How To

နှစ်သစ်သင်္ကြန်မှာ ကျန်းကျန်းမာမာကဲနိုင်ရန်

Read 1473 times
နှစ်သစ်သင်္ကြန်မှာ ကျန်းကျန်းမာမာကဲနိုင်ရန်


(၁) အဝတ်အစား
သင်္ကြန်အပြင်ထွက်ပြီဟေ့ဆိုရင် နေဒဏ်၊ ရေဒဏ်တွေကို ခံရမှာအသေအချာပါပဲ။ နေပူပူမှာ အနက်ရောင်လို အပူစုပ်တဲ့ အရောင်တွေကို အဓိကထားရှောင်ကျဉ်သင့်ပါတယ်။ အတိုအပြတ်လေးတွေဝတ်တာက လွတ်လွတ်လပ်လပ်ရှိတယ်ဆိုပင်မဲ့ သင်ရဲ့ ဖြူဖွေးလှပတဲ့အသားအရေလေးကို ပျက်စီးသွားမှာပါ။ဒါကြောင့် တတ်နိုင်သမျှ နေရောင်ခြည်နဲ့တိုက်ရိုက်မထိမိစေရန် အတိုဝတ်မယ်ဆိုရင်လည်း အပေါ်ထပ်အကျီခပ်ပါးပါးလေး ထပ်ဝတ်သင့်ပါတယ်။
(၂) အစားအသောက်
အပြင်ထွက်ပြီဆိုတာနဲ့ လူတိုင်းစားသောက်ကြတော့မှာပါ။ သင်္ကြန်ဆိုတော့ ယမကာလေးက ပါလိုက်မှပြည့်စုံတယ်လို့ ထင်တတ်ကြပါတယ်။ ပျော်ပျော်နဲ့ သောက်ချင်ရာသောက်၊ စားချင်ရာစားမယ်ဆို ရင်တော့ သင်ဝမ်းဗိုက်လေးက လက်မခံဘူးနော်။ နေပူပူ၊ ရေစိုစိုနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အရမ်းတိုင်ပတ်တာ တွေးကြည့်ရုံနဲ့ ကြောချမ်းစရာပါ။ ဒါကြောင့် လျောက်လည်ရင်းနဲ့ တွေ့ကရာမစားကြဖို့ ဆင်ခြင်သင့်ပါတယ်။
(၃) ရေဓာတ်ခမ်းခြောက်နိုင်
လူတစ်ကိုယ်လုံးရေတွေရွဲရွဲစိုနေပင်မဲ့ နေပူဒဏ်က ပြင်းလွန်းတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်တွေခမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် ရေများများကို ခဏခဏသောက်ပေးဖို့ လိုပါတယ်။ (အရက်၊ဘီယာ ကိုမဆိုလိုပါ) ရေနဲ့ ဓာတ်ဆားပါတဲ့ အရာများများသောက်ပေးဖို့လိုပါတယ်။
(၄) နေလောင်ဒဏ်ကာကွယ်ပါ။

သင့်တော်တဲ့ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ် တွေလိမ်းပါ။ ကားနဲ့လည်မယ်ဆိုရင်လည်း နေပူကာဖို့ စောင်၊တဘက် စသည်တို့ဆောင်ထားပါ။ နေကာမျက်မှန် ၊ဦးထုပ်တို့ အဆင့်သင့်ဆောင်ပါ။

သင်္ကြန်ပိုးထလာရင် ဘာမှတားဆီးမရပေမဲ့ ကိုယ့်ကျန်းမာရေးကိုယ်သတိထားပြီး ပျော်ရွင်စရာကောင်းတဲ့ နှစ်သစ်ကို ကြိုဆိုကြပါစို့။
Source; Health products directory