Outdoor Advertising

လူသိများစေချင်တာလား...?ယုံကြည်မှုရှိစေချင်တာလား...?

Read 1566 times
လူသိများစေချင်တာလား...?ယုံကြည်မှုရှိစေချင်တာလား...?

ဒါပေမယ့် ယနေ့ ခေတ်မှာ လူအများစုက ကိုယ့်ထံ လာကြော်ငြာတဲ့ အမှတ်တံဆိပ်များကို မှတ်မိခြင်းနည်းလာကြပြီး

မိမိစိတ်ဝင်စားသောအမှတ်တံဆိပ်များအကြောင်းကိုသာ လေ့လာရန် စိတ်အားထက်သန်ကြပါတယ်။

မျက်စိရှေ့ မှာ ထင်းနေအောင်ပြသနေလျှင်တောင် အဆိုပါ ကြော်ငြာများကို လုံးဝမမြင်လုနီးပါးဖြစ်လာကြပါတယ်။

ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ကြော်ငြာစရိတ်က အလွန်ကြီးမားပေမယ့် ထိရောက်မှု နည်းလာခြင်းအတွက် အခက်တွေ့ ကြတယ်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ကြော်ငြာသည့်အခါတွင် တိကျတဲ့ ရည်ရွယ်ချက်၊ ပန်းတိုင်ထားရှိဖို့ အရေးကြီးတယ်။

လူသိများတာနဲ့ မလုံလောက်တော့ဘူး။ လူတွေကို ရည်ရွယ်ခြင်းထက် တိကျတဲ့ Target Segment ကို ကြော်ငြာခြင်းက ပိုထိရောက်ပါတယ်။

မဂ္ဂဇင်းကို ဖတ်တဲ့သူရဲ့ အသက်အရွယ်၊ နေရပ်၊ ကျားမ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာတို့ ကလည်း မတူညီကြပါဘူး။

ကိုယ့် ကြော်ငြာကို ဖတ်ရှုတဲ့ သူဟာ ကိုယ့်ရဲ့ ဖောက်သည်ဖြစ်နိုင်မှသာ ကြော်ငြာသူအတွက် ပိုမိုထိရောက်လာနိုင်မှာပါ။

 

ယုံကြည်မှုရှိအောင် ကြော်ငြာချင်တယ်ဆိုရင်

အမှတ်တံဆိပ် ကြော်ငြာတွေ ဟာ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုအလွယ်တကူမြင်ပြီး လူတွေက မှတ်မိပေမယ့် ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းရှိမရှိတော့ မသေချာပါဘူး။

ဝယ်သူတွေက အမှတ်တံဆိပ်အပေါ် စတင်ယုံကြည်မှုရှိတဲ့အခါမှာ ဝယ်သူက အခြားအမှတ်တံဆိပ်တွေ သုံးစွဲမှု နည်းပါးလာတယ်။

အဲဒီကနေတစ်ဆင့် ယုံကြည်မှုခိုင်မာသွားတဲ့အခါမှ ဒီ အမှတ်တံဆိပ်မှလွဲပြီး တခြားမသုံးစွဲတော့ဘူးပေါ့။

ယုံကြည်မှုတည်ဆောက်နိုင်တဲ့ အမှတ်တံဆိပ်တွေဟာ အချိန်တော်တော်ကြာ အောင်မြင်မှု ထိန်းသိမ်းထားနိုင်တဲ့ အမှတ်တံဆိပ်တွေ ဖြစ်လာကြပါတယ်။

ဒီလို ဖြစ်လာစေဖို့အတွက် ဝယ်သူတွေနဲ့ အမှတ်တံဆိပ်အကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုတယ်ဗျ။

ဝယ်သူတွေ သိလိုတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးခြင်း၊အခက်အခဲတွေ ကြုံလာတဲ့ အခါမှာလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ပေးပို့ ခြင်း၊စိတ်အပန်း ဖြေမှု ပေးနိုင်တဲ့ အကြောင်းအရာများ၊ ဗဟုသုတရဖွယ်ရာတွေကို ဖန်တီးတင်ဆက်ပေးဖို့လိုပါတယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေက မီဒီယာမဟုတ်တဲ့အတွက် ဒီလို ဖန်တီးဖို့ အခက်အခဲရှိတတ်သလို တစ်ဖက်မှာလည်း စာဖတ်သူတွေရဲ့ ယုံကြည်မှုက မီဒီယာအပေါ်မှာ ပိုတတ်သည်။

ဒါကြောင့် မီဒီယာတွေနဲ့ အမှတ်တံဆိပ်ပူးပေါင်းပြီး ဝယ်သူ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို အမှတ်တံဆိပ်တွေက ပေးတဲ့ အကြောင်းအရာတွေနဲ့ တွဲဖက်ပြီး တင်ဆက်လာကြ ပါတယ်။

အမှတ်တံဆိပ်အပေါ် ယုံကြည်မှုပိုမိုထားရှိလာစေဖို့ Branded Content လို့ခေါ်တဲ့ အမှတ်တံဆိပ်များမှ ပံ့ပိုးပေးတဲ့ အကြောင်းအရာတွေကို မီဒီယာတွေမှာ တင်ဆက်ခြင်းဖြင့် ကြော်ငြာနိုင်ပါတယ်။

မီဒီယာရှုထောင့်ကနေ တင်ဆက် ရန် လိုအပ်ပါတယ်ခင်ဗျာ...။

Recommended for you-Online လောကမှာ ချမ်းသာနိုင် မယ့် Skill 7 ခု

Source; Social Media