အချို့က "Supervisor" က မြင့်တယ် လို့ ပြောတတ်ကြပါတယ်။
ဘယ်သူမှ မမှားဘူး။ အရမ်း General ဖြေထားတာကိုး။
တကယ်တော့ အဲသလို ဖြေလို့မရပါဘူး။
ပထမဆုံး "Executive" ဆိုတဲ့ စကားလုံးကို ဘာနဲ့ တွဲသုံးထားတာလဲ သိဖို့လိုပါတယ်။
- Business Executive လို့ပြောရင် အဲဒါ တကယ့် စီးပွားရေးလုပ်ငန်းကို ဦးဆောင်သူ Level မှာ ရှိနေတဲ့ ရာထူးပိုင်ရှင်တွေကို ခေါ်တာပါ။
ဒါ့ကြောင့် အခု မေးလေ့ရှိကြတဲ့ Supervisor နဲ့ Executive ဘာကွာလဲ ဆိုတာသည် အဲသည် Leadership Role မှာ ရှိနေတဲ့ Executive များကို ဆိုလိုခြင်းမဟုတ် လို့ ယူဆပါတယ်။
အကယ်၍ အဲသည်လို မေးတာ ဆိုရင်တော့ Executive က Supervisor ထက် အဆမတန် ကွာခြားတယ် လို့ ဆိုရမှာပါ။
အဲသည် Executive က Manager ထက်တောင်မြင့်ပါတယ်။
- အဲသလိုမဟုတ်ဘဲ Functional Title တွေ အဖြစ်သုံးထားတဲ့ Executive များ (ဥပမာ- HR Executive, Sales Executive, Marketing Executive အစရှိသဖြင့်) ကို ပြောတာ ဆိုရင်တော့
အဲဒါ အဲသည်ဌာနရဲ့ Manager/Department Head ရဲ့အောက် အလတ်တန်းအဆင့် ဝန်ထမ်းများ ဖြစ်ပါတယ်။
Manager/Deparment Head ရဲ့လက်အောက်မှာပဲ ရှိတတ်တဲ့ Supervisor ဆိုတဲ့ ရာထူးနဲ့ ယှဉ်ပြောရရင် Hiearchy အရရော Skill အရရော နိမ့်တယ်/မြင့်တယ် ဆိုရခက်ပါတယ်။
ဖွဲ့စည်းပုံ နဲ့ သက်ဆိုင်ရာ လုပ်ငန်းရဲ့ အလုပ်တာဝန် ခွဲဝေမှုပေါ်မူတည်ပါတယ်။
သေချာတာသည် Supervisor ရဲ့ အောက်မှာ XXX Executive မရှိပါဘူး။
အလားတူ Executive ရဲ့ အောက်မှာ လည်း Supervisor မရှိပါဘူး။ အောက်မှာ ရှင်းပါမယ်။
XXX Executive များဟာ သက်ဆိုင်ရာ Technical Skill အရ Operations Level မှာ Strong ဖြစ်ရပါတယ်။
ပြီးရင် ပေးအပ်ထားတဲ့တာဝန်ကို Independently လုပ်နိုင်ရပါတယ်။
တစ်ယောက်ယောက်က စောင့်ကြပ်ကြည့်ရှု လက်ထပ်သင်ကြား ကြီးကြပ်မှု မပါဘဲ လုပ်နိုင် ကိုင်နိုင်ရသလို သူကနေ နောက်တစ်ဦးကို ထပ်မံ ကြီးကြပ်တာဝန်ယူရမယ့် Supervision တာဝန် မပါဝင်ပါဘူး။
ဒါ့ကြောင့် Compentency အရကြည့်မယ် ဆိုရင် သူ့ဟာ သူတာဝန်ယူရမယ့် လုပ်ငန်းကိုကျွမ်းကျင်ရမယ့် Skills တွေရှိပြီး မိမိကိုယ်ကို တာဝန်ယူနိုင်ပြီး
Independently အလုပ်တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ရန် လိုအပ်ပြီး Supervisory Skill မရှိရင်လည်း ရပါတယ်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။
- Supervisor ဆိုတဲ့ ရာထူးမှာတော့ - မိမိတာဝန်ယူဆောင်ရွက်ရမယ့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ Technical Skills တွေလည်း Strong ဖြစ်ရမှာ ဖြစ်သလို
လက်အောက်ငယ်သားကို ပြန်လည်သင်ပြပေးခြင်း၊ ကြီးကြပ်တာဝန်ယူရခြင်း ပါပါတယ်။
မိမိကိုယ်တိုင် အပြင် လက်အောက်ငယ်သားများရဲ့ လုပ်ဆောင်ချက်များကိုပါ တာဝန်ယူ၊ တာဝန်ခံပေးရပါတယ်။
ဒါ့ကြောင့် Compentency အရ ကြည့်မယ် ဆိုရင် သူ့မှာ Technical Compentency အားကောင်းဖို့လိုသလို Supervisory Skill လည်းရှိဖို့လိုပါတယ်။
ဖွဲ့စည်းပုံမှာ Supervisor ရဲ့အောက်မှာ Executive ထားရင် Excecutive ဆိုတဲ့ရာထူးဟာ အနီးကပ် ကြီးကြပ်စောင့်ခိုင်း နေရမယ့် Supervisor တစ်ယောက် မလိုအပ်ဘဲ
မိမိကိုယ်ကို တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်ရမယ့် တာဝန်မျိုး ဖြစ်တာကြောင့် မှားတယ် မဆိုနိုင်ရင်တောင် လွဲနေပါတယ်။
XXX Executive တွေဟာ သက်ဆိုင်ရာ Line Manager ကို တိုက်ရိုက် Report လုပ်ရတာမျိုး ဖြစ်ပါတယ်။
တခါ ဖွဲ့စည်းပုံမှာ Executive ရဲ့ အောက်မှာ Supervisor ကိုထားရင်လည်း အဆင်မပြေပါဘူး။
XX Executive ဆိုတဲ့ ရာထူးဟာ မိမိကို ပေးထားတဲ့ တာဝန်ကို ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး
အခြားသူများနဲ့ coordination, cooperation, collaboration များ ရှိမှာ ဖြစ်ပြီး သူကနေ အခြားသူတွေအပေါ် ကြီးကြပ် Supervise လုပ်တာဝန်ယူရမယ့် Line Responsibility ထပ်ထည့်ဖို့ မသင့်တော်လို့ပါ။
(ထပ်ဖြည့်- အချို့တော့ XX EXecutive အောက်မှာ Assistant ရာထူးတွေ ထပ်ထည့်ပေးပြီး တွဲခေါ်ခိုင်းတာမျိုးတွေပါ တာဝန်ပေးတတ်ပါတယ်။ဒီသဘောကတော့ ရပါတယ်။
ဒါပေမယ့် XX Executive ရဲ့အောက်မှာ အခြား နောက် Level တွေကိုပါ တာဝန်ယူရတဲ့ Supervisor & team ကြီး တစ်ခုလုံးကိုပါ တာဝန်ယူခိုင်းရင် အဲဒါကို XX Executive လို့ ဆက်မသုံးနှုန်းသင့်တော့ပါဘူး။
Manager မဟုတ်ရင်တောင် Asst. Manager အဆင့်လောက် ဖြစ်သွားပါပြီ။ )
ဒါဆို Supervisor နဲ့ XX Executive ဘယ်သူ အပေါ် ဘယ်သူ အောက်မှ မဟုတ်ဘူး လား ပြောရင်.. အဲသည် ရာထူး ၂ ခုဟာ အထက်အောက် ဒဲ့ကြီး ထား သုံးရမယ့် ရာထူးများ မဟုတ်ဘူး လို့ ပြောပါရစေ၊
ဌာနတစ်ခုရဲ့ တာဝန်ခံ Manager အောက်မှာ ရှိတဲ့ အလုပ်တာဝန်တွေကို ကဏ္ဍခွဲပြီး Supervisor & team ကိုပေးရမယ့် တာဝန်တွေအတွက် Supervisor အောက်မှာ
Assistant ရာထူးများ နဲ့ ဖွဲ့စည်းပေးနိုင်သလို Independently တာဝန်ယူလုပ်ကိုင်ကြရမယ့် အလုပ်တာဝန်တွေကို Technical Skills ကျွမ်းကျင်မှုရှိပြီးဖြစ်သူများကို XX Executive ရာထူးများဖြင့် တာဝန်ပေး နိုင်ပါတယ်။
လစာ က ဘယ်သူများ၊ ဘယ်သူ နည်းရမှာလဲ ဆိုလာရင်လည်း သူတို့ အသီးသီးရဲ့ Scope of work, span of control စတာတွေကို ချင့်ချိန် ရမှာ ဖြစ်ပါတယ်။
Super က များရမယ်။ Executive က များရမယ် ရယ်လို့ လည်း တရားသေ မရှိပါ။
တတ်နိုင်သလောက်တော့ ရှင်းတာပဲနော်။
မရှင်းသေးဘူး ဆိုရင်တော့...
အများနားလည်အောင် မရှင်းနိုင်ရင် သင် အဲသည် ကိစ္စ သေချာ မတတ်လို့ ဆိုတဲ့ ဆိုရိုးအတိုင်းသာဆို ကျွန်မ ညံ့ပါသေးသည် လို့သာ...
Recommended for you-Zero လား ? Hero လား?
Credit; dawmawmawthun