Life Hacks

ဘ၀ကို ပြောင်းလဲသွားစေမယ့် နည်းလမ်းလေးသွယ်

Read 1428 times
ဘ၀ကို ပြောင်းလဲသွားစေမယ့် နည်းလမ်းလေးသွယ်

 

၁။ အချိန်ကို ကန့်သတ်ပစ်ပါ

လူအများစုက ဒီနေ့ဘာလုပ်ရမယ် ၊ နောက်နေ့ဘာလုပ်ရမယ်.. အစရှိတဲ့ To-Do-List တွေ အများကြီးနဲ့ လုပ်လေ့ရှိကြပါတယ်။ လုပ်စရာအလုပ် စာရင်းတွေ တပုံကြီးနဲ့ နောက်ဆုံး ဂဃနဏပြည့်စုံအောင် အကုန်လည်း မလုပ်ဖြစ်ကြပါဘူး။

သင့်ရဲ့ ပြက္ခဒိန်မှာ ဒီနေ့ဘာတွေလုပ်မယ် ၊ နောက်နေ့ ဘာတွေလုပ်မယ်ဆိုပြီး တိတိကျကျ ကန့်သတ်ပစ်ပါ။ ပြီးတာနဲ့ တနေ့တာရဲ့ လုပ်စရာ ၃ ခုဆို အဲ့၃ ခုကိုပဲ အပြီးလုပ်ပါ။ ကျန်တာ ဘာမှ ခေါင်းထဲမထားပါနဲ့။ Facebook သုံးချိန်ဆို Facebook ပဲ သီးသန့်သုံးပါ။ ကန့်သတ်ထားပါ။ တရက်ကို ၄ ခု ကနေ ၅ ခုပဲ လုပ်သွားပါ။

ရုတ်တရက်ဖတ်လိုက်ရင် အရမ်းကို ရိုှးရှင်းပါတယ်။ သို့ပေမယ့် အရမ်းလဲ အကျိုးသက်ရောက်မှုအား ကြီးပါတယ်။

 

၂။ အရေးအကြီးဆုံး အလုပ်ကို အရင်စလုပ်ပါ

အလုပ်ရယ်လို့လုပ်လာကြပြီဆိုရင် လုပ်စရာတွေဟာ တောင်လိုပုံနေတတ်ပါတယ်။ အဲ့တော့ မလိုအပ်တာတွေ ၊ အရေးမပါတာတွေ အကုန်လုံးကို F—k off လုပ်ပလိုက်ပါ။ ဥပမာဆိုပါစို့ ကျွန်တော်က စာရေးဆရာပေါ့ဗျာ.. မနက်နိုးထတိုင်း ဘာမှမလုပ်ခင် အရင်ဆုံး ကျွန်တော်သာ တရက်ကို စာလုံးရေ ၁၀၀၀ ပြည့်အောင်ရေးမယ်ဆိုရင် ရက်တရာအတွင်းမှာ စာအုပ်တအုပ် ထုတ်လို့ရမှာပဲဖြစ်ပါတယ်။ (ကျွန်တော်လည်း အခုက စလုပ်ရတော့မယ်။)အဲ့တော့ ရက်တရက်မှာ အမြဲတမ်း အရေးအကြီးဆုံးကို အရင်လုပ်ပါ။

 

၃။ ချင့်ချိန်ပြီးတော့မှ အလုပ်မျိုးစုံကို လုပ်ပါ

အလုပ်တွေ မျိုးစုံအောင် လုပ်ခြင်းဟာ သိပ်အဆင်မပြေသလို အောင်မြင်ဖို့လည်းနည်းပါတယ်။ အလုပ်တိုင်းကို ထိရောက်မှုအားနည်းပါတယ်။ ကျွန်တော်တို့သာ အလုပ်တခုတည်းကို အာရုံအပြည့်စိုက်ပြီး လုပ်ကြမယ်ဆိုရင် သိပ်မကြာခင် အတွင်းမှာ အောင်မြင်မှာဖြစ်သလို ၊ အန္တရာယ်လည်းကင်းကြမှာဖြစ်ပါတယ်။

ဥပမာ - ကားမောင်းနေရင်း ဖုန်းဆက်ကာ ကော်ဖီလည်းသောက် ရေဒီယိုက သီချင်းနဲ့လဲ လိုက်က.. ကဲမြင်သာကြည့်ပေတော့… ။ အဲ့ဒါမျိုးဟာ သေမယ့်ကိန်းပါ။ နောက်.. စာဖတ်မယ်ဆိုရင် စာပဲ ဖတ်ပါ။ သီချင်းအမြူးအကြွကြီးတွေကို နားထောင်ရင်းစာဖတ်ရင်တော့ သေချာပါတယ်။ သီချင်းလဲ နားမထောင်ဖြစ်လိုက်သလို ၊ စာကိုလည်း သေချာမှတ်မိမှာ မဟုတ်ပါဘူး။

 

၎။ အဆင့်လိုက်ဆောင်ရွက်ခြင်း၏ စွမ်းအားကို အသုံးချပါ

အရာအားလုံးဟာ အဆင့်လိုက် ဖြစ်တည်နေတယ်လို့ မြင်ကြည့်လိုက်ပါ။ ကျွန်တော်တို့တွေ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေဟာလည်း အဆင့်လိုက် ဖြတ်ကျော်သွားရတာတွေချည်းပါပဲ ။ သင်ဟာ အင်ဂျင်နီယာ တယောက်ဆိုပါစို့… သင့်အနေနဲ့ အဆောက်ဦးတခုဆောက်ရင် ဖြစ်သလို တည်ဆောက်လို့ ရပါသလား?

ဘယ်ရမလဲ Foundation တွေ ၊ ပနက်တွေ အရင်လုပ်ရမှာပေါ့ဗျ ပြီးတော့မှ ဆလပ် လောင်း ၊ တိုင်တွေလုပ် ၊ အုတ်တွေ စီ … စသဖြင့် အဆင့်လိုက် လုပ်သွားရတယ်မလားဗျ။ အဲ့လိုပါပဲ ကျန်တဲ့ မည်သည့်ဘ၀ရဲ့ အစိတ်အပိုင်းမဆို အဆင့်လိုက် လုပ်ဆောင်သွားရတာပဲဖြစ်ပါတယ်။

ဒီ ၄ ချက်နဲ့ဆိုရင် ကျွန်တော်တို့တွေ ဘယ်အလုပ်ကို မဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။ လွယ်ပါတယ်နည်းတွေက… လွယ်လွန်းပေမယ့်လည်း လူတွေက လိုက်မလုပ်ကြလို့ အောင်မြင်သူတွေဟာ အင်မတန်နည်းနေရတာပါ။ ကဲ...လူငယ်တွေ ကြိုးစားကြည့်လိုက်ရအောင်......

 

 

Credit;Lungemedia