Digital Marketing

Etsy အွန်လိုင်းအရောင်းဆိုင် ကြော်ငြာတွဲလုံးဖြင့် ကော်မရှင် အနည်းဆုံး ၁၂ % ရယူမည်

Read 1872 times
Etsy  အွန်လိုင်းအရောင်းဆိုင် ကြော်ငြာတွဲလုံးဖြင့် ကော်မရှင် အနည်းဆုံး ၁၂ % ရယူမည်

အဓိကထားသည့် အွန်လိုင်း အရောင်းဆိုင်ဖြစ်သည်။ ရှေးပစ္စည်း vintage အနေဖြင့် တင်ရောင်းလိုပါက သက်တမ်း အနည်းဆုံး ၂၀ နှစ် မလွဲမသွေ ရှိရမည်ဟု သတ်မှတ်ထားသည်။

Etsy အမည်သည် Easy to Sell Yourself သင်ကိုယ်တိုင် အလွယ်ဖြင့် ရောင်းပါ ဟု ဆိုလိုသည်။

ယခင်က မိမိရောင်းချလိုသည့် ပစ္စည်းကို လာတင်ပြပြီး ရောင်းချရာ၌ ကြော်ငြာသုံးလိုပါက ကြော်ငြာစရိတ် ပေးချေ၍ သုံးနိုင်ပြီး သုံးရန် ဆန္ဒမရှိပါက မသုံးဘဲ နေနိုင်သည်။ ယခု စတင်မည့် စနစ်သစ်တွင် ပစ္စည်းလာတင်သည့်အခါ အလိုအလျောက် ကြော်ငြာ ပေးမည်ဖြစ်ပြီး အကယ်၍ ယင်းပစ္စည်း ရောင်းချရပါက ရောင်းဈေး၏ ၁၂ ရာခိုင်နှုန်းကို အနည်းဆုံးအနေဖြင့် ကြော်ငြာခ ကောက်ခံမည် ဖြစ်သည်။ အကယ်၍ ယင်းပစ္စည်း မရောင်းရသေးလျှင် ကြော်ငြာခ တစ်ပြားတစ်ချပ်မှ ပေးဖို့ မလိုချေ။ သို့သော် ယခုစနစ်သစ်တွင် ကြော်ငြာကို မသုံးမနေရ သုံးရမည် ဖြစ်သဖြင့် ပစ္စည်းရောင်းရငွေမှ ကြော်ငြာစရိတ်ကို ကျခံရမည့်အရေးကို ပူပန်သူများ ရှိနေသည်။ ရောင်းဈေးကို သတ်မှတ်ရာ၌ ကြော်ငြာစရိတ် ၁၂% ကို ထည့်တွက်ရမည့်သဘော ဖြစ်နေသည်။

တစ်နှစ်တာ အရောင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ တစ်သောင်းဖိုး မပြည့်သူများအနေဖြင့် ကြော်ငြာ မသုံးလိုပါက မသုံးဘဲ ပစ္စည်း တင်ရောင်းခွင့် ပေးထားဆဲဖြစ်သည်။ သို့သော် ကြော်ငြာလိုပါသည်ဆိုလျှင် ရောင်းအားပမာဏ၏ ၁၅ % ကို ကြော်ငြာစရိတ် ပေးဆောင်ရမည်ဟုလည်း သတ်မှတ်ထားသည်။

Etsy ပလက်ဖောင်းပေါ် တွင် တစ်နှစ်တာအတွင်း ပစ္စည်းတင်ရောင်းသူ active seller ၂ သန်းကျော် ရှိနေပြီး လာရောက်ဝယ်ယူသူများမှာ ကမ္ဘာတစ်လွှားမှာ ၃၉ သန်းခွဲကျော် ရှိသည်။ ပုံမှန်အားဖြင့် Etsy သည် ရောင်းချသူများထံမှ ကော်မရှင် ၅% ရယူခဲ့ပြီး ယခုအခါ ကြော်ငြာစရိတ် ထပ်ပေါင်းထည့်ရာ၌ နှစ်ဆမက ဖြစ်သွားခြင်း ဖြစ်သည်။
ကြော်ငြာများကို Etsy ပလက်ဖောင်းအပြင် Google, Google Shopping, Facebook နှင့် Pinterest ကဲ့သို့ လူအလာများသော ဝက်ဘ်ဆိုက်များတွင် ဖော်ပြပေးသွားမည်ဟု ဆိုသည်။

 

zawgyi

 

Etsy အြန္လိုင္းအေရာင္းဆိုင္ ေၾကာ္ျငာတြဲလုံးျဖင့္ ေကာ္မရွင္ အနည္းဆုံး ၁၂ % ရယူမည္


Etsy သည္ e-commerce website (etsy.com) တစ္ခုျဖစ္ၿပီး လက္မႈ ပစၥည္းမ်ားႏွင့္ ေရွးက်သည့္ ပစၥည္းမ်ားကို အဓိကထားသည့္ အြန္လိုင္း အေရာင္းဆိုင္ျဖစ္သည္။ ေရွးပစၥည္း vintage အေနျဖင့္ တင္ေရာင္းလိုပါက သက္တမ္း အနည္းဆုံး ၂၀ ႏွစ္ မလြဲမေသြ ရွိရမည္ဟု သတ္မွတ္ထားသည္။

Etsy အမည္သည္ Easy to Sell Yourself သင္ကိုယ္တိုင္ အလြယ္ျဖင့္ ေရာင္းပါ ဟု ဆိုလိုသည္။

ယခင္က မိမိေရာင္းခ်လိုသည့္ ပစၥည္းကို လာတင္ျပၿပီး ေရာင္းခ်ရာ၌ ေၾကာ္ျငာသုံးလိုပါက ေၾကာ္ျငာစရိတ္ ေပးေခ်၍ သုံးႏိုင္ၿပီး သုံးရန္ ဆႏၵမရွိပါက မသုံးဘဲ ေနႏိုင္သည္။ ယခု စတင္မည့္ စနစ္သစ္တြင္ ပစၥည္းလာတင္သည့္အခါ အလိုအေလ်ာက္ ေၾကာ္ျငာ ေပးမည္ျဖစ္ၿပီး အကယ္၍ ယင္းပစၥည္း ေရာင္းခ်ရပါက ေရာင္းေဈး၏ ၁၂ ရာခိုင္ႏႈန္းကို အနည္းဆုံးအေနျဖင့္ ေၾကာ္ျငာခ ေကာက္ခံမည္ ျဖစ္သည္။ အကယ္၍ ယင္းပစၥည္း မေရာင္းရေသးလွ်င္ ေၾကာ္ျငာခ တစ္ျပားတစ္ခ်ပ္မွ ေပးဖို႔ မလိုေခ်။ သို႔ေသာ္ ယခုစနစ္သစ္တြင္ ေၾကာ္ျငာကို မသုံးမေနရ သုံးရမည္ ျဖစ္သျဖင့္ ပစၥည္းေရာင္းရေငြမွ ေၾကာ္ျငာစရိတ္ကို က်ခံရမည့္အေရးကို ပူပန္သူမ်ား ရွိေနသည္။ ေရာင္းေဈးကို သတ္မွတ္ရာ၌ ေၾကာ္ျငာစရိတ္ ၁၂% ကို ထည့္တြက္ရမည့္သေဘာ ျဖစ္ေနသည္။

တစ္ႏွစ္တာ အေရာင္းတန္ဖိုးသည္ အေမရိကန္ေဒၚလာ တစ္ေသာင္းဖိုး မျပည့္သူမ်ားအေနျဖင့္ ေၾကာ္ျငာ မသုံးလိုပါက မသုံးဘဲ ပစၥည္း တင္ေရာင္းခြင့္ ေပးထားဆဲျဖစ္သည္။ သို႔ေသာ္ ေၾကာ္ျငာလိုပါသည္ဆိုလွ်င္ ေရာင္းအားပမာဏ၏ ၁၅ % ကို ေၾကာ္ျငာစရိတ္ ေပးေဆာင္ရမည္ဟုလည္း သတ္မွတ္ထားသည္။

Etsy ပလက္ေဖာင္းေပၚ တြင္ တစ္ႏွစ္တာအတြင္း ပစၥည္းတင္ေရာင္းသူ active seller ၂ သန္းေက်ာ္ ရွိေနၿပီး လာေရာက္၀ယ္ယူသူမ်ားမွာ ကမၻာတစ္လႊားမွာ ၃၉ သန္းခြဲေက်ာ္ ရွိသည္။ ပုံမွန္အားျဖင့္ Etsy သည္ ေရာင္းခ်သူမ်ားထံမွ ေကာ္မရွင္ ၅% ရယူခဲ့ၿပီး ယခုအခါ ေၾကာ္ျငာစရိတ္ ထပ္ေပါင္းထည့္ရာ၌ ႏွစ္ဆမက ျဖစ္သြားျခင္း ျဖစ္သည္။
ေၾကာ္ျငာမ်ားကို Etsy ပလက္ေဖာင္းအျပင္ Google, Google Shopping, Facebook ႏွင့္ Pinterest ကဲ့သို႔ လူအလာမ်ားေသာ ၀က္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပေပးသြားမည္ဟု ဆိုသည္။