည်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်များအနေဖြင့်ယေဘုယျအားဖြင့်အီးမေးလ်ဈေးကွက်ရှာဖွေရေး၏အရေးပါမှုကိုအသိအမှတ်ပြုကြသော်လည်း ၆၀ ရာခိုင်နှုန်းကသာသူတို့၏ကိုယ်ပိုင်အီးမေးလ်ဈေးကွက်ရှာဖွေရေးနည်းဗျူဟာများကို“ ထိရောက်သော” (သို့)“ အလွန်ထိရောက်သော” ဆိုတာ စစ်တမ်းမေးခွန်းတစ်ရပ်ကို ၂၆% ကဖြေဆိုထားပါသည်။

 

Email အစောင်အများကြီးကို တပြိုင်ထဲဘယ်လိုပို့မလဲဆိုရင် SendGrid , Aweber , GetResponse , MailChimp စတဲ့ Email Marketing Tools တွေကျွန်တော်တို့သုံးဖို့လိုပါတယ်။အဲ့တာဆိုကျွန်တော်တို့ ၁ဝဝဝ ပို့မလား ၁ဝဝဝဝ ပို့မလား ကြိုက်သလောက်ပို့လို့ရပြီ။ နောက်တစ်ခု အဲ့လို Email Marketing လုပ်ဖို့အတွက် ထောင် နဲ့ သောင်း နဲ့ ချီတဲ့ Email တွေက ဘယ်ကရမလဲ??? Marketers တွေ Bloggers တွေဟာ သူတို့ Website ၊ Blog တွေမှာ Email Subscribe Form ကတဆင့် Email တွေစုကြပါတယ်။

 

နောက်ပြီး Online ပေါ်မှာ Email တွေ ဝယ်ရောင်းလုပ်တဲ့ Service Website တွေကလည်း ဝယ်လို့ရနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့ Industry တူတဲ့ Company တွေနဲ့ Email Exchange လုပ်လို့လဲရနိုင်ပါတယ်။ နောက်ဆုံးတစ်ခုက Online မှာ Email Address တွေ Data Mining လုပ်တဲ့ Tools တွေလည်းရှိပါတယ်။

 

ကိုယ်နဲ့ Industry တူတဲ့ Website ၊ Blog ၊ Company တွေနဲ့ Email Exchange လုပ်ခြင်း၊ ပီးတော့ ကိုယ့်ရဲ့ Website ၊ Blog တွေမှာ Email Subscribe Form ထားပြီး Email စုတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာကိုယ့်ရဲ့ Customer ဖြစ်နိုင်ဖို့ Chance ပိုများပါတယ်။သင့်အနေနဲ့တားဂတ်တစ်ခုမရှိပဲ အီးမေလ်းမားကတ်တင်းက ထိရောက်မှု ရှိသည် မရှိသည်ကို သင်မတွေ့ရှိနိုင်ပါ။

 

Myanmar Advertising Guide