Business Marketing
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ်Appများနှင့်အကျိုးကျေးဇူးများ(၁)
Read 4176 times
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ်Appများနှင့်အကျိုးကျေးဇူးများ(၁)
MailChimp
https://mailchimp.com/
PayPal
အကျိုးကျေးဇူး
အလွယ်တကူငွေပေးချေနိုင်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ နိုင်ငံပေါင်း၂၀၂နိုင်ငံရှိငွေကြေး ၂၅မျိုးကို ချိတ်ဆက်သုံးစွဲနိုင်ခြင်း၊ ရောင်းချသူနဲ့ ငွေပေးချေသူတို့အကြား လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်း။
Trello
https://trello.com/
Unicode Verison
ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်ရတာ ခက်ခဲပါတယ်။ ဒီလိုအခက်အခဲတွေများတာကြောင့် လွယ်ကူ စေဖို့အတွက် အထောက်အကူတွေလိုအပ်လာပါတယ်။ အခုဖော်ပြမယ့် APP ၁၀မျိုးက ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။
For Marketing
Google Analytics
ဒီAppက သင့်ဆိုက်ရဲ့ လုပ်ဆောင်ပုံတွေကို အသေးစိတ်သိနိုင်အောင်ဖော်ပြပေးလိမ့်မယ်။ Google Analytics ကမိုဘိုင်းAppဖြစ်တာကြောင့် သင်ဘယ်နေရာကို ရောက်နေနေသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အခမဲ့သုံးစွဲခွင့်လည်း ပေးထားပါတယ်။
https://analytics.google.com/analytics/web/provision/?authuser=0#provision/SignUp/
ရရှိမယ့်အကျိုးကျေးဇူး
သင့်ဆိုက်ကို ဘယ်အချိန်ကြည့်ကြည့် ဆိုက်ထဲကသိချင်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ပါတယ်။ သင့်ဖောက်သည်တွေအကြောင်းကို သိနိုင်တဲ့အတွက် မာကတ်တင်းလုပ်ဆောင်တဲ့ အခါပိုမိုထိရောက်ပါတယ်။ သင့်အနေနဲ့ ဘယ်အကြောင်းအရာတွေကို ဘယ်သူတွေက ကြည့်တယ်စတဲ့ အချက်အလက်တွေကို သိနိုင်တဲ့အတွက် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေပေးနိုင်မှာဖြစ်ပါတယ်။
MailChimp
ဒီAppကတော့အရင် featureတွေအစုံအလင်ပါ၀င်ပြီးSubscriber စာရင်းတွေ၊ စာပို့တဲ့ကမ်ပိန်းတွေ၊ အချက်အလက်တင်ပြမှုတွေကို ကြည့်နိုင်သလို သင့်ဖုန်းကနေ emailနဲ့ပို့နိုင်မှာဖြစ်ပါတယ်။ Mailchimp ဟာအခမဲ့ရနိုင်တဲ့ Appဖြစ်ပါတယ်။
https://mailchimp.com/
ရရှိမယ့်အကျိုးကျေးဇူး
အလွယ်တကူကြည့်နိုင်တဲ့ emailတွေကို အသင့်ဖန်တီးထားတဲ့ templateတွေရယူပြီးဖြစ်စေ၊ ကိုယ်တိုင် ရေးဆွဲထားတဲ့ Codeတွေကို သုံးစွဲပြီးဖြစ်စေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သင်ကနေ ပစ်မှတ်ထားတဲ့ ဖောက်သည် ထံကို အလိုအလျောက် Optionတွေသုံးပြီး emailတွေပို့နိုင်မှာဖြစ်ပါတယ်။
For Accounting & Finance
PayPal
အခမဲ့Appတစ်ခုဖြစ်သည်။ ငွေပေးချေမှုအတွက် လုံခြုံစိတ်ချစွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ Appတစ်ခုဖြစ်ပါတယ်။
https://www.paypal.com/mm/home
အကျိုးကျေးဇူး
အလွယ်တကူငွေပေးချေနိုင်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ နိုင်ငံပေါင်း၂၀၂နိုင်ငံရှိငွေကြေး ၂၅မျိုးကို ချိတ်ဆက်သုံးစွဲနိုင်ခြင်း၊ ရောင်းချသူနဲ့ ငွေပေးချေသူတို့အကြား လုံခြံုစိတ်ချစွာ ငွေပေးချေနိုင်ခြင်း။
For Project Management
Trello
ဘယ်လိုပရောဂျက်မျိုးကိုမဆို စုစည်းထားနိုင်မှာဖြစ်ပါတယ်။ သုံးစွဲရလွယ်ကူပါတယ်။ အခမဲ့သုံးစွဲနိုင်ပါတယ်။
https://trello.com/
ရရှိမယ့်အကျိုးကျေးဇူး
Comment ရေးသားနိုင်ခြင်း၊ ဖိုင်များကိုuploadလုပ်နိုင်ခြင်း၊ labelတပ်နိုင်ခြင်း၊ နောက်ဆုံးရက် သတ်မှတ်နိုင်ခြင်း၊ စသည်တို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခြားသူတွေနဲ့ စုပေါင်းပြီး လုပ်ကိုင်နိုင်ပါတယ်။ သိလိုတာကို အလွယ်တကူရှာဖွေနိုင်ပါတယ်။