Outdoor Advertising

2018ခုနှစ်မှာ ပရိတ်သတ်အများဆုံး ရရှိနေတဲ့ Celebritiesတွေက ဘယ်သူလဲ?

Read 10432 times
2018ခုနှစ်မှာ ပရိတ်သတ်အများဆုံး ရရှိနေတဲ့ Celebritiesတွေက ဘယ်သူလဲ?

ထိပ်ဆုံးမှာ ရပ်တည်နေသူကတော့

ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေသာမက မမ၊အန်တီတို့ပါ ကြိုက်နှစ်သက်တဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ပါ။ သူကတော့ fanတွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ရရှိထားသူဆိုလည်း မမှားပါဘူး။ စိုင်းစိုင်းက သူ့ချစ်သော ပရိတ်သတ်တွေအတွက် Birthday Show ကို April 10 ရက်နေ့ ရန်ကုန်မှာ ကျင်းပပေးမှာနော်။

ဒုတိယနေရာမှာ ဘယ်သူရှိမလဲ???

သူကတော့ အသားဖြူဖြူ၊ ချစ်ဖို့လည်းကောင်းတဲ့အပြင် သရုပ်ဆောင်တာပါအရမ်းကောင်းပြီး ကစ် လို့ ကိုယ့်ကိုယ်ကိုယ် ပြောတတ်သူလေး ၀တ်မှုံရွှေရည် ပါ။ မကြာခင်မှာ ရုံတင်ပြသမယ့် ဇာတိမြေမှာ ကစ်ရဲ့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကလည်း fanတွေကို စိတ်ကျေနပ်မှု အပြည့်အ၀ရရှိစေမှာပါ။

တတိယနေရာမှာတော့ ယောက်ျားလေး ပရိတ်သတ်တွေ ၀န်းရံထားကြတဲ့ rockerကြီး လေးဖြူ ပါ။ အချစ်၊အမုန်း တွေသာမက ဘ၀အတွက်ခွန်အားပေးနိုင်တဲ့ သီချင်းကောင်းများစွာကို သီဆိုနေသူပါ။

Celebrities

 

နောက်ထပ်ကတော့ နံပါတ်၎နေရာမှာ ချစ်သက်လို့ ချစ်စနိုးခေါ်ကြတဲ့ သက်မွန်မြင့်ပါ။

နံပါတ်၅နေရာမှာတော့ လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားပေးစာတွေကို ရေးသားနေတဲ့ မိုးရှင်း (I.M.T) ပါ။ လက်ရှိမှာ စာအုပ်သုံးအုပ်ထွက်ရှိထားပြီး best seller စာရင်းဝင်စာအုပ်တွေလည်း ဖြစ်ခဲ့ပါတယ်။

နံပါတ်၆နေရာမှာတော့ မြန်မာ့စပါးကြီးမြွေလို့ လူသိများတဲ့ Aung La Nsang ပါ။

အဆိုတော်တွေဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်း မိစန္ဒီ နီနီခင်ဇော် တို့က နံပါတ် ၇၊ ၈၊ ၉ နေရာမှာ ရပ်တည်နေပါတယ်။

နံပါတ် ၁၀နေရာမှာတော့ ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ကျော်သူပဲဖြစ်ပါတယ်။ ပကာသနမဖက် အများအကျိုးအတွက် လုပ်ဆောင်နေတဲ့ ပရဟိတ လူသားတစ်ဦးဆိုလည်း ငြင်းဖွယ်ရာမရှိပါဘူး။

celebrities 01

ကိုယ်အားပေးတဲ့ Celeတွေထဲက ဘယ်သူတွေပါလဲဆိုတာ ပြောခဲ့ဦးနော်။

ှSource; social bakers