Tips

တရုတ်နည်းပညာလုပ်ငန်းကြီးများ အမြတ်နည်းပါးသော်လည်း ဖက်ရှင်မက္တာဗာ့စ် စတင်လုပ်ကိုင်

Read 3961 times
တရုတ်နည်းပညာလုပ်ငန်းကြီးများ အမြတ်နည်းပါးသော်လည်း ဖက်ရှင်မက္တာဗာ့စ် စတင်လုပ်ကိုင်

တရုတ်နိုင်ငံမှ ByteDance  ,  Tencent Holdings အပါအဝင် နည်းပညာ လုပ်ငန်းကြီးများက လတ်တလောကာလမှာ အမြတ်အစွန်း ရနိုင်ခြေ နည်းပါးနေဆဲဖြစ်တဲ့ ဖက်ရှင်မက္တာဗာ့စ် fashion metaverse မှာ ခြေချထားကြပါတယ်။

 

TikTok ပိုင်ရှင် ByteDance က ဒစ်ဂျစ်တယ်ဖက်ရှင်အက်ပ် ထုတ်လုပ်ဖြန့်ဖြူးထားပါတယ်။

Douyin e-commerce ပလက်ဖောင်းနှင့် ချိတ်ဆက်တွဲဖက် လုပ်ကိုင်နိုင်တဲ့အပြင် ByteDance မှ ထုတ်လုပ်ထားတဲ့ Pico virtual reality headset နှင့်လည်း ချိတ်ဆက်တွဲဖက် သုံးစွဲနိုင်ပါတယ်။ 

 

လူမှုရေးရာ e-commerce အက်ပ်ဖြစ်တဲ့  Xiaohongshu  က virtual ဖက်ရှင်ပစ္စည်းတွေကို  non-fungible tokens (NFTs)များအနေဖြင့် ရောင်းချပါတယ်။ 

ဂိမ်းနှင့် မီဒီယာ မဟာလုပ်ငန်းကြီး Tencent Holdings မှာ တရုတ်ပြည်တွင်းအတွက်သာ ထုတ်လုပ်ထားတဲ့ PUBG မိုဘိုင်းဂိမ်းဖြစ်တဲ့ Peacekeeper Elite ဂိမ်းအတွက် ဖက်ရှင် brand အချို့နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ်။ 

 

တရုတ်အစိုးရက ၂၀၂၁ စက်တဂ်ဘာလမှာ ခရစ္စပတိုငွေကြေးဖြင့် ငွေပေးငွေယူလုပ်ကိုင်တာကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။ အဲဒါကြောင့်

 မက်တာဗာစ်မှာ ခရစ္စပတိုဖြင့် ရောင်းချတဲ့ လုပ်ငန်းတွေ တရုတ်ပြည်တွင်းဈေးကွက်မှာ လုပ်ကိုင်နိုင်ခြင်းမရှိတာက အနောက်တိုင်းမှ မက်တာဗာ့စ် လုပ်ငန်းတွေအဖို့ ကြီးမားတဲ့ကန့်သတ်ချက် ဖြစ်နေစေပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှ တရုတ်ပြည်မှ လုပ်ငန်းများကို  ယှဉ်ပြိုင်ခွင့် ဆုံးရှုံးနေစေပါတယ်။

မက်တာဗာ့စ်မှာ ငွေဝင်ရှာဖို့ လမ်းကြောင်းပေါ်မှာ တရုတ်လုပ်ငန်းများသာ ရှိနေစေပါတယ်။ ဈေးကွက်ကလည်း နုနယ်နေဆဲ ဖြစ်ပါတယ်။

 

MyanmarAdvertisinfGuide