ပြီးခဲ့တဲ့ အင်္ဂါနေ့ က Facebook မှ ၎င်းတို့ရဲ့ နည်းဥပဒေသ အသစ်များကို ထုတ်ပြန်ခဲ့ပြီး Facebook မှ ရေးသား ခဲ့သည်က ၎င်းတို့ ဆိုရှယ် App ပေါ်မှာ ကမ္ဘာ့နှင့်တစ်ဝှမ်းကို စောင့် ကြည့်ကာ မည်သည့်စာစုမဆို ပြသနာ များ မည်ဆိုပါက တင်းကျပ်မှုတွေ ပြု လုပ်မည်လို့ ရေးသားထားပါသည်။
Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရဆိုရင် Facebook မှ ပိုပြီး သက်တောင့် သက်သာစွာပဲ ၎င်းတို့ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု တွေကို ပြောင်းလဲ သွားမှာဖြစ်ပြီး ထိုသို့ ပြောင်းလဲမည့် ထဲတွင် ဩစတေးလျနိုင်ငံ ပါဝင်ပါတယ် ထိုကဲသို့ ဝန်ဆောင်မှုတွေကို ပြောင်းလဲရခြင်းမှာ ၎င်း တို့ရဲ့ အသုံးပြုသူများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် ယခုကဲသို့လုပ်ဆောင်နေတယ်သိရပါသည်။
သို့ပေမယ့် Facebook မှ ဩဇီမှ အသုံးပြုသူများ ရဲ့ အကောင့်များကို သတင်း မျှဝေခွင့်ပိတ်တော့မယ်သိရပါသည်။ ဩဇီမှ Facebook ရဲ့ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Will Easton ရေးသားချက်အရ ပြသနာတွေက ရှုပ်လာနိုင်တာမို့ ဩဇီမှ စာရေးတဲ့ သူတွေ မည်သူမဆို ပြည်တွင်း သတင်း ဖြစ်ဖြစ် ပြည်ပ သတင်းဖြစ်ဖြစ် Facebook နဲ့ Instagram တွေပေါ်မှာတင်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ရပ်တန့်ရပါတော့မယ်ဆိုကာ ပြောကြားခဲ့ပြန်ပါသည်။
ဩစတေးလျ ရဲ့ ပြိုင်ဆိုင်မှု နဲ့ စားသုံးသူများကော်မရှင် Australian Competition and Consumer Commission (ACCC) မှ ဦးဆောင်သူ Rod Sims ပြောကြားချက် အရ Facebook အနေနဲ့ အခုလို အနေအထားဆိုးနေတဲ့ အချိန်မျိုးမှာ တုန့်ပြန်တာမျိုးဖြစ်ပြီး ဒါဟာ တရားမျှတမှု မရှိတဲ့ အပြင် Facebook ဟာ ၎င်း နဲ့ Google ရဲ့ ကြားက ဆက်ဆံရေးကိုပါ ထည့်မတွက်ခဲ့ဘူးဆိုကာပြောကြားထားပါသည်။
Myanmar Advertising Directory
Ref : BBC