Life Hacks

yahoo တည်ထောင်သူ ထိုင်ဝမ်၊ အမေရိကန် နိုင်ငံသား

Read 331 times
yahoo တည်ထောင်သူ ထိုင်ဝမ်၊ အမေရိကန် နိုင်ငံသား

ဖခင်ဆုံးပါးသွာသောကြောင့် ၁၉၇၈ခုနှစ်မှာ အမေဖြစ်သူက ယန်းကိုခေါ်ဆောင်သွားပြီး အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးကို ပြောင်းရွှေ့လာပါတယ်။

ဆန်ဟိုဆေးမြို့မှာ အဘွား၊ ဆွေမျိုးတို့နဲ့အတူ နေထိုင်ခဲ့ပါတယ်။ ယန်းအနေနဲ့ အမေရိကန်ရောက်ရှိပြီး သုံးနှစ်အတွင်းမှာ အင်္ဂလိပ်စကား ကောင်းကောင်းပြောလာနိုင်ပါတယ်။

ယန်းဟာ ၄နှစ်အတွင်း စတန်းဖို့ဒ် တက္ကသိုလ်ကနေ လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်ကို Bachelorဘွဲ့နဲ့ မာစတာဘွဲ့နှစ်ခုစလုံးကို ရယူထားနိုင်ပါတယ်။ ၁၉၈၉ခုနှစ်မှာ ဒေးဗစ်ဖီလိုနဲ့ တွေ့ဆုံပါတယ်။ နောက်ပိုင်းသူတို့ နှစ်ဦးဟာ Yahoo ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။

၁၉၉၂ခုနှစ်မှာ ဒေးဗစ်ဖီလိုနဲ့ ဂျယ်ရီယန်းဟာ ခြောက်လကြာမြင့်မယ့် ကျောင်းသားလဲလှယ်ရေး ပရိုဂရမ်မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဂျယ်ရီယန်းအနေဲ့ အနာဂါတ် ဇနီးလောင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ယန်းဟာ ၁၉၉၄ခုနှစ်မှာ Yahoo! ကိုတည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ကနေ ၂၀၀၉ခုနှစ်အထိ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Yahoo! ကနေထွက်ခွာခဲ့ပြီး AME Cloud Ventures လို့အမည်ရတဲ့ Venture capital ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျယ်ရီယန်းဟာ ကော်ပိုရိတ်ဘုတ်တချို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Read-ဘီလီယံနာ ကြီးတွေ လုပ်ခဲ့သော တူညီတဲ့ အရာတစ်ခု

Source; Internet Journal