Global

ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခု ဖြစ်လာဖို့ ကြံစည်နေတဲ့ Facebook

Read 1654 times
ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခု ဖြစ်လာဖို့ ကြံစည်နေတဲ့ Facebook

နယူးယောက်တိုင်းမ်စ်သတင်းက ဖော်ပြချက်အရ Facebook ကသူပိုင်ဆိုင်ထားတဲ့ Messenger, WhatsApp နဲ့ Instagram တွေမှာ သုံးစွဲသူတွေကြားထဲမှာ ၀န်ဆောင်မှုစတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြိုင်ဘက်စာပို့ ဝန်ဆောင်မှု app တွေဖြစ်တဲ့ Telegram နဲ့ Signal တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ Telegram က အွန်လိုင်းငွေကြေးစနစ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံရင်းနှီးမြုပ်နှံတာကို သိရှိခဲ့ပြီးတဲ့အချိန်ကစလို့ သူ့ကိုယ်ပိုင် အွန်လိုင်းငွကြေးစနစ်ကို တိတ်တဆိတ် ဖန်တီးနေခဲ့တာပါ။

ကမ္ဘာ့အတော်ဆုံး saleman ဖြစ်ဖို့ Joe Girard ဘယ်လိုဖြတ်သန်းခဲ့ရလဲ?

Messenger, WhatsApp နဲ့ Instagram အစရှိတဲ့  social Media တွေမှာ သုံးစွဲသူစုစုပေါင်း 2.7 billion users အထိရှိခဲ့ ပြီး ကမ္ဘာလူဦးရေရဲ့  သုံးပုံတစ်ပုံလောက်ကို ပိုင်ဆိုင်ထားပါတယ်။

ငွေးကြေးဆိုင်ရာရည်မှန်ချက်အရ ကမ္ဘာပေါ်မှာ ကိုင်ဆောင်သုံးစွဲမှုအများဆုံး ငွေကြေးတစ်ခုဖြစ်လာဖို့အထိ ရည်မှန်းထားပြီး ငွေကြေးစီးဆင်းမှုတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ လည်း ပါဝင်ပါတယ်။

အခုအွန်လိုင်းငွေကြေးစနစ်သာ အလုပ်ဖြစ်လာခဲ့မယ်ဆိုရင် Visa နဲ့ MasterCard တို့လို ခရက်ဒစ်ကတ်လုပ်ငန်းကြီးတွေအတွက် ကပ်စိုက်လာမှာဖြစ်ပြီး credit card,Atm Cardmobile pay အစရှိတဲ့ Digital money လုပ်ငန်းတွေကို ကြီးစိုးလာမှာ ဖြစ်ပါတယ်။

ဒီငွေကြေးစနစ်ကို Facebook က ဒီနှစ်အစောပိုင်းထဲမှာပဲ စပြီးအကောင်အထည်ဖော်သွားဖို့ ရှိနေကြောင်းကိုလည်း နယူးယောက်တိုင်းမ်စ်က ဆိုထားပါတယ်။

 

Source: Myanmar Business Directory

Myanmar Advertising Directory