Events & Exhibitions

မြန်မာစွန့်ဦးတီထွင်သူများ၊ ဒီဇိုင်နာ၊ Maker များနဲ့မိတ်ဆက်ပေးမယ့် Crowdfunding Meetup

Read 1866 times
မြန်မာစွန့်ဦးတီထွင်သူများ၊ ဒီဇိုင်နာ၊ Maker များနဲ့မိတ်ဆက်ပေးမယ့် Crowdfunding Meetup

Crowdfunding ဆိုတာကတော့ fund ပေးမယ့် သူတွေနှင့် ချိတ်ဆက်ပူးပေါင်းပြီး၊ ပရောဂျက် idea တွေကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ Crowdfunding ရဲ့ ကောင်းကျိုးတွေထဲက တစ်ခုကတော့ ထုတ်ကုန်တစ်ခုကို အချောသပ် ထုတ်လုပ်ပြီးစရာမလိုဘဲ pre-order စနစ်နှင့် customer တွေဆီက ဝယ်လိုအားတွေတက်လာအောင် စေ့ဆော်နိုင်ခြင်းပဲဖြစ်ပါတယ်။

ဒီ meetup မှာတော့ မတူညီတဲ့ Crowdfunding အမျိုးအစားတွေအကြောင်းနှင့် အကျိုးကျေးဇူးတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီပွဲရဲ့ speaker ဖြစ်တဲ့ ကျော်က Crowdfunding နှင့် ပတ်သက်တဲ့ သူ့အတွေ့အကြုံတွေအကြောင်း၊ ယခင်က နိုင်ငံ ၁၃ ခုမှာရှိတဲ့ သူ့ customer တွေအတွက် သူတင်သွင်းရောင်းချခဲ့တဲ့ ထုတ်ကုန် ၃မျိုး အကြောင်းနှင့် မအောင်မြင်ခဲ့တဲ့ ထုတ်ကုန်တွေအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

တနင်္ဂနွေရုံးပိတ်ရက်မှာငွေနည်းနည်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါသလား

ဒါ့အပြင် တက်ရောက်သူတွေအနေနှင့် မိမိစိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်မယ့် crowdfunding workshop series တွေမှာ ပါဝင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် crowdfunding အကြောင်းကို လေ့လာရင်း၊ ကိုယ်နဲ့ စိတ်တူကိုယ်တူ မိတ်ဆွေသစ်တွေနှင့် တွေ့ဆုံနိုင်ဖို့ မေလ ၂၇ရက်နေ့ ၆နာရီမှာ ဖန်တီးရာက ပြုလုပ်ပေးမယ့် ဒီပွဲလေးကို တက်ရောက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Crowdfunding ရဲ့ ကောင်းကျိုးတွေထဲက တစ်ခုကတော့ ထုတ်ကုန်တစ်ခုကို အချောသပ် ထုတ်လုပ်ပြီးစရာမလိုဘဲ pre-order စနစ်နှင့် customer တွေဆီက ဝယ်လိုအားတွေတက်လာအောင် စေ့ဆော်နိုင်ခြင်းပဲဖြစ်ပါတယ်။ တက်ရောက်ချင်သူတွေအနေနဲ့ http://bit.ly/2QaMOb7 ၊ ဖုန်းနံပါတ် 09260072463 ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

Source;Phandeeyar
Myanmar Advertising Directory