Local

Ganad Myanmar မှ OOH ပရိသတ်များကို တိုင်းတာရန် LMX Platform စတင်မိတ်ဆက်

Read 1624 times
Ganad Myanmar မှ OOH ပရိသတ်များကို တိုင်းတာရန် LMX Platform စတင်မိတ်ဆက်

 

Ganad အနေနဲ့ သူတို့ရဲ့ ဒီဂျစ်တယ်ကြော်ငြာ များ ၊ လက်လီ ဆိုင်များရှိကြော်ငြာများ ၊ ကားဂိတ် , သင်္ဘောဂိတ် , ရထားဘူတာ များရှိ ကြော်ငြာများ ၊ မိရိုးဖလာ ကြော်ငြာ များ ရှိ လေ့လာချက်များကို အခြေခံကာ စားသုံးသူတွေရဲ့ အကြိုက်လိုက်နိုင်သော လုပ်ငန်းဆောင်တာများလုပ်နိုင်တော့မည်ဖြစ်ပါသည်။

 

ထို့အပြင် ထပ်လောင်း Ganad သည်အော်တိုတင်ဆက်မှု၊ကြိုတင်ဘိုကင်များပြုလုပ်ခြင်းနှင့်ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်များကိုအလိုအလျောက်ပြုလုပ်နိုင်တော့မှာပါ။LMX Registry နဲ့ LMX Deals ပလက်ဖောင်းများမှာ Ganad ကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နိုင်ငံများဖြစ်တဲ့ စင်င်္ကာပူနိုင်ငံ ၊ လန်ဒန်မြို့ ၊ တိုကျိုမြို့နဲ့ နယူးယောက်မြို့ စတဲ့မြို့များအတိုင်းတိကျတဲ့တိုင်းတာချက်ကိုပေးမယ်သိရပါတယ်။ထိုသို့တိကျတဲ့ တိုင်းတာချက်တွေက နေအိမ်ပြင်ပကြော်ငြာ တဲ့ လူတွေအတွက်အရေးပါပြီးအရာရောက်မှုရှိမှာပါ။

 

Deloitte လုပ်ငန်းစုရဲ့ ပြောကြားချက်အရ '' မြန်မာပြည်ရဲ့ ဒီဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ စည်းပွားရေးနယ်ပယ်က အခုမှဖွံဖြိုးဆဲအနေအထားမှာ ရှိပါသေးတယ် ထို့အတူ လက်ကိုင်ဖုန်းနဲ့ အင်တာနက်အသုံးပြုမှုတွေကလည်း မငြိမ်သက်သေးပါဘူး အရှေ့တောင်အာရှရဲ့ စီးပွားရေးနယ်ပယ်စုံကို ဝင်ဖို့ နီးကပ်နေပြီဖြစ်ပေမယ့်လုပ်ဆောင်နေရစဲပါ ထိုလိုအချိန်မှာ ကိုယ့်ကြော်ငြာတွေရဲ့ ပရိသတ်အချက်အလက်ကို သိရှိနိုင်မယ်ဆိုတာ တကယ့်ကို သတင်းကောင်းပါပဲတဲ့ ။ ''

 

Ganad မှ အမှုဆောင်ချုပ်ဖြစ်သူ Thomas Day ပြောကြားချက်အရ '' အကယ်၍မြန်မာပြည်ရဲ့ နေအိမ်ပြင်ပကြော်ငြာနယ်ပယ်ဟာ ဒီဂျစ်တယ်နဲ့ ပေါင်းမယ်ဆို အတော်လေး ကောင်းမွန်တဲ့ အပြောင်း အလဲ တစ်ခုဖြစ်နေမှာပါ သည့်ထက်ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့ ၂၀၂၁ မှာ စားသုံးသူတွေရဲ့ အချက်အလက်တွေကို တိကျစွာတိုင်းတာနိုင်ဖို့ ဆက်လက်အားထုတ် လုပ်ဆောင်နေပါတယ်လို့ပြောကြားထားပါတယ်။ ''

 

ထို့အပြင် Moving Walls လုပ်ငန်းစုမှ CEO ဖြစ်သူ Srikanth Ramachandran ပြောကြားချက်ကတော့ '' ဒီအရာက အေဂျင်စီတွေတော်တော်များများရှေ့ဆက်ရမည့်လုပ်ငန်းစဉ်တွေချနိုင်တဲ့ အရာဖြစ်မှာပါ ထို့အတူ စင်ကာပူမှ နေအိမ်မှ အလုပ်လုပ်နေကြတဲ့ ကြော်ငြာ ရှင်တွေကလည်း မြန်မာမှ စားသုံးသူတွေရဲ့ အချက် အလက်တွေကို ဝယ်ယူဖို့ စိတ်အားထက်သန်နေကြတာတွေ့ရပါတယ် ဆိုကာပြောကြားခဲ့ပါတယ်။

 

Source From MarketingInAsia