Local

ပစ္စည်းပို့ဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေမယ့် Epost System

Read 2490 times
ပစ္စည်းပို့ဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေမယ့် Epost System

ဒီစနစ်ကို မှတ်ပုံတင်ထားမယ်ဆိုရင် အစိုးရ အသိအမှတ်ပြု လုပ်ငန်းတစ်ခု ဖြစ်သွားတာကြောင့် မြန်မာ့စာတိုက်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းတိုင်းကို ပို့ဆောင်လို့ ရပါတယ်။

ပို့ခကတော့ ရိုးရိုးချောဆို အလေးချိန် 1Kg ကို ၁,၃၀၀ ကျပ်နဲ့ အမြန်ချောဆို ၁,၈၀၀ ကျပ်ကနေ စပါတယ်။ ကုန်ပစ္စည်းရဲ့ ကျသင့်ငွေကို ကောက်ခံပေးတဲ့ အခကြေးငွေကတော့ ၂၀၀ ကျပ် + ကုန်ပစ္စည်းတန်ဖိုးရဲ့ ၀.၅% ဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ ငွေကြေးတွေကိုတော့ ပစ္စည်းပို့ပြီး ၃ ရက်မြောက်တဲ့နေ့မှာ ပစ္စည်းပို့သူ သို့မဟုတ် လုပ်ငန်းရှင်ရဲ့ ဘဏ်အကောင့်ထဲကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်း ယခုလအတွင်း ဖွင့်မည်

Epost System ကို မှတ်ပုံတင်ထားတဲ့သူတွေအနေနဲ့ မိမိကိုယ်ပိုင်အကောင့်ကနေတဆင့် ပစ္စည်းပို့ဆောင်ခြင်း စာရင်းရှင်းတမ်းတွေကို အွန်လိုင်းပေါ်မှာ အချိန်မရွေး ပြန်လည် ကြည့်ရှုလို့ ရပြီး လက်ရှိ ပို့ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေ ဘယ်နေရာကို ရောက်နေပြီလဲ ဆိုတာပါ အချိန်နဲ့ တပြေးညီ ခြေရာခံလို့ ရပါတယ်။

Epost System ကို အသုံးပြုချင်တယ်ဆိုရင် မြန်မာ့စာတိုက်ကနေတဆင့် မှတ်ပုံတင်ရမှာ ဖြစ်ပြီး လျှောက်ထားလိုတဲ့ သူတွေအနေနဲ့ ကနဦး မှတ်ပုံတင်ကြေး ၁၀,၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၁၂,၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ် ထပ်မံ သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် 09 253 027001 နဲ့ 09 253 027002 တို့ကို ဆက်သွယ် မေးမြန်းလို့ ရသလို မြန်မာ့စာတိုက်ရဲ့ ၀က်ဆိုဒ်ဖြစ်တဲ့ https://www.myanmarepost.com/pricing မှာလည်း ၀င်ရောက် လေ့လာလို့ ရပါတယ်။


Su Mon Oo
Myanmar Post

Myanmar Advertising Directory