တွေ့ရပါလိမ့်မယ်.. အချို့ အလွန်ပြည့်စုံ တယ်.. အချို့ အလွန်ချို့တဲ့ တယ် .. အချို့ သန်မာကြတယ်.. အချို့ အားနည်းကြတယ်..
အချို့ ပျော်ရွှင်ကြတယ်.. အချို့ ၀မ်းနည်းကြတယ်.. အချို့ ပညာတတ်မြောက်ကြတယ်.. အချို့ ပညာမတတ်မြောက်ကြဘူး.. ။
ဒီလို အကြောင်းတရားတွေကို ခြုံ ကြည့်ရင် ပေးထားတဲ့ သဘာဝ တရားက ကျွန်တော်တို့ အပေါ် မျှမျှတတ ဆိုတဲ့ အခြေခံ စည်းမျဉ်း ဆိုတဲ့ အရာပေးထားခြင်း တွေ့ရမှာ မဟုတ်ပါဘူး..။
ရင်ဆိုင်ရမယ်
ကျွန်တော်တို့ ကနဦး အစ မှာတော့ ရရှိထားတဲ့ အကြောင်းတရားတွေ မှာ မျှမျှတတ မရှိ တာကို တွေ့ရပေမယ့်..
အဲ့ဒီ မမျှတ မှု တွေကို ကျွန်တော်တို့ မျှမျှတတ ဖြစ်အောင် နောက်ဆုံးအသက် ရှင်ချိန် အထိ ကြိုးစား လုပ်ဆောင်ကြရမှာပဲ ဖြစ်တယ်..။
သူတို့ ဘယ်လို ဖြေရှင်းခဲ့လဲ
တိုက်ပွဲ တစ်ခု မှာ ရဲဘော်တစ်ယောက် မိုင်းထိ ပါတယ်.. ကံကောင်းထောက်မ စွာပဲ အသက်မသေခဲ့ပါဘူး..
ဒါပေမယ့် ခြေထောက် ပြတ်သွားပါတယ်..။
သန်မာခြင်း ဆိုတဲ့ မျှတမှု အခြေအနေကို ပြန်ရအောင် ဘယ်လိုမှ ကြိုးစားလို့ မရတော့ပေမယ့် .. သူ ဖြေရှင်းခဲ့ပုံက ခြေထောက်မရှိတာထက် စာရင်
ခြေထောက် အတု တစ်ခု တပ်ပြီး အသက် ရှင်သွား တာက ပို အဆင်ပြေမယ်ဆိုပြီး ခြေထောက်အတု တပ်ဖို့ ကြိုးစားပါတယ်..။
လူတစ်ယောက် က ငယ်ငယ်တုန်းကတည်းက စာအလွန်ဖတ်တယ် .. အသက် 25 လောက်မှာ သူမျက်စိတွေ မှုန်ဝါးလာတယ်..
သူ့ အနေနဲ့ ကြည်လင်ပြတ်သားမှု ဆိုတဲ့ *မျှတမှု* အခြေအနေကို ပြန်ရောက်အောင် .. သူ ဖြေရှင်းခဲ့ပုံက သူနဲ့ ကိုက်ညီမယ့် ပါဝါ မျက်မှန် တစ်လက် ကို ၀ယ်တပ်ဖို့ သူကြိုးစားခဲ့တယ်..။
လူငယ်တစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်မယ် ဆိုပြီး မြစ်ကမ်း ဘေးကိုလာတယ်.. ရေထဲခုန်ချ ပြီး အဆုံးသတ်လိုက်တော့မယ် ပေါ့..။
သူက အလွန် ဆင်းရဲ အဆင်မပြေ ခြင်းများစွာရဲ့ ပြယုဂ် တစ်ခုလို့တောင် သူ့ကိုယ်သူ သတ်မှတ်ထားသူ..
လူတကာရဲ့ နှိမ်ချ ခြင်းခဲ့ ရတော့ ထိုလူငယ်လေး ခဗျာ သူ့ဆုံးဖြတ်ချက် ကို အတည်ပြု တော့မယ့် အချိန်
မြစ်ကမ်းဘေး လမ်းလျှောက်လာတဲ့ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် သူ ဘ၀ ရဲ့ *မျှတမှု* ကို သူပြန်လည် ရှာဖွေခဲ့ပုံက...
တပ်မတော် အကြီးကြီး တစ်ခု လုံးကို ခေါင်းဆောင်အဖြစ် နေရာ ယူ နိုင်ခဲ့ပြီး ဒုတိယ ကမ္ဘာ စစ် ကြီး တစ်ခုလုံးကို လည်း မီးမွှေးခဲ့ သူ အဒေါ့ ဟစ်တလာ အဖြစ် သူကြိုးစားခဲ့တယ်..။
စစ်ဘေးဒုက္ခ ခံစားနေရတဲ့ နိုင်ငံက လူတစ်ယောက်ပေါ့..
သူ့နိုင်ငံက စစ်ရှုံး နေခဲ့ပြီ.. သူနိုင်ငံက ပြည်သူပြည်သားတွေ အတွက် လွတ်လပ်မှုနဲ့ စစ်ရှုံးနေမှု ကို ရပ်တန့်ချင်တဲ့ *မျှတမှု* ကို သူဖြေရှင်းခဲ့ပုံက..
သူက ဟိုမို တစ်ယောက် (ယောက်ျားချင်းစိတ်ဝင်စားသူ) .. ဒါပေမယ့် အဲ့ဒီ ခေတ်မှာ ဟိုမို ဆိုတာ သိတာနဲ့ သူတို့ နိုင်ငံမှာ တရားစီရင်မှုကို ခံရမှာ ဖြစ်တယ်...
ဟိုမို ဖြစ်နေတာကို သိတာနဲ့ တစ်ပြိုင်နက် သူ့ နိုင်ငံကို လွတ်အောင် ရုန်းပေးဖို့ သူကိုယ်တိုင် စွမ်းဆောင် နိုင်တော့မှာ မဟုတ်ဘူး..
ဒါပေမယ့် စိတ်မပါသော်လည်း အမျိုးသမီး တစ်ဦး ကို လက်ထပ်ခဲ့တယ်.. ဟိုမို ဆိုတာကို ဘယ်သူမှ မသိအောင် ဖုံးဖို့ အတွက်ပေါ့...။
သူက တော့ Alan Turing ဆိုတဲ့ ဂရိတ်ဗြိတိန် က AI တို့ ရဲ့ ဖခင် ..
ကွန်ပျူတာ ရယ်ဆိုပြီး ဖြစ်လာစေတဲ့သူ တစ်ဦး... ဂျာမဏီ တို့ရဲ့ ၀ှက်စာ တွေကို Machine တစ်ခု နဲ့ ရအောင် ဖော်ထုတ်ပြီး ဒုတိယ ကမ္ဘာစစ်ကို အနိုင်ယူ စေလိုက်တာပဲ ဖြစ်တယ်..။
မှတ်ချက်
ကျွန်တော်တို့ ဟာ မျှတမှု တစ်ခုခု ရဖို့ အတွက် အမြဲ တမ်း ကျွန်တော်တို့ နှစ်သက်ခြင်း သိပ်မရှိလှတဲ့ အရာ တစ်ခု ကို ကြားခံနယ် အဖြစ် အသုံးပြုကို ပြုကြ ရတယ်..။
ခြေထောက် မရှိတော့ပေမယ့် ခြေထောက် အတုကြီး မကြိုက်သော်လည်း *မျှတမှု* အတွက် တပ်ဆင်ရတယ်.. ။
အမြင် ဆိုင်ရာ ကြည်လည်မှု မရှိတော့ပေမယ့် ပါဝါမျက်မှန်ကြီး မကြိုက်သော်လည်း *မျှတမှု* အတွက် တပ်ဆင်ရတယ်..။
ဆင်းရဲနိမ့်ပါး အမြဲ စော်ကားခံရတဲ့ ကောင်လေး တစ်ကမ္ဘာလုံး မုန်းမှာပဲ ဆိုပေမယ့် အားလုံးက အထင်မသေး ရဲ တဲ့ သူ ဆိုတဲ့ *မျှတမှု* အတွက် ရက်စက်ခဲ့တယ်..။
(ဟစ်တလာ နဲ့ပက်သက်ပြီး ကောင်းတယ်လို့ ဆိုလိုခြင်းမဟုတ်ပါ... သူ့ ဘ၀ရဲ့ မျှခြေ ကို သူရှာခဲ့ ပုံကို ဖော်ပြခြင်းပါ)..။
စစ်ကို နိုင်စေချင်လို့ မိမိမှာ ဟိုမို ဖြစ်နေသော်လည်း စိတ်မပါပေမယ့် စစ်နိုင်ရမယ်ဆိုတဲ့ *မျှတမှု* အတွက် မိန်းမ ယူလိုက် တဲ့ Alan Turing.။
ဆုံးဖြတ်ပါ
မိမိရဲ့ ပန်းတိုင် မိမိလိုချင်တဲ့ မျှခြေ တစ်ခုအတွက် ကြိုက်နှစ်သက်မှု မရှိတဲ့ ကြားခံနယ် တစ်ခုခု ကို အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်..။
အဲ့ဒီ ကြားခံနယ်ကို မကိုင်ဆုပ်ထားနိုင်ရင်တော့ သင်လိုချင်တဲ့ မျှခြေ တစ်ခု ကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး...။
-အားနည်းခြင်း မှ သန်မာခြင်းသို့
-မကြည်လင်မှု မှ ကြည်လင်မှု သို့
-နိမ့်ပါးမှု မှ အမြင့် သို့
-ရှုံးနိမ့်ခြင်း မှ အနိုင်ယူခြင်း သို့
ဆိုသော ဆိုသော မျှတ မှု တွေ အတွက် ဒီလို ကပ်သီးကပ်သတ်နိုင်သော မနှစ်သက်သော ကြားခံ နယ်တို့ ကို မကြိုက်သော်လည်း ခိုင်မြဲစွာ ဆုပ် ကိုင်ထားသင့်ပါပေသည် ဆိုတာ ပြောရင်းနဲ့ ပဲ နောက်နေ့မှ တွေ့တာပေါ့....။
Recommended for you-သင့်ကိုယ်ထဲက ချန်ပီယံကြီးကို လှုပ်နှိုးခြင်း!
Credit; saya htuntheinwin