How To

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် Social Media ကို ဘယ်လိုအသုံးချမလဲ

Read 2624 times
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် Social Media ကို ဘယ်လိုအသုံးချမလဲ

ဒါပေမယ့် Social Media ကိုသုံးပြီး အလုပ်အတွက်အထောက်အပံ့ရအောင် အကျိုးရှိရှိ သုံးတတ်တဲ့သူက မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့လုပ်ငန်းဆောင်တာတွေအတွက် Social Media ကို ဘယ်လိုအသုံးချသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အရင်ဦးဆုံးမှန်ကန်တဲ့ Social Media Platform ကို ရွေးချယ်ပါ။ ရွေးချယ်ပြီးရင်ဆိုရင်တော့ သင့်ရဲ့ကိုယ်ပိုင် Personal Brand ကို ပေါ်လွင်အောင်တည်ဆောက်ပါ။ ဒီလို တည်ဆောက်မှသာ အလုပ်ငှားရမ်းတဲ့သူတွေက သင့်ကိုသတိထားမိပြီး ငှားရမ်းလာကြမှာ ဖြစ်ပါတယ်။

သင်က Social Media ကို အသုံးချပြီး အလုပ်လုပ်နေတဲ့သူဆိုရင်လည်း Follower တွေ မျက်စိနောက်တာမျိုး မဖြစ်အောင်လို့ Activity တွေကို မကြာခဏ အရမ်းကြီးတင်တာမျိုး မလုပ်ပါနဲ့။ တစ်နေ့ကို တစ်ပို့စ် ဒါမှမဟုတ် နှစ်ပို့စ်လောက်ထိပဲ တင်ပါ။ အဲဒီထက်ပိုတင်မိတာမျိုး မဖြစ်ပါစေနဲ့။

ဒါ့အပြင် ဒီနေ့ခေတ်မှာ ကိုယ်ရဲ့ Social Media ဟာ Business Card လိုမျိုး အသုံးဝင်တဲ့အတွက် ကိုယ်ကဘယ်လိုအလုပ်အကိုင်တွေကို ဝါသနာပါပြီးပြောင်မြောက်အောင် လုပ်နိုင်တယ်ဆိုတာကို မြင်သာအောင် ကိုယ်ရဲ့ Social Media မှာ ပေါ်လွင်အောင် ဖော်ပြပါ။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ရှိနေရင်လည်း သီးသန့် Page တစ်ခုထောင်ပါ။ ကိုယ်လက်ရှိသုံးနေတဲ့ Facebook နဲ့ စီးပွားရေးလုပ်ငန်းကို ရောပြီးအသုံးပြုတာက အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ရောထွေးထားတာနဲ့တူလို့ ပရော်ဖက်ရှင်နယ်မဆန်ပါဘူး။ စီးပွားရေးလုပ်ငန်း သေးသေးကြီးကြီး သီးခြား Page တစ်ခုထောင်ပြီးလုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။

Read More>>> သင်မသိသေးတဲ့ Facebook မှ စိတ်ဝင်စားစရာအချက်အလက်များ

ကိုယ်လုပ်နေတဲ့ ကိုယ်ရဲ့ Career ကို အကျိုးပြုမယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း Social Media ပေါ်မှာ သူငယ်ချင်းဖြစ်အောင်လုပ်ထားပြီး ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ဖြန့်ကြက်ထားပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရရှိပိုင်ဆိုင်နိုင်ကြပါတယ်။

LinkedIn ပေါ်မှာ ကိုယ်ရဲ့အလုပ်သမိုင်းကြောင်းတွေ၊ ဘယ်အလုပ်မှာ ဘယ်လိုတိုးတက်အောင်မြင်ခဲ့တာတွေ၊ ဘယ် Project တွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ရေးပြီးတင်ပါ။ LinkedIn လောက် အလုပ်အတွက် ပရော်ဖက်ရှင်နယ်ဆန်တာမျိုး မရှိသေးလို့ ကိုယ်ရဲ့ LinkedIn ကို အချိန်ရတိုင်း Update ပြုလုပ်ပေးပါ။

သုံးတတ်ရင်ဆေးဖြစ်တဲ့ Social Media ကို ပျော်ဖို့ပါးဖို့နဲ့ အပျင်းပြေဖို့လောက်ပဲ အသုံးချတာမျိုးမဟုတ်ဘဲ အကျိုးတစ်စုံတစ်ရာ ရရှိအောင် အသုံးချခြင်းနဲ့ ကိုယ့်ဘဝကြီးကို ပြုပြင်ပြောင်းလဲ မြှင့်တင်လိုက်ကြပါလို့ အကြံပြုချင်ပါတယ်။

Source; H.H(Akhayar)
Myanmar Advertising Directory