ယခုနှစ် ကုန်စည်ပြပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင်ကုမ္ပဏီများ သွားရောက်မပြသနိုင်သော်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်း ရှင်ကုမ္ပဏီခွဲ ၁၆ ခုက မြန်မာ့ထွက်ကုန်နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ် ဝန်ချုပ်ရုံး (နန်နင်း)တို့၏ ပူးပေါင်းမှုဖြင့် ပြခန်း ၂၈ ခန်း ပါဝင်ပြသရန် စီစဉ်ထားသည်။
နန်နင်းကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ ၈၁ စတုရန်းမီတာ အကျယ်အဝန်းရှိ မြန်မာပြခန်းဆောင်၌ မြန်မာ နိုင်ငံအရပ်ရပ်ရှိ ထင်ရှားသောမြို့များ၏ မြန်မာ့ ရှုခင်း၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေး ကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန် စီစဉ် ထားရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို မိတ်ဆက်ပြသလိုပါက မြန်မာ လုပ်ငန်းရှင်များ၏ တရားဝင်တည်ထောင်ထားသော လုပ်ငန်းများ၏ လုပ်ငန်း/ ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယိုဖိုင် (ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်၊ ဖိုင်အမျိုးအစား- mp4၊ နောက်ခံစကားပြောအဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြော ဖြစ်ရ မည်။
မြန်မာစကားပြောနောက်ခံဖြစ်ပါက အင်္ဂလိပ် ဘာသာ (သို့မဟုတ်) တရုတ်ဘာသာဖြင့် sub-title ရေးထိုးရမည် ) ပြုစု၍ ပြသနိုင်သည်။ သို့ပါ၍ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး၊ [email protected] နှင့်[email protected] တို့သို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်ထက်နောက် မကျစေဘဲ ပေးပို့ပြသနိုင်ပါကြောင်း သိရသည်။
The Mirror Daily