Business Marketing

ဘာကြောင့် Emotional Intelligence မြင့်မားသူတစ်ယောက်လို့ ခေါ်ဆိုတာလဲ?

Read 3328 times
ဘာကြောင့် Emotional Intelligence မြင့်မားသူတစ်ယောက်လို့ ခေါ်ဆိုတာလဲ?

သူတို့မှာတွေ့နေကြဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့

အကူအညီတစ်ခုပေးတိုင်း သူများဆီကရယူလိုချင်တဲ့စိတ်ကို မျှော်ကိုးနေတာမဟုတ်ဘဲ ပင်ကိုယ်စိတ်ရင်းကိုက ပေးဆပ်လိုစိတ်ကို ပိုင်ဆိုင်ထားသူတွေပါ။

ဖြစ်ပျက်လာတဲ့ အရာတွေကိုလည်း ကိုယ့်စိတ်နဲ့နှိုင်းပြီး မျှဝေခံစားပေးနိုင်သောစိတ်များဟာ မွေးရာပါဗီဇတစ်ခု အနေနဲ့ပါဝင်လာသူတွေပါ။

ကလန်ကဆန်လုပ်သူများ၊ လူ့ဂွစာများနဲ့ ဆုံတွေ့ခဲ့ရင်တောင် သူတို့ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ သည်းခံစိတ်တွေကို နည်းဗျူဟာကျကျအသုံးချပြီး ထွက်ပေါက်တစ်ခုရအောင်ပြုလုပ်နိုင်တဲ့ စိတ်စွမ်းအားမြင့်မားသူတွေပါ။

သူတစ်ပါးရဲ့ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်သလို ကိုယ်တိုင်လည်းပျော်ရွှင်အောင်နေတတ်ပြီး ပျော်ရွှင်စေတဲ့ အကြောင်းအရာတွေကို မှတ်သားလေ့ရှိသူတွေပါ။

အခြေအနေနဲ့အချိန်အခါကို သေချာစဉ်းစားပြီး ဖြစ်ချင်တာထက် လုပ်သင့်လုပ်ထိုင်တဲ့ အရာတွေကိုပြုလုပ်နိုင်သော အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူတွေပါ။

Real life & Career life ကိုဟန်ချက်ညီစွာ လှုပ်ရှားရုန်းကန်နိုင်သူတွေပါ။

အရှိကိုအရှိတိုင်း လက်ခံတတ်ပြီး ကျေးဇူးတင်နေတတ်သူများဖြစ်သည်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတယ်ဆိုရင် လူအများကအပြစ်မြင်တတ်ကြပေမဲ့ သူတို့ကတော့ ဒီရေတစ်ဝက်ရလို့ အကောင်းမြင်ပြီး ကျေးဇူးတင်နေတတ်သူတွေပါ။

Read-ဘ၀စာမျက်နှာတွေကို အတောက်ပဆုံးဖြစ်အောင် ပြုလုပ်ပေးမည့် ခက်ခဲတဲ့ဆုံးဖြတ်ချက်များ

Source; Newsletter Articles