Global

Facebook နဲ့ Google ကသုံးစွဲသူတွေ ခြေရာခံတဲ့နည်းလမ်းကို Tool သစ်တစ်ခုနဲ့ စစ်တမ်းပြုလုပ်ခဲ့

Read 1638 times
Facebook နဲ့ Google ကသုံးစွဲသူတွေ ခြေရာခံတဲ့နည်းလမ်းကို Tool သစ်တစ်ခုနဲ့ စစ်တမ်းပြုလုပ်ခဲ့

သုံးစွဲသူရဲ့ ထုတ်ကုန် ဘက်ထရီပမာဏနဲ့ ပို့လိုက်တဲ့ အီးမေးလ်တွေကိုလည်း ခြေရာခံနေပါတယ်။ vpnMentor ဟာ virtual private network ဝန်ဆောင်မှုတွေကို သုံးသပ်ချက်ရေးလေ့ရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အဲဒီကုမ္ပဏီက ထုတ်လုပ်တဲ့ အခမဲ့ tool ဟာ အခြား လူမှုရေးမီဒီယာ ဝန်ဆောင်မှုတွေနဲ့ Facebook, Google, Instagram လိုမျိုး အွန်လိုင်းဝန်ဆောင်မှုနဲ့ လူမှုရေးမီဒီယာ ကုမ္ပဏီတွေကို သတိမူမိအောင် ပြုလုပ်ခွင့်ပေးထားပါတယ်။

အဲဒီ tool ဟာ ဘယ်လို ခြေရာခံနေရလဲဆိုတဲ့ နည်းလမ်းတွေကို သိရှိအောင် ဖော်ပြပါတယ်။ “သုံးစွဲသူတွေ ရင်းနှီးကျွမ်းဝင်တဲ့ ဝက်ဘ်ဆိုက်က message မှာ cookies ကိုလက်ခံမလားလို့ မေးမြန်းနေကြပေမယ့် လူအများစုကတော့ ဘာကြောင့်ဆိုတာ သတိမပြုမိကြပါဘူး” လို့ vpnMentor က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကာင်းဆုံးဆိုပြီး သတ်မှတ်ခံထားရတဲ့ အလုပ်အကိုင် (၅)ခု

vpnMentor tool ရဲ့တွေ့ရှိချက်အရ စစ်တမ်းအတွင်း ပါဝင်တဲ့ ဝန်ဆောင်မှု ၂၁ ခုဟာ app အသုံးပြုချိန်မှာ တည်နေရာကို ခြေရာခံခဲ့ကြပါတယ်။ တချို့ကုမ္ပဏီတွေက messaging ဝန်ဆောင်မှုအတွင်း ဝေမျှထားတဲ့ သတင်းအချက်အလက်နဲ့ platform တွေပေါ်မှာ ပို့ထားတဲ့ message တွေကို အသုံးပြုပြီး ခြေရာခံတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ဝန်ဆောင်မှုတွေနဲ့ app တွေက ထုတ်ကုန်ရဲ့ဘက်ထရီပမာဏ၊ ဖုန်းလိုင်းအား၊ အနီးအနားက Wi-Fi spot တွေနဲ့ ဖိုင်နာမည်တွေအထိ ခြေရာခံပါတယ်။ Google နဲ့ Amazon ကတော့ search တွေကနေ အသံသွင်းချက်တွေကို သိမ်းဆည်းထားပါတယ်။

သုံးစွဲသူတွေဟာ ခြေရာခံရဖို့အတွက် account ရှိစရာမလိုပါဘူး။ Google အနေနဲ့ Ads လိုမျိုး Google feature တွေအသုံးပြုထားတဲ့ third-party ဆိုက်ပေါ်က လုပ်ဆောင်ချက်ကို ခြေရာခံနိုင်ပါသေးတယ်။

Credit; စိုးထက်
Myanmar Advetising Directory