Rules & Regulations

ဘီယာဓာတ်ပုံ Facebook မှ တင်ပြခဲ့ရာ ကြော်ငြာဥပဒေငြိစွန်းသဖြင့် ဒေါ်လာ ၄,၀၀၀ ဒဏ်ငွေဆောင်ရ

Read 3179 times
ဘီယာဓာတ်ပုံ Facebook မှ တင်ပြခဲ့ရာ ကြော်ငြာဥပဒေငြိစွန်းသဖြင့် ဒေါ်လာ ၄,၀၀၀ ဒဏ်ငွေဆောင်ရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံရှိ တရားရုံးတစ်ရုံးသည် ဘီယာဝါသနာအိုးတစ်ဦးဖြစ်သူ ထိုင်းနိုင်ငံသား Artid Sivahansapha အား အရက်ယမကာကြော်ငြာဥပဒေအား ဖောက်ဖျက်သည့်အတွက် ဒဏ်ငွေ ဘတ် ၁၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၃၇၀) နှင့်  ဆိုင်းငံ့ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။

သူ့အကဲဖြတ်ချက်နှင့် ဘီယာပုံတစ်ပုံကို Facebook ပေါ်မှာ တင်လိုက်သည့်အတွက် ယခုလို ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

စားသုံးသူများနှင့် အသေးစား စွန့်ဦးတီထွင်သူများအတွက် တရားမျှတမှု မရှိဟု ယုံကြည်သည့် ဥပဒေအား ပြောင်းလဲပေးစေရန် မျှော်လင့်ချက်ဖြင့် ၎င်း၏ ပြစ်ဒဏ်ကို အယူခံဝင်ရန် စီစဉ်နေကြောင်း Artid Sivahansaphan က  ပြောကြားခဲ့သည်။

.

၂၀၀၈ အရက်အဖျော်ယမကာထိန်းချုပ်ရေးအက်ဥပဒေသည် "အရက်ယမကာများ၏အမည် သို့မဟုတ် အမှတ်တံဆိပ်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာခြင်း သို့မဟုတ် ပြသခြင်း" ကို တားမြစ်ထားသည်။

.

 အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်နှစ်နှင့် ဒဏ်ငွေ ဘတ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄,၅၆၀) ဖြစ်ပါသည်။

  .

Artid သည် ၂၀၂၀ ခုနှစ်တွင် Facebook ပေါ်မှာ ပို့စ်တင်မှုအတွက် ဘန်ကောက်မြို့ မြောက်ဘက်နွန်သာဘူရီရှိ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

.

တရားရုံးက Artid ၏ ထွက်ဆိုချက်ကို အထောက်အကူဖြစ်စေသည်ဟု ယူဆသောကြောင့် ကနဦး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ရှစ်လနှင့် ဒဏ်ငွေ ဘတ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၈၂၀) ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်လနှင့် ဒဏ်ငွေ ဘတ် ၁၅၀,၀၀၀ သို့ လျှော့ချ‌ေပးခဲ့သည်။

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U