Life Hacks

လူတွေ ဘယ်အချိန်မှာ ရှုံးနိမ့်သလဲ????

Read 620 times
လူတွေ ဘယ်အချိန်မှာ ရှုံးနိမ့်သလဲ????

တိတိပပပြောရရင်တော့ "အခက်အခဲ" တွေကို "ရှုံးနိမ့်ခြင်း" လို့ မြင်သွားတဲ့အခါ တကယ် ရှုံးသွားတာပါပဲ..

အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်။ ဖြူတဲ့သူ.. မဲတဲ့သူ.. လှတဲ့သူ.. မလှတဲ့သူ.. ချမ်းသာတဲ့သူ.. ဆင်းရဲတဲ့သူ..
အားလုံးမှာ ကိုယ်စီအခက်အခဲတွေ ရှိတတ်ကြတယ်..။ ကွာသွားတာက အောင်မြင်တဲ့သူက အခက်အခဲကို ကျော်လွှားပြီး..
မအောင်မြင်တဲ့သူက
အခက်အခဲရှေ့မှာ ဒူးထောက်ချလိုက်တယ်..။ ဒါပဲ ကွာသွားတာ...။

ဒီတော့ ကြုံလာတဲ့အခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ မမြင်မိဖို့လိုတယ်။

ဒီတစ်နည်းနဲ့ မအောင်မြင်ရင် နောက်တစ်နည်းနဲ့ ကြိုးစားရမယ်။ နောက်တစ်နည်းနဲ့မှ မရရင် နောက်ထပ်တစ်နည်း။
ဒီတစ်ခေါက်နဲ့ မအောင်မြင်ရင် နောက်တစ်ခေါက် ကြိုးစားရမယ်။ နောက်တစ်ခေါက်မှ မရရင် နောက်ထပ်တစ်ခေါက်။
အဲဒီ့လိုတွေးတတ်တဲ့သူတွေအဖို့ ရှုံးနိမ့်ခြင်းဆိုတာ မရှိဘူး။ မအောင်မြင်သေးတာပဲ ရှိတော့တယ်။
(ရှုံးနိမ့်တာနဲ့ မအောင်မြင်သေးတာက အတော်ကိုကွာခြားတယ်နော်)
ဒီတော့ တစ်ခုခု ကြုံလာတိုင်း လက်လျော့ရမယ့် ရှုံးနိမ့်ခြင်းလို့ မတွေးဘဲ ကျော်လွှားရမယ့် အခက်အခဲလို့ တွေးရင်း ရှေ့ဆက်ခရီးတွေ အများကြီးဆက်နိုင်ပါစေဗျာ...

 Read-ကြောက်နေရင် တစ်သက်လုံးရှုံးမှာပဲ...

Source; ရွှေညာမောင် (Focus Youth)