Digital Marketing
ESPORTS ထဲကို မောင်းဝင်လိုက်တဲ့ BMW
Read 1554 times
ESPORTS ထဲကို မောင်းဝင်လိုက်တဲ့ BMW
သူ့ရဲ့ ဈေးကွက်ဖော်ဆောင်ရေး ကမ္ဘာ့ မဟာဗျူဟာမှာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ ပါဝင်လှုပ်ရှားမှုတွေ တိုးမြှင့်နေချိန်မှာ ဂိမ်းလောကထဲကိုပါ မာကက်တင်း အသုံးစရိတ် သတ်မှတ်ပေးပြီး ယခုလို ဝင်ရောက်လိုက်တာ ဖြစ်ပါတယ်။
ဂျာမန်ကားထုတ်လုပ်သူ BMW က esports လောကထဲ မောင်းဝင်လိုက်တဲ့အခါ
အမေရိကန်မှ Cloud9
တရုတ်မှ FunPlus Phoneix
ယူကေမှ Fnatic
ဂျာမနီမှ G2 Esports
တောင်ကိုရီးယားမှ SK Telecom ဂိမ်းအဖွဲ့အစည်း ၅ ခုနဲ့ လက်တွဲလိုက်ကြောင်း ထုတ်ပြန်ကြေညာ ပါတယ်။ DOTA 2, Fortnite, FIFA, နဲ့ League of Legends တံခွန်စိုက် ပြိုင်ပွဲတွေမှာ ပိုမို ပါဝင်ပတ်သက်သွားမှာဖြစ်ပါတယ်။
အဲဒီဂိမ်း အဖွဲ့အစည်းတွေမှာ follower ၈သန်းဝန်းကျင် ရှိနေပါတယ်။ အများစုဟာ အမာခံ ပရိသတ်တွေ ဖြစ်ပါတယ်။ မီဒီယာ ပလက်ဖောင်းတွေ ဖြစ်ကြတဲ့ Instagram, YouTube, Twitter, Twitch တို့မှာ ဖြန့်ကျက်ထားပြီး အဲဒီ မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ BMW ရရှိထားတဲ့ follower ဦးရေ စုစုပေါင်းရဲ့ ၁၁ ဆ ရှိပါတယ်။
အခုလို ဂိမ်းအဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တွေ ရယူခဲ့တာအတွက် မားကက်တင်း ဘတ်ဂျက် ဘယ်ရွေ့ဘယ်မျှ သုံးစွဲသလဲဆိုတာ လောလောဆယ်မှာ ထုတ်ပြန်ကြေညာခြင်း မပြုသေးပါ။
talkesport.com
အမေရိကန်မှ Cloud9
ယူကေမှ Fnatic
ဂျာမနီမှ G2 Esports
talkesport.com