Digital Marketing

Facebook မှ အသစ်ထက်မံထည့်သွင်းထားတဲ့ Marketing Emails

Read 2075 times
Facebook မှ  အသစ်ထက်မံထည့်သွင်းထားတဲ့ Marketing Emails

 

Marketing Emails ကဘယ်လိုလုပ်ငန်းဆောင်တာတွေကို တာဝန်ယူဆောင်ရွက်ပါသလဲ ?

---------------------------------------------------------------------------------------------------------------

 

 

ဆိုရှယ်မီဒီယာ ဂုရုကြီး Meg Coffey ပြောကြားပုံ အရ ဆိုလျှင်ပထမဆုံး အသုံးပြု သူအနေနဲ့ သူ့ Page ကနေ သူ့ email လိပ်စာကို အတည်ပြုဖို့လိုအပ်ပါတယ်။ထိုသို့ အတည်ပြု ပြီးရင်တော့ Page ကိုကိုင်တဲ့ သူအနေနဲ့ သူတို့ ဆီမှာ အချက်အလက်ရှိထားတဲ့ ဆက်သွယ်ချင်တဲ့ Email တွေကို ထည့်သွင်းရပါမယ်။ထိုထဲမှာ မှ အပြင်မေးလ် ပို့ခွင့်ပေးထားတဲ့ သူတွေဆီကို သင့်ရဲ့ ဈေးကွက်မြှင့်တင်တဲ့ ကြော်ငြာက ရောက်ရှိမှာဖြစ်ပါတယ်။

 

တကယ်တန်းမှာတော့ Facebook တို့ IG တို့ မှာလိုကြော်ငြာ ခြင်းက လွယ်ကူမှာပါပဲ နည်းနည်းလေးရှုပ်နေတာက Function အသစ်ဖြစ်တာက တစ်ကြောင်း လူတွေ အသုံးပြုတာ နည်းနေလို့ပါပဲ။ဒါ့ထက် သင်ပို့တဲ့ မေးလ်တိုင်းက 'သင့် Brand နာမည်+mailbyfb.com' အနေနဲ့ လာမှာပဲဖြစ်ပါတယ်။

 

ထိုဖြစ်စဉ်တစ်ခုလုံးမှာ ထူးဆန်းတာဘာမှ မရှိပါဘူး အခြား CRM software တွေလိုပဲ သင်တောင်းထားတဲ့ သင့်ရဲ့ ဒေတာ မေးလ်တွေကို ထည့်သွင်းမယ်ပြီးလျှင် ၊ ကြော်ငြာ ထည့်မယ် ပြီးလျှင်စာ အဖြစ်နဲ့ ပို့မယ်စတာတွေပဲဖြစ်ပါတယ်။

 

သူက သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ Email Marketing နဲ့ သိပ်တော့ မကွာပါဘူး သို့ပေမည် Facebook ကလုပ်ထားတာဆိုတော့ သင့်အနေနဲ့ တစ်ပါတည်း အသုံးပြု နိုင်မယ်။Facebook ရဲ့ ထပ်တိုးကိရိယာတစ်ခုဖြစ်ပြီး ကိုဗစ် ၁၉ ဖြစ်ချိန်မှာ မားကတ်တင်းသမားတွေအနေနဲ့ သူတို့ Brand ကို စားသုံးသူတွေ က မမေ့လျော့အောင် မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတယ်သိရပါတယ်။

 

အဆိုပါ Marketing Emails Function အသစ်ကို အမေရိကန် နဲ့ သြစတေးလျ တို့မှ အသုံးပြုသူ တစ်ချို့သာ မြင်ရသေးတာဖြစ်ပြီးနောက်များ မကြာခင်အာရှ နိုင်ငံများကိုပါ ထို Function အသုံးပြုခွင့်ပေးမယ်သိရပါတယ်။

 

<<< Zawgyi >>>

 


----------------------------------------------------------------------------------

 

ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ် လက်တလောမှာ ဖေ့ဘုတ်ရှိ Pages ထိန်းသိမ်းသူတွေ အနေနဲ့ ၎င်းတို့ မြင်တွေ့နေကျ မဟုတ်တဲ့ Function တစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပြီး ထို Function အသစ်လေးဟာ ဈေးကွက်မြှင့်တင်ရေးရာ ကိစ္စ တွေနဲ့ အတော်လေး ဆက်နွယ်နေတယ်သိရပါတယ်။

 


-------------------------------------------------------------------------------------------------------------

 

 


 


 


 


 


 

Ref : Social Media Today