Events & Exhibitions

အမျိုးသမီးတည်ထောင်သူတွေ ပိုမိုအောင်မြင်မှုရရှိစေဖို့အတွက်

Read 2707 times
အမျိုးသမီးတည်ထောင်သူတွေ ပိုမိုအောင်မြင်မှုရရှိစေဖို့အတွက်

လူမှုအဖွဲ့အစည်းရဲ့အထောက်အပံ့နဲ့ အမျိုးသမီးတည်ထောင်သူတွေ ပိုမိုအောင်မြင်မှုရရှိစေဖို့အတွက် မျှော်လင့်ပြီး ဧပြီလ (၇) ရက်နေ့မှာ Women Entrepreneurship Meetup ဆိုတဲ့ပွဲကို လာမယ့် နေလည် ၆နာရီကနေ ၈နာရီထိ ၆၂၈/၆၃၆ ကုန်သည်လမ်းမှာရှိတဲ့ Royal River View Condo (၁၀လွှာ) မှာ ဖန်တီးရာက ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Women Entrepreneurship Meetup မှာ မပိုးဖြူသဲကကျောင်းတစ်ဖက်နဲ့ လုပ်ငန်းတည်ထောင်ခဲ့တဲ့အတွေ့အကြုံတွေ အခက်အခဲတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ပိုးဖြူသဲဟာ ဖေဖော်ဝါရီ ၂၀၁၇ ကစတင်တည်ထောင်ခဲ့တဲ့ LePinta Tech ရဲ့ CEO နဲ့ တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။

ဖန်တီးရာက စီစဉ်တဲ့ Founder Institute ကိုတက်ရောက်ဖို့ GeekGirlsMM ကနေ ပညာသင်ဆုရရှိခဲ့သူဖြစ်ပါတယ်။ Founder Institute ကနေ အောင်မြင်ပြီးမြောက်ခဲ့တဲ့ LePinta Tech လုပ်ငန်းဟာ စွန့်ဦးတည်ထွင်လုပ်ငန်းရှင်များစွာရဲ့ အားပေးချီးကျူးမှုကိုရရှိခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ အမြောက်အမြားပါဝင်ခဲ့တဲ့ Demo Day မှာလည်း "The Best Pitch of the Day" ဆုကိုရရှိခဲ့ပါတယ်။

အရောင်းအဝယ်သမားတွေ လေ့လာထားသင့်တဲ့ နည်းဗျူဟာ (၇)ချက်

ဒီဆွေးနွေးပွဲဟာ အမျိုးသမီးလုပ်ငန်းရှင်အချင်းချင်း အသိပညာတွေမျှဝေနိုင်မယ့် ပွဲဖြစ်ပြီး အမျိုးသမီးဦးဆောင်သော လုပ်ငန်းတွေဟာ အမျိုးသမီးဝန်ထမ်းခန့်အပ်မှုပိုမိုမြင့်မားစေနိုင်တဲ့အပြင် နိုင်ငံနဲ့ ကမ္ဘာ့ GDP ကိုမြင့်တက်ဖို့ အထောက်အကူပြုနိုင်မယ့်ပွဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ သင်ကလုပ်ငန်းလုပ်ကိုင်နေတယ်ဆိုရင် Women Entrepreneurship Meetup ကို တက်ရောက်ပြီး လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ Network တွေ ချဲ့ဖို့ နဲ့ အခြားသူတွေဆီက လေ့လာသင်ယူနိုင်ပါတယ်။

ဒီပွဲကို အခမဲ့ကျင်းပသွားမှာဖြစ်လို့ တက်ရောက်ချင်သူတွေအတွက် ဖုန်းနံပါတ် 09 260 072 463၊ Email: [email protected] နဲ့ http://bit.ly/MMWEM06 မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

Myanmar Advertising Directory