Tips

ကမ္ဘာကျော်လုပ်ငန်းရှင်တွေ လုံးဝမသုံးပဲရှောင်ရှားတဲ့ စကားလုံးအသုံးအနှုန်း(၄)ခု

Read 7918 times
ကမ္ဘာကျော်လုပ်ငန်းရှင်တွေ လုံးဝမသုံးပဲရှောင်ရှားတဲ့ စကားလုံးအသုံးအနှုန်း(၄)ခု

ဒါပေမယ့် အောင်မြင်မှုတွေရရှိထားတဲ့ ကမ္ဘာကျော်လုပ်ငန်းရှင်တွေကတော့ ဘယ်လိုစကားအသုံးအနှုန်းများ ကိုရှောင်ရှားပြီး၊ ဘယ်လိုလွှမ်းမိုးမှုရှိအောင် ပြောရမလဲဆိုတာ နားလည်ပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်တွေက အောက်ကစကားလုံးအသုံးအနှုန်းတွေကို သုံးလေ့မရှိပါဘူး။ ဒါတွေက ဘာတွေလဲဆိုတာကို အောက်မှာဖော်ပြပေးမှာပဲဖြစ်ပါတယ်။

(၁) ခုလေးတင် (Just)

ဒီစကားလုံးဟာ ကိုယ့်ကိုကာကွယ်တဲ့ စကားလုံးမျိုးဖြစ်ပြီး၊ ကိစ္စတစ်ခုအရေးပါမှုကို လျော့ကျစေပါတယ်။ တကယ်လို့ ကိုယ်ဟာ E-mail မစစ်ရသေးဘဲ ဒီ E-mail ဟာ အချိန်နဲ့အခြားအရာ ဆောင်ရွက်စရာတွေလိုရင်၊ အရေးမကြီးသလို ပုံစံမျိုးမလုပ်ပြသင့်ပါဘူး။ ဒီလိုလုပ်ဆောင်ခြင်းဟာ စိတ်ထဲမှာအခြားသူအတွက် ရန်လိုမှုတွေဖြစ်ပေါ်စေပြီး၊ မကျေနပ်မှုနဲ့မိမိရဲ့လုပ်ပိုင်ခွင့်ကို လျော့ကျစေပါတယ်။

(၂) ကျွန်တော်ထင်တာကတော့

ဘာတွေလုပ်လုပ်၊ တွေးတွေး အရာအားလုံးကအတွေးထဲက စတင်တာပါ။ ဒါပေမယ့် စကားလုံးတိုင်းမှာ "ကျွန်တော်ထင်တာကတော့" ဆိုတာကိုတော့ မသုံးသင့်ပါဘူး။ ဒီစကားလုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ဟာ "မင်းထင်တာမှားချင်ရင်မှားလိမ့်မယ်" ဒါပေမယ့် "ကျွန်တော်ထင်တာကတော့" လို့ ပြောတဲ့အတွက် မှားလည်းအဆင်ပြေတယ်လို့ ဆိုလိုချင်တာဖြစ်သွားပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုကာကွယ်တဲ့ ပုံစံလည်းဖြစ်ပါတယ်။ဒီလိုအသုံးပြုခြင်းဟာ ကိုယ့်စကားလုံးရဲ့ Power ကိုကျစေပြီး၊ ကိုယ့်ရဲ့အမြင်ကို အခြားလူသဘောမတူပေမယ့်လည်း ရဲရဲဝံ့ဝံ့ထုတ်ပြောဖို့လိုပြီး လေးစားမှုပိုလာမှာဖြစ်ပါတယ်။

Read More>>> ကမ္ဘာ့နံပါတ်(၁)ဖြစ်လာအောင် Amazon Brand ဘယ်လိုရင်းနှီးမြှုပ်နှံခဲ့လဲ?

(၃) အရမ်း သေချာလွန်းသောပုံစံ

ကိုယ်ပြောလိုတဲ့စကားမှာ " အရမ်း၊ လုံးဝသေချာတယ် " စတဲ့ စကားလုံးတွေသုံးခြင်းအားဖြင့် မိမိပြောလိုတဲ့ Message ကို ပိုကောင်းလာစေမှာမဟုတ်ပါဘူး။ "ကျွန်တော်အရမ်းစိတ်လှုပ်ရှားတယ်" ဆိုတဲ့စကားထက် "ကျွန်တော် စိတ်လှုပ်ရှားစေတယ်" ဆိုတဲ့ စကားကပိုမိုကောင်းမွန်ပါတယ်။ ဒီလိုသုံးနှုန်းခြင်းအားဖြင့် Drama ဖြစ်စေပြီး၊ စကားလုံးနည်းနည်းက ပိုမိုထိရောက်ပါတယ်။

(၄) စိတ်မပူနဲ့ ၊ ကျွန်တော်ကြိုးစားမယ်

"ကျွန်တော်ကြိုးစားမယ်" ဆိုတဲ့ စကားလုံးဟာ ကိုယ့်အရည်အချင်းကို မယုံကြည်တဲ့သဘောမျိုး ဖြစ်သွားစေပါတယ်။ ကိစ္စတစ်ခုကိုလုပ်ဖို့ ကြိုးစားကြည့်မယ်ဆိုတဲ့ စကားဟာ၊ ကြားရသူအတွက် စိတ်ရှုပ်ကာ၊ ကိုယ့်မန်နေဂျာ ကလည်း သင်ဟာကြိုးစားဖို့တောင် ယုံကြည်မှုမရှိသူလို့ ထင်မှတ်စေပါတယ်။ နောက်တစ်ချက်က "စိတ်မပူနဲ့" ဆိုတဲ့စကားဟာ မိမိကိုယ်ယုံကြည်မှုလွန်ကဲသူအဖြစ် ထင်စေပြီး၊ ကိုယ့်လူတွေကို ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မသိစေဘဲ၊ အခြားလူတွေက မလုပ်နိုင်သလိုဖြစ်စေပါတယ်။ ခေါင်းဆောင်ဆိုတာ ကိုယ့်လူတွေကို အားပေးဖို့ဖြစ်ပြီ၊ သူတို့ power မရှိသလိုမထင်စေသင့်ပါဘူး။

Source: Forbes
Myanmar Advertising Directory