နံပါတ် တစ် ထိုင်ပြီး စိတ်ညစ်နေတာရယ် နံပါတ် နှစ် အဲ့အရှုံးကို သေချာခွဲခြမ်းစိတ်ဖြာပြီး ဘယ်နေရာမှားနေသလဲ အဖြေရှာပြီး နောက်ထပ်တခါ မတူညီတဲ့ နည်းလမ်းနဲ့ ပြန်ကြိုးစားတာရယ်။ ကျန်တော့ကတော့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ရွေးချယ်မှုပဲ။
ဒီမှာ ကျွန်တော်ကနေပြီးတော့ ဘာလို့ လူတွေကျရှုံးရသလဲကို တိုတိုတုပ်တုပ် ဖော်ပြပေးသွားမယ်။
(၁) ဇွဲမရှိခြင်း
လူအများစုအတွက် ရှုံးနိမ့်ရတယ်ဆိုတာက ပညာမတတ်လို့ မဟုတ်ဘူး။ ရှင်းရှင်းလေးပဲ ဇွဲမရှိလို့ ၊ အဆုံးထိ မလျှောက်ရဲလို့။ ဇွဲ နဲ့ ကြံ့ကြံ့ခံနိုင်ခြင်း ဆိုတဲ့ အရည်သွေး ၂ ခုကို မွေးထားပါ။ အဆုံးထိ သွားရဲမယ့် နေရာမှာ ဇွဲ ကို ချသုံးပါ။ ရှောင်ကြဉ်ရမယ့် ကိစ္စတွေမှာ ကြံ့ကြံ့ခံနိုင်ခြင်း ကို ချသုံးပါ။
ဒါပေမယ့်လို့လဲ ဇွဲကြီးပဲရှိနေလို့လဲ မဖြစ်သေးပါဘူး။ နည်းလမ်း အသစ်ကလေး ဘာလေးလဲ စဉ်းစားပြီး ကြံဖန်ဦးပေါ့။ ဒါမှလည်း ဘ၀မှာ မကျရှုံးမှာ။
(၂) ယုံကြည်ချက်မရှိခြင်း
ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်မယုံကြည်တဲ့ သူတွေဟာ အလယ်ခေါင်ကနေ ဟိုကပ်ရမလိုလို.. ဒီကပ်ရမလိုလိုနဲ့ နေနေတတ်ပါတယ်။ အလယ်မှာနေတော့ ဘာဖြစ်သတုန်း? ဖြတ်နင်းခံရမှာပေါ့။ အဲ့လိုလူတွေမှာ သတ္တိနဲ့ ယုံကြည်ချက်ဆိုတာ မရှိတတ်ကြဘူး။ အထက်လူကြီးရဲ့ လက်ခံမှုကို ရရှိဖို့အတွက် သူတို့က နာခံကြတတ်ကြတယ်။
အဲ့တော့ ကိုယ်ဘာလုပ်ချင်သလဲ စဉ်းစားပါ။ ၀ါသနာပါရာကို လုပ်ပါ။ အောင်မြင်မှုတွေအတွက် အတူတူလက်တွဲပြီး ဖော်ဆောင်သွားတယ်ဆိုတာ မှန်ကန်တဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် ဘယ်တော့မှ ကိုယ်ရဲ့ တန်ဖိုးကို အကျမခံပါနဲ့။
(၃) အကြမ်းမျဉ်းပဲ မြင်တတ်ခြင်း
အောင်နိုင်သူတွေဟာ သေချာ ခွဲခြမ်းစိတ်ဖြာတတ်ပါတယ်။ သို့သော် ကျရှုံးသူတွေကတော့ အမြဲလိုလို အကြမ်းမျဉ်းပဲ လုပ်တတ်ကြပါတယ်။ ဒီ့အပြင်ကိုမှ ကျရှုံးသူတွေဟာ အကြောင်းပြချက်တွေလဲ တသီကြီး ရှိတတ်ကြပါသေးတယ်။
သင့်အမြင်ကိုပြောင်းလိုက်ပါ။ မအောင်မြင်ခဲ့တဲ့ လုပ်ရပ်တိုင်းကို ကျရှုံးမှုလို့တော့ မသတ်မှတ်လိုက်ပါနဲ့။ ခုလုပ် ခုအောင်မြင်တယ်ဆိုတာ ၁၀၀ မှာ ၁ ယောက်မရှိပါဘူး။ အဲ့တော့ ကျွန်တော်တို့တွေဟာ ကိစ္စတခုကို အောင်မြင်အောင်လို့ အကြိမ်ကြိမ်ခါခါ ကြိုးစားရတတ်ကြပါတယ်။ အဲ့တော့ ဒီနေ့လုပ်ရပ်တွေ မအောင်မြင်ခဲ့ရင် ဘာကြောင့်လဲ ဆိုတာ သေချာ ခွဲခြမ်း စိတ်ဖြာပေးပြီး အဖြေကို သေချာရှာပါ။ ဘယ်တော့မှ အကြမ်းမျဉ်း မသုံးသပ်ပါနဲ့.. ဒါဟာ သင့်ဘ၀ပါ မြန်မာပြည်က စာမေးပွဲစစ်သလို အကြမ်းမျဉ်း အမှတ်မပေးလိုက်ပါနဲ့။
(၄) အတိတ်ကို တန်ဖိုးမထားခြင်း
လူတချို့ဟာ လေ့လာရင်းနဲ့ ရှင်သန်တယ် ၊ တချို့ကျတော့ ရှင်သန်ရုံသာ ရှင်သန်ကြတယ်။ ကျွန်တော်တို့သာ စိတ်ထားတတ်မယ်ဆိုရင် ကျရှုံးမှုတွေဆိုတာဟာ အကောင်းဆုံးသော ဆရာတွေပါပဲ။ ဥာဏ်ရှိတဲ့သူကတော့ သူတို့ရဲ့ အမှားတွေကနေ သင်ယူတတ်ကြတယ်။
တချို့ကျတော့ အတိတ်ကို မေ့ပစ်တာမျိုး ၊ အမှားထဲက သင်ခန်းစာကို တန်ဖိုးမထားကျပေ။ ဘယ်တော့မှ အဲ့လို မလုပ်ပါနဲ့။
(၅) စည်းကမ်းမထားတတ်ခြင်း
ကိစ္စကြီးတခုခုကို အောင်မြင်အောင် လုပ်သွားနိုင်တဲ့သူတွေဟာ စည်းကမ်းဆိုတာ မပါလာပဲနဲ့ လုပ်လို့မရပါဘူး။ စည်းကမ်းဆိုတာ မိမိကိုယ်ကို ထိန်းချုပ်ခြင်း ၊ မလိုလားအပ်တာကို စွန့်လွှတ်ခြင်း နှင့် အာရုံနောက်စေမယ့်အရာတွေနဲ့ စိတ်လိုအင်ဆန္ဒတွေကို ရှောင်ရှားခြင်းတို့ကို ဆိုတာဖြစ်ပါတယ်။ အတိုကတော့ အလုပ်အပေါ် အာရုံထားစေခြင်းပါ။
အတင်းအကြပ်ကြီး လုပ်စရာမလိုပါဘူး။ ကိုယ့်ဘောင် ၊ ကိုယ့်စည်း ၊ ကိုယ့်ကမ်းနဲ့သာ သွားပါ။ ရပ်ကွက်စကားအရဆိုရင်တော့ ကိုယ့်အထာနဲ့ ကိုယ်နေပြီး ကိုယ့်အလုပ်ကို ကိုယ်သာလုပ်ခြင်းပင်။
(၆) မိမိကိုယ်ကို မိမိ မလေးစားတတ်ခြင်း
ကိုယ့်တန်ဖိုးကို ကိုယ်အလေးမထားခြင်းနဲ့ ကိုယ့်ကိုကို မလေးစားတတ်ခြင်းဟာ အဆိုးဆုံးသော မူးယစ်ဆေးတမျိုးပါ။ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ကိုယ်ဖန်တီးတာထက် အများကို အပြစ်တင်ပြီး စိတ်ပျက်နေတတ်တဲ့ သူတွေဟာ ကျရှုံးရုံသာမက အရှုံးတွေထဲမှာ မွေ့လျော်နေတတ်တဲ့ သူတွေပါ။
ဘယ်တော့မှ ကိုယ့်ကိုကိုယ် အရှုံးသမားလို့ တံဆိပ်မကပ်လိုက်ပါနဲ့။ သင့်ကိုသင် ပန်းတိုင်တခုစီကို လက်ခမောင်းခပ်ပြီး ချီတက်သွားတဲ့ သူတယောက်လို့ တွေးထင်လိုက်ပါ။ အဓိကကတော့ Respect Yourself.
(၇) သောက်ကျိုးနဲ စိတ်ထား
အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းဆိုတာကို ကံတရားရဲ့ လက်ထဲကို ထည့်ထားတတ်တဲ့ စိတ်ထား ၊ ကြိုးစားအားထုတ်မှုတွေ အားလုံးကို လစ်လျူရှုပြီး ကံကိုပုံအပ်တတ်တဲ့ စိတ်ထား ၊ သူ့အလိုလို ဖြစ်လာပါလိမ့်မယ်လို့ ထင်တတ်တဲ့ စိတ်ထားတွေပေါ့ဗျာ…။
မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ငါဟာ ငါ့ဘ၀အတွက် တာဝန်ရှိတယ်လို့ နေ့တိုင်းပြောပေးပါ။ တလောကလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိပေမယ့် သင့်ဘ၀ကို သင် အရင်ထက်ပိုပြီး ထိန်းသိမ်းစွာ နေတတ်လာမှာပါ။ အဲ့တော့ စိတ်ထားကို မှန်အောင်ထားပါ။ သောက်ကျိုးနဲ စိတ်ထားမဖြစ်ပါစေနဲ့။
Credit;Lungemedia