Digital Marketing

Facebook မှ အသုံးပြုသူများရဲ့ အချက်အလက်တွေကို ကြော်ငြာရှင်များအား တိုက်ရိုက် မရောင်းချဟုဆို

Read 2091 times
Facebook မှ အသုံးပြုသူများရဲ့ အချက်အလက်တွေကို ကြော်ငြာရှင်များအား တိုက်ရိုက် မရောင်းချဟုဆို

 

သို့ပေမယ့် သင်တို့စိတ်ဝင်စားလောက် ၊ သိချင်လောက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ၊ ဝန်ဆောင်မှုတွေ နဲ့ ၊ လူသုံးကုန်ပစ္စည်း ကြော်ငြာ များကိုတော့ သင်တို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို Facebook မှ အသုံးပြုကာ သင့်ကို ပြသမည့်ကြော်ငြာ ကို ရွေးချယ်ကာပြသမည်ဖြစ်ပါကြောင်း ကြေညာခဲ့ပြန်ပါသည်။

 

Facebook မှ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြော်ငြာ ရှင်တွေဆီကို ဘယ်တော့မှ မရောင်းပါဘူး ထို့အပြင် Facebook အနေနဲ့ ၎င်းတို့ရဲ့ ကြော်ငြာ ရှင်များကို တိကျတဲ့ အကြောင်းအရာများကို မျှဝေမှာ မဟုတ်ပါဘူး ( ဥပမာ အားဖြင့်ဆိုသော် - သင့်နာမည် ၊ သင့် အီးမေလ်းလိပ်စာ ၊ အခြား ဆက်သွယ် ရမည့် လိပ်စာ ) စတာတွေကို သင့်အနေနဲ့ အခွင့်မပြုပဲ Facebook မှ ကြော်‌ငြာများ ရောင်းစားမှာ မဟုတ် ကြောင်း ရေးသားထားပါသည်။

 

Facebook မှ ကြော်‌ငြာ ရှင်များကို လည်း ၎င်း တို့ကြော်ငြာ ရဲ့ လုပ်ဆောင်မှု့ အချက်အလက်တွေကို ပြန်လည်တင်ပြခိုင်းမှာဖြစ်ပြီး Facebook မှ အဆင်မပြေ လောက်တဲ့ ကြော်ငြာ content မျိုးဆို လုံး၀ ပယ်ဖျက်ငြင်းပယ်ပြစ်မယ်သိရပါသည်။ကြော်ငြာ ရှင်များ အနေနဲ့ Digital Marketing ရဲ့ အဓိက အစိတ်ပိုင်းဖြစ်တဲ့ content တွေကို အဓိက အလေးထားရေးသားကြော်ငြာ သင့်ပါသည်။

 

အသုံးပြုသူများမှာ သင်တို့ရဲ့ ကိုယ်ရေး အချက်အလက်များကို စိတ်ကြိုက်ထည့်သွင်းဖော်ပြနိုင်သလို သင့်စိတ်နဲ့ သဟဇာတ ဖြစ်လောက်မည့် ကြော်ငြာ မျိုးသာ သင့်ဆီမှာ ပေါ်လာမှာပဲဖြစ်ပါတယ် ဒါမှ မက Facebook အသုံးပြုသူတွေ အနေနဲ့သင့်ရဲ့ Privacy ( ကိုယ်ရေး အချက်အလက် ) settings ကို ဝင်ရောက်ကာ သင်တို့ပြသချင်တာ ကို ပြသခွင့်ရအုံးမှာပါ။

 

Facebook က လာမည့် အောက်တိုဘာလ တွင် သင့်ကို ပေးမည့်ဝန်ဆောင်မှု များမှာ - သင့်ရဲ့ Facebook အသုံး ပြုတဲ့ အတွေ့အကြုံကို သင့်ကို ပြန်လည် မေးမြန်းမှာဖြစ်ပြီး သင့် အတွေ့အကြုံကို Facebook အား ပြန်လည် ပြောခွင့်ရအုံးမှာပါ။သင့်အနေနဲ့ Facebook အသုံးပြုကာ သင်စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ နှီးနှော ခွင့်ရအုံးမှာပါ။

 

သည့်အပြင် Facebook မှ သင်စိတ်ဝင်စားလောက်မည့် ပစ္စည်း ၊ ဝန်ဆောင်မှု စတာတွေနဲ့ မိတ်ဆက်ပေးအုံးမယ်သိရပါသည်။ အထက်ပါ Facebook ရဲ့ ဝန်ဆောင်မှုများအား အိုင်ယာလန်နိုင်ငံ Facebook လီမိတက်မှ ကိုင်တွယ်မယ်သိရပါသည်။

 

Shin Min Bo 

 

Ref : Facebook Announcement