Hootsuite
Inventory Now
Wave
For Productivity
Google Drive
Slack
အခမဲ့သုံးစွဲနိုင်တဲ့ မက်ဆေ့ခ်ျ(Messaging) App ဖြစ်ပါတယ်။
Unicode Version
For Team Communication
Rescue Time
အခမဲ့သုံးစွဲနိုင်မှာဖြစ်ပေမယ့်။ Lite versionက Android မှာသာရရှိနိုင်ပါတယ်။ Backgroundမှာ သာအလုပ်လုပ်ပါတယ်။ ဒီApp ကသင်တစ်နေ့တာဘာတွေလုပ်လို့ အချိန်တွေဘယ်လောက် ကုန်နေတယ်ဆိုတာကို ပြပေးပါမယ်။
https://www.rescuetime.com/
ရရှိမယ့်အကျိုးကျေးဇူး
သင်ဘယ်နေရာတွေမှာ အချိန်ဘယ်လောက်ကုန်နေတယ်ဆိုတာကို တွက်ပေးမှာပါ။ ဒီလိုသိလိုက်ရတဲ့ အခါမှာ သင့်အနေနဲ့ အချိန်ကိုဘယ်လို ချွေတာရမယ်နဲ့ စီခံခန့်ခွဲရမယ်ဆိုတာကို သတိပြုလာ နိုင်ပါလိမ့်မယ်။ နေ့စဉ် Reportကိုတော့ တစ်ပတ်တစ်ကြိမ်ပြန်ပြီး သုံးသပ်ကြည့်ရှူ့နိုင်အောင် ထုတ်ပေးပါလိမ့်မယ်။
Hootsuite
ဒီApp ကတော့အခမဲ့သုံးစွဲနိုင်တဲ့ Appဖြစ်ပါတယ်။ သင့်ရဲ့ ဆိုရှယ်မီဒီယာ Channel အားလုံးပေါ်ကစကားတွေ၊ ဖြန့်ချိမှုတွေနဲ့ အချိန်ဇယားတွေကို ပြုလုပ်နိုင်တဲ့ Appဖြစ်ပါတယ်။
https://hootsuite.com/
ရရှိမယ့်အကျိုးကျေးဇူး
Channelအားလုံးအတွက် Postတွေကို အချိန်ဇယားပေးနိုင်သလို Mention, Commentနဲ့ message တွေပေးနိုင်ပါတယ်။ Follower အစုအဖွဲ့တွေကို ကြည့်နိုင်ပြီး သူတို့ကသင့် Contentတွေထဲက ဘယ်အရာကို ကြည့်ကြတယ်ဆိုတာ အလွယ်တကူခွဲခြားစိတ်ဖြာနိုင်ပါတယ်။ အရေးပါပြီး လွှမ်းမိုးမှုရှိတဲ့သူတွေနဲ့ ချိတ်ဆက်ထားနိုင်ပြီး ပြောဆိုကြတဲ့ ခေါင်းစဉ်တွေနဲ့ trendတွေကို အလွယ်တကူစောင့်ကြည့် လေ့လာနိုင်ပါတယ်။
For Inventory & Stock Management
Inventory Now
သင့်ရဲ့ Stocktအဆင့်နဲ့ Inventoryမှာလည်ပတ်နေတဲ့ ပုံစံတွေကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ 2.29စတာလင်ပေါင်နဲ့ ဒီApp ကို၀ယ်ရမှာဖြစ်ပါတယ်။
ရရှိမယ့်အကျိုးကျေးဇူး
သင့် Inventoryမှာရှိနေတဲ့ အချက်အလက်တွေကို ခြုံငုံကြည့်ရှူ့နိုင်မှာဖြစ်ပါတယ်။ သင်ရောင်းလိုက်တာ၊ ၀ယ်ယူလိုက်တာ၊ အရှံုးအမြတ်စတဲ့ အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ သင့်အချက်အလက်တွေကို ဘယ်လို device တွေကနေမဆို ဆက်သွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သင့် Inventoryမှာရှိတဲ့ အရာဝတ္ထုတွေကို စီမံခန့်ခွဲဖို့အတွက် Barcode Scanner တွေကိုပေါင်းထုတ်နိုင်မှာဖြစ်ပါတယ်။
Wave
စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်သုံးစွဲထားတဲ့ အခမဲ့သုံးစွဲနိုင်တဲ့ Cloudအခြေပြု စာရင်းအင်းနဲ့ ငွေကြေးtool တစ်ခုဖြစ်ပါတယ်။ စာရင်းအင်း၊ လစာ၊ ငွေပေးချေမှု စတဲ့အကြောင်းအရာတွေကို လိုက်ကြည့်နိုင်မှာဖြစ်ပါတယ်။ Feature တွေကိုရယူမယ်ဆိုရင်တော့ ငွေပေးဝယ်ရပါလိမ့်မယ်။
https://my.waveapps.com/login/
ရရှိမယ့်အကျိုးကျေးဇူး
Invoiceတွေ၊ အကြမ်းဖျင်းတွက်ချက်မှုတွေနဲ့ ငွေလက်ခံဖြတ်ပိုင်းတွေကို လွယ်ကူလျှင်မြန်စွာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ၀င်ငွေနဲ့ထွက်ငွေတွေကို အလွယ်တကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ Wave ကို သင့်ဘဏ်အကောင့်၊ Paypal သို့မဟုတ် အခြားငွေပေးချေကတ်တွေနဲ့ လုံခြံုရေးအတွက် စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချချိတ်ဆက်ထားနိုင်မှာ ဖြစ်ပါတယ်။ လစာငွေပေးချေမှုအတွက်လည်း အေးဆေးသက်သာစွာ လုပ်ဆောင်နိုင်ပါတယ်။
For Productivity
Google Drive
အခမဲ့သုံးစွဲနိုင်ပါတယ်။ ဖိုင်တွေ၊ ရုပ်ပုံတွေ၊ အချက်အလက်စတာတွေကို အလွယ်တကူသုံးစွဲနိုင်ပြီး တည်းဖြတ်တာနဲ့ ဖယ်ရှားတာကိုလည်း အလွယ်တကူလုပ်နိုင်ပါတယ်။
https://www.google.com/intl/en-GB_ALL/drive/
ရရှိမယ့်အကျိုးကျေးဇူး
15GB ကိုအခမဲ့သိမ်းနိုင်ပါတယ်။ ဒီထက်ပိုလိုချင်ရင်တော့ ပိုက်ဆံပေးရပါလိမ့်မယ်။ Cloudဖြစ်တာကြောင့် ဘယ်လို deviceမျိုးနဲ့ မဆိုချိတ်ဆက်သုံးစွဲနိုင်ပါတယ်။ သင်ကနေမြင်စေချင်၊ downloadလုပ်စေချင်၊ တည်းဖြစ်စေချင်တဲ့ ဘယ်သူ့ကိုမဆို ဖိတ်ခေါ်နိုင်ပါတယ်။
Slack
အခမဲ့သုံးစွဲနိုင်တဲ့ မက်ဆေ့ချ်(Messaging) App ဖြစ်ပါတယ်။
https://slack.com
ရရှိမယ့်အကျိုးကျေးဇူး
ရုပ်ပုံတွေနဲ့ အချက်အလက်တွေကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။ သင်ကရုံးမှာမရှိရင်တောင်မှသင့်လူတွေနဲ့ ကင်းကွာမသွားဘဲ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ Dropbox, Trello, Google Drive, Twittetတိုပအပါအဝင် အခြားသော ထုတ်ကုန်များကို ချိတ်ဆက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
Source ; Internet Journal