Marketing

ကိုယ်ကမ၀ယ်နိုင်တာလား…….. သူကဈေးကြီးနေတာလား?

Read 4513 times
ကိုယ်ကမ၀ယ်နိုင်တာလား…….. သူကဈေးကြီးနေတာလား?

လွယ်လွယ်နဲ့ ကျွန်တော်ပြန်ရှင်းပေးပါ့မယ်။

အကယ်လို့ကျွန်တော်တို့ဝင်ငွေက တစ်လကို ၁သိန်းခွဲရတယ်ဆိုရင်၁သိန်း တန်တဲ့ အရာတစ်ခုကို အရမ်းဈေးကြီးတယ်လို့ပြောမှာပဲ ...

အကယ်လို့ကျွန်တော်တို့ဝင်ငွေက တစ်လကို ၁၅သိန်း ရတယ်ဆိုရင်၁သိန်းတန်တဲ့ အရာတစ်ခုကို သာမာန်ပဲ လို့ခံစားရလိမ့်မယ် ...

ဒါပေမဲ့ ထပ်ပြီးတော့ ကျွန်တော်တို့ဝင်ငွေက တစ်လကို သိန်း၁၅၀ ရှိတယ်ဆိုရင်၁သိန်းတန်တဲ့ အရာတစ်ခုကို ဈေးပေါတယ်လို့ ပြောမှာပါ ...

ကျွန်တော်တို့ ညည်းနေကျ ဈေးကြီးတယ်ဆိုတဲ့ စကားက ကျွန်တော်တို့ကိုယ်တိုင်ယူရမယ့် တာဝန်ကို တခြားသူပေါ်မှာ လွှဲလိုက်သလိုဖြစ်နေလားလို့ပြီးတော့ ကိုယ်ကိုတိုင် ကလဲဘာမှ မလုပ်တော့ပဲနဲ့

ဈေးကြီးတယ် ဈေးကြီးတယ် ဈေးကြီးတယ် ဆိုပြီး ထိုင်ပြီး ညည်းနေတတ်တယ် ...

တကယ်ဆိုရင် အဲ့ဒီဈေးကြီးတဲ့အရာကလဲ ဒီအတိုင်းရှိနေမှာပဲ ကျွန်တော်တို့ ကိုယ်တိုင်က ဝယ်နိုင်အောင် လုပ်ရမှာလေ သူများ(သို့) တခြားအရာကို အပြစ်မတင်ပါနဲ့..ကိုယ်ယူရမယ့်တာဝန်ကို တာဝန်ယူပါ

ဝင်ငွေမလောက်ဘူးမလား? မဝယ်နိုင်ဘူးမလား?

ဒါဆို ဒီလိုလုပ်ကိုယ်ကိုတိုင်ကို ဒီထက်ပိုတော်အောင်ကြိုးစားပါတခြားအသစ်အဆန်းတွေကို လုပ်ကြည့်ပါ ။အပိုဝင်ငွေကို ကြိုးစားပြီးရှာပါ

ကိုယ်အခုဈေးကြီးတယ်လို့ပြောတဲ့အရာကို ဈေးပေါလိုက်တာ လို့ပြောလို့ရအောင်ကြိုးစားပါ ...

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အလားတူပါပဲ

အင်ဂျင်နီယာကြီးဖြစ်ချင်တယ်၊ ဆရာဝန်ကြီးဖြစ်ချင်တယ်၊ ဘီလီယံနာကြီးဖြစ်ချင်တယ် စသဖြင့် ဖြစ်ချင်တာတွေပေါ့။

ဒီလိုအရာတွေကို ကျွန်တော်တို့ကပဲ ရအောင်မလုပ်နိုင်တာလား၊ အဲ့ဒါတွေကပဲ အရမ်းအလှမ်းဝေးနေလား ဆိုတာ ပြန်သုံးသပ်ကြည့်ပါ။

အဖြေကရှင်းရှင်းလေးပါနော်

ဒီအောင်မြင်မှုတွေက ကျွန်တော်တို့ မရယူနိုင်တဲ့အရာတွေမဟုတ်ပါဘူး။ ကြိုးစားမှုနဲ့သာ ရယူမယ်ဆိုရင် ဘာမဆိုရယူနိုင်ပါတယ်။

Recommeded for you-သင့်ကိုငွေကြေးအမြောက်အများရှာဖွေနိုင်စေမည့်ဝါသနာတွေကဘာတွေလဲ???

Source; Migael

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသောစာအုပ်များလည်းထွက်ရှိနေပါပြီးနော်...။

Directory Book 1