လုပ်ချင်တာလုပ်လိုက်တဲ့ အချိန်မှာသာ ပျော်ရင်ပျော်မယ် နောင်တရရင်တော့ အသေအကြေခံစားတတ်ကြတာလူ့သဘာဝလို့ဆိုရမှာပါပဲ။
ဒီတော့ ကိုယ့်ဘဝမှာဘယ်အရာပဲ လုပ်လုပ် နောက်ဆုံး မအောင်မြင်ပဲ မှားသွားပါတယ်ဆိုရင်တောင် နောင်တကင်းကင်းနဲ့ ကိုယ့်စိတ်လေး Free ဖြစ်နေစေဖို့အတွက် ဘယ်လို Try သင့်သလဲ???
တစ်စုံတစ်ခုကို မလုပ်ခင်မှာ ဒီအရာကို ကိုယ်လုပ်ဖို့ရည်ရွယ်လိုက်တာဟာ ဘာကြောင့်လဲ၊ ဘယ်လိုရည်ရွယ်ချက်ကြောင့်ကိုယ်ဒီအရာကိုလုပ်မှာလဲ? တကယ်ရောစိတ်အားထက်သန်တဲ့အရာလားဆိုတာကိုတွေးပြီးမှလုပ်ပါ။
တစ်စုံတစ်ခုကို လုပ်ပြီးသွားတဲ့အချိန်မှာ ကိုယ်လုပ်ခဲ့ပြီးပြီး ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ်ကိုယ်လုပ်ခဲ့လိုက်တဲ့အရာအတွက် အမြဲ တာဝန်ယူနိုင်တယ်ဆိုတဲ့စိတ်လေးထားပါ။
တစ်စုံတစ်ခုကို လုပ်ပြီးလို့ Result ထွက်လာတဲ့အချိန်မှာ ကိုယ်လုပ်လိုက်တဲ့အရာဟာ ကောင်းတဲ့ Result ထွက်မလာလည်း ဒီအရာပေါ် ကိုယ်ကြိုးစားခဲ့တာတွေ ပြန်တွေးပြီးဘယ်နေရာလိုသွားလည်းဘာတွေချို့ယွင်းသွားလည်းဆိုတဲ့ အဖြေကိုပြန်တွေးတတ်ဖို့ပဲလိုပါတယ်။
ဒီလိုနေတတ်ရင်တော့သင့်ဘဝမှာ အရင်ကထက်နောင်တတွေလျော့လာမှာအသေချာပါပဲ.....
Credit;Trend.com.mm