Global

တီယန်ကျင်းရှိ အလုပ်သမား ၂၆၀၀ ရှိတဲ့ Samsung စက်ရုံပိတ်သိမ်းခံရ

Read 2742 times
တီယန်ကျင်းရှိ အလုပ်သမား ၂၆၀၀ ရှိတဲ့ Samsung စက်ရုံပိတ်သိမ်းခံရ

ဒါပေမယ့် ယင်းစမတ်ဖုန်းကုမ္ပဏီနှစ်ခုစလုံးဟာ နိုင်ငံတကာဈေးကွက်အသီးသီးမှာ လက်မထောင်နိုင်ကြပေမယ့် ရုန်းကန်နေရတဲ့ ဈေးကွက်တစ်ခုရှိနေပါတယ်။ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ iPhone က တရုတ်ဈေးကွက်မှာ တရားဝင်ရောင်းချခွင့် ပိတ်ပင်ခံထားရမှုများရှိနေသလို Samsung ကလည်း အလယ်အလတ်တန်းနှင့် အဆင့်မြင့်စမတ်ဖုန်းဈေးကွက်မှာ တရုတ်စမတ်ဖုန်းကုမ္ပဏီများကို မယှဉ်နိုင်အောင်ဖြစ်နေပါတယ်။

Samsung ဟာ တရုတ်ဈေးကွက်မှာ မအောင်မြင်ရတဲ့ အကျိုးဆက်အနေဖြင့် ၂၀၁၉ ခုနှစ် အစမှာပဲ တီယန်ကျင်းရှိ စမတ်ဖုန်းစက်ရုံကို ပိတ်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။ Samsung ဟာ တရုတ်စမတ်ဖုန်းဈေးကွက်မှာ ဒုတိယမြောက် စမတ်ဖုန်းစက်ရုံပိတ်သိမ်းရမှုလည်း ဖြစ်ပါတယ်။ ယင်းမတိုင်မီ သူတို့ဟာ ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းခန့်တုန်းက ရှန်ကျန်းမှစမတ်ဖုန်းစက်ရုံကို ပိတ်သိမ်းခဲ့ရပြီးပါပြီ။

Read More >>> သင်မသိသေးတဲ့ Supreme Brand အကြောင်း

တီယန်ကျင်းရှိ Samsung စမတ်ဖုန်းစက်ရုံမှာ အလုပ်သမားပေါင်း ၂၆၀၀ ဝန်းကျင်ရှိပြီး ယင်းမှအလုပ်သမား ၉၀ ရာခိုင်နှုန်းတို့က နုတ်ထွက်စာမှာ လက်မှတ်ရေးထိုးပြီး နစ်နာကြေးရယူခဲ့ကြပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းကတော့ Samsung ရဲ့ အခြားတရုတ်စက်ရုံများမှာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

တကယ်တော့ Samsung ဟာ တရုတ်ဈေးကွက်မှာ ရောင်းအားကျဆင်းမှုတွေနဲ့ ကြုံလာခဲ့ရတာကြာမြင့်ပြီဖြစ်ပြီး နောက်ဆုံးသုံးနှစ်တာကာလအတွင်းမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီများက စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချမှုနှင့်အတူ အထူးတလည်ရုန်းကန်လာခဲ့ရပါတယ်။ ဒါကြောင့်လည်း Samsung ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ကို အထူးအာရုံစိုက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက လုပ်ဆောင်လာခဲ့တာတွေ့ရပါတယ်။

Samsung ဟာ တရုတ်စမတ်ဖုန်းဈေးကွက်မှာ အလွယ်တကူတော့လက်လျှော့မှာမဟုတ်ပါဘူး။ ၎င်းတို့ဟာ လက်ရှိကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်တာနဲ့အညီ တရုတ်ဈေးကွက်မှာ ဈေးကွက်ရှယ်ယာများစွာရရှိဖို့ ဈေးကွက်ဗျူဟာများ ချမှတ်လုပ်ဆောင်နေပါတယ်။

Source; NetGuide Journal (Every Wednesday)