Local

Facebook Error ကြောင့် Digital Ads များ ဖန်တီးရာတွင် အဆင်မပြေဖြစ်နိုင်

Read 1899 times
Facebook Error ကြောင့် Digital Ads များ ဖန်တီးရာတွင် အဆင်မပြေဖြစ်နိုင်

ဖေ့စ်ဘုတ်ခ် တစ်ခုထဲ မဟုတ်ပဲ သူနဲ့ ဆက်စပ်သမျှ Social Media တွေဖြစ်တဲ့ Messenger, Instagram နဲ့ Whatsapp တွေပါ သုံးလို့ မရတာပဲ ဖြစ်ပါတယ်။

တချို့တွေကတော့ လုံးဝ အသုံးပြုလို့ မရပဲ ဖေ့ဘုတ်ခ်ထဲ ၀င်လိုက်တာနဲ့ Sorry, Something went Wrong ဆိုပြီး Error ပြနေတာ ဖြစ်ပါတယ်။

555


တချို့တွေက သုံးလို့တော့ရပေမဲ့ Loading အရမ်းကြာတာ၊ New Feed မတက်တော့တာ၊ ခဏခဏ ပြန်ထွက်သွားတာ၊ စာပို့လို့ မရတာမျိုး စတာတွေ ဖြစ်ပေါ်နေပါတယ်။

ဖေ့ဘုတ်ခ်ပေ့ခ်ျတွေမှာဆိုရင် Schedue ပေးထားတဲ့ Posts တွေဟာ လုံးဝ မတက်တော့ပဲ ဖြစ်နေလို့ လုပ်ငန်းလုပ်နေတဲ့သူတွေ အခက်အခဲ ကြုံနေရပါတယ်။ ဒီလို Error တွေ တက်နေတာကြောင့် Boosting လုပ်တဲ့ နေရာမှာလည်း အဆင်မပြေမှုတွေ ရှိနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခု ဖြစ်လာဖို့ ကြံစည်နေတဲ့ Facebook

ဒါဟာ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်တော့ စိုးရိမ်စရာပါပဲ။ အထူးသဖြင့် Social Media ကို အဓိက အသုံးပြုပြီး စီးပွားရေးလုပ်နေတဲ့ သူတွေအနေနဲ့ ဒီလိုပြဿနာတွေကို ဘယ်လို ထိန်းညှိမလဲဆိုတာ အရေးကြီးပါတယ်။

111

Mark Zuckerberg ကတော့ DDoS တိုက်ခိုက်ခံရမှု မဟုတ်ကြောင်းနဲ့ ဒီပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပြီး ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ Twitter မှာ ပြောထားပါတယ်။

ဖေ့ဘုတ်ခ်အနေနဲ့ ထပ်ပြီး အတိုက်ခိုက် ခံရပြန်ပြီလား၊ လုံးဝ Down သွားနိုင်သလား ဆိုတာကိုတော့ အားလုံး စောင့်ကြည့်ရမှာပါပဲ။

မြန်မာနိုင်ငံ အပါအ၀င် Texas, Seattle, Washington, Peru, UK, Philippines, Canada, Las Vegas, Turkey, Paraguay, India, Bangladesh, Argentina စတဲ့ နိုင်ငံတွေမှာ ဒီပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

Su Mon Oo

Source: Facebook

Myanmar Advertising Directory