ဒီလိုဖြစ်လာရခြင်းဟာ အသုံးပြုသူများမှာ ပြသတဲ့ Newsfeeds တွင် ကြော်ငြာရောင်းချခြင်းဖြင့် ငွေအဓိကဝင်နေသော အရာဖြစ်လာပြီး၊ Instagram မှာ ချိတ်ဆက်ထားသော စီးပွားရေး Post တွေကြောင့် Facebook ဟာ ပထမသုံးလပတ်အတွင်း ဝင်ငွေသည် ၂၆ ရာခိုင်နှုန်းတက်လာပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ သန်းဝင်ငွေ ရရှိခဲ့ပါတယ်။
နာမကျန်းသောကာလတွင် အောင်မြင်နေတဲ့လုပ်ငန်းများ
အဲဒီရရှိလာတဲ့ ဝင်ငွေပမာဏအတွက်ကြောင့် Facebook တည်ထောင်သူ Mark Zuckerberg က Instagram ကို ကျေးဇူးတင်ခဲ့ပြီး လတ်တလောမှာ ကြော်ငြာလုပ်ငန်း အသီးသီးအတွက် Checkout Button ကို Application ထဲမှာထည့်သွင်းသွားမှာ ဖြစ်သလို ၂၄ နာရီအတွင်း ပျောက်သွားတဲ့ Stories ခေါ် ဓာတ်ပုံနှင့် ဗီဒီယိုများသည်လည်း ကြော်ငြာလုပ်ငန်းရှင်များကို ဆွဲဆောင်ထားနေပါတယ်။
ဒါကြောင့် ၂ဝ၁၉ ခုနှစ်တွင်ရရှိလာမယ့် Facebook ရဲ့ဝင်ငွေများအနက် ၅ဝ ရာခိုင်နှုန်းဟာ Instagram မှ ရရှိမှာဖြစ်တယ်လို့ KeyBanc Capital Market ရဲ့စစ်တမ်းအရ သိရပါတယ်။ Instagram ဟာ နောက်လာမယ့် မျိုးဆက်သစ်များကိုပါ အသုံးပြုလာအောင် ထိထိရောက်ရောက် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref: mmbiztoday
Myanmar Advertising Directory