Business Marketing

အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ January ၂၀၁၇ခုနှစ်မှာ ဆောင်ရွက်သင့်သည့်အချက် ၁၂ ချက်

Read 2424 times
အောင်မြင်လိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ January ၂၀၁၇ခုနှစ်မှာ ဆောင်ရွက်သင့်သည့်အချက် ၁၂ ချက်

၂၀၁၇ခုနှစ်အတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လိုက်နာသင့်တဲ့အချက် ၁၂ချက်ကိုတင်ပြလိုက်ပါသည်။

 

 

၁. ရေတိုအတွက်ပဲ မစဉ်းစားပါနဲ့။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များရဲ့ အကြီးဆုံးပြသနာသည် လုပ်ငန်းတစ်ခုကို အမြန်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အတိတ်က ကိုယ်လုပ်ဆောင်ခဲ့တာတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှုတို့ကို ပြန်မသုံးသပ်တာဖြစ်ပါသည်။ ဒီလို လုပ်ငန်းရှင်များသည် နောက်နေ့ဘာလုပ်မယ်ဆိုတာကိုပဲ စဉ်းစားပြီး၊ ရေရှည်ကိုမစဉ်းစားကြပါဘူး။

ဒီဆောင်းပါးရှင်သည်လည်း Christmas မတိုင်ခင်တစ်ပတ်ကို ရုံးကနေအနားယူပြီး၊ မိသားစုနဲ့ ခရီးထွက်ကာ ယခုနှစ်ဆောင်ရွက်ချက်များနဲ့၊ နောင်နှစ်လုပ်ဆောင်လိုသည်များကို အစီအစဉ်ရေးဆွဲပါသည်။ ရုံးနဲ့ခန ကွာဝေးတာဟာ အတွေးအခေါ်ကွန့်မြူးဖို့နဲ့ ပြသနာတွေဖြေရှင်းဖို့ နည်းလမ်းကောင်းတွေကိုနားလည်စေ ပါသည်။

ဒီတော့ တစ်ရက်လောက်ကို ကိုယ်အယုံကြည်ရဆုံးသူနဲ့ မိမိနဲ့ဆောင်ရွက်ချက်တွေနဲ့ ရေရှည်လုပ်ငန်းဆောင် ရွက်လိုတာတွေကိုဆွေးနွေးသင့်ပါသည်။

 

၂. စွန့်ဦးတီထွင်သူများဟာ စိတ်ကူးယဉ်သူများဖြစ်ကြပါသည်။ သူတို့ဟာ ကိုယ်တိုင် စီမံခန့်ခွဲနိုင်တာထက်ပိုပြီး တွေးထားတဲ့ လုပ်ငန်းတွေအများကြီးပါပဲ။ ဒီတော့ နှစ်သစ်စပြီဆိုတာနဲ့ ရက်၉၀အတွင်း ကိုယ်လုပ်လိုတာတွေကို ချရေးထားပြီး၊ ၃လတိုင်း ပြန်ပြီးဆန်းစစ်ပါ။

ကိုယ်လုပ်ချင်တဲ့ အစီအစဉ်တွေကို စာရွက်တစ်ရွက်ထဲမှာချရေးပါ။ ပြီးတော့ ဒီထဲမှာအရေးအကြီးဆုံးတွေကိုပြန် ရွေးထုတ်ပါ။ ဒီထဲမှာမှ တစ်လအတွင်းရချင်တာ ၃လအတွင်းအကောင်အထည်ဖော်မှာနဲ့ ၆လအတွင်းအကောင် အထည်ဖော်မယ့်အရာတွေကို ရွေးထုတ်ပါ။ ပြီးတော့ဒီလိုချင်တဲ့ ပန်းတိုင်ကိုရရှိဖို့အတွက် ဘာတွေလုပ်ဆောင် ရမယ်၊ ဘယ်သူတွေပါဝင်ရမယ်နဲ့ ဘယ်တော့ပြီးရမယ်ဆိုတာကိုချရေးထားပါ။

 

၃. ဆင်ခြေတွေကို ခနဖယ်ထုတ်ထားပါ။

ကိုယ်က ကိစ္စတစ်ခုကိုအဖြေရှာဖို့လား၊ ဒါမှမဟုတ် ဘ၀ရဲ့victim (သားကောင်)အနေနဲ့နေမှာလား။ ကိစ္စတိုင်းရဲ့ အဖြေကိုအာရုံစိုက်သူတစ်ယောက်သည် ဆင်ခြေပေးလေ့ပေးထမရှိပါဘူး။ ဒါပေမယ့် ဘ၀ရဲ့ victim အဖြစ်ရပ် တည်သူတစ်ဦးသည် ဆင်ခြေများဖြင့်ရပ်တည်နေတာပါ။

ဒီတော့ ၂၀၁၇ ခုနှစ်မှာ အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့အတွက်၊ ဆင်ခြေပေးလွန်းတဲ့ victim အနေနဲ့မနေသင့်တော့ပါဘူး။

 

၎. ဘယ်လောက်သုံးမယ့်ဆိုတဲ့ Budget ကိုသတ်မှတ်ထားပါ။

ကိုယ်သုံးမယ့်ဘတ်ဂျက်ကို သတ်မှာထားတာဟာ အောင်မြင်ချင်တဲ့လုပ်ငန်းအတွက် အရေးကြီးပါသည်။ ကိုယ် overhead အတွက်ဘယ်လောက်သုံးနေပါသလဲ။ ကိုယ့်လုပ်ငန်းရဲ့ အသားတင်အမြတ်ကဘယ်လောက်ပါလဲ။ ကိုယ်ဘယ်လို ဘတ်ဂျက်ဆွဲရမလဲဆိုတာ မသိရင်၊ အကူအညီယူပါ။ ဒါမှမဟုတ် စာရင်းအင်း software ကိုအသုံးပြုပါ။

 

၅. ကိုယ့်ကျန်းမာရေးအတွက်လဲ မမေ့ပါနဲ့။

လုပ်ငန်းရှင်တော်တော်များများဟာ ကုမ္ပဏီလုပ်ငန်းအောင်မြင်ဖို့ကိုပဲ အာရုံစိုက်ကြပြီး၊ ကိုယ့်ကျန်းမာရေးကို မေ့နေကြပါတယ်။ ဒီတော့ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ စားဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ နဲ့ဘာသာရေးလုပ်ဖို့လည်း မမေ့သင့်ပါဘူး။ ဒီတော့ အချိန်အလိုက် ကျန်းမာရေးကိုဂရုစိုက်ဖို့လည်း မမေ့ပါနဲ့ ။

 

၆. အမြဲရှေ့ဆက်တိုးနေပါ။

မရပ်တန့်ပါနဲ့။ ၂၀၁၆မှာဘာတွေဘယ်လို ကုန်ဆုံးခဲ့ပါစေ၊ ရှေ့ကိုဆက်တိုးဖို့ကြိုးစားသင့်ပါသည်။ ကိုယ့်လုပ်ငန်း က၂၀၁၆ မှာမကောင်းခဲ့တောင်၊ အခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အားကျစရာတွေကို အတုယူသင့် ပါသည်။ ဒီလိုအောင်မြင်တဲ့လုပ်ငန်းရှင်များဟာလည်း သူတို့ လုပ်ငန်းအခြေအနေအရမ်းဆိုးဝါးချိန်မှာတောင် သူတို့လုပ်ငန်းကိုယုံကြည်ကြသူတွေဖြစ်ကြပါသည်။

ကျန်ရှိနေတဲ့အချက် ၆ချက်ကို နောက်နေ့မှာဆက်လက် တင်ပြပါမယ်။

Source: Forbs